Local News

ရွှေရောင်းဝယ်သူတိုင်းလိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်

စစ္တပ္ႏွင့္ေရႊအသင္းပူးေပါင္းၿပီး ေရႊေဈးကြက္ကို ထိန္းခ်ဳပ္၊ ေရႊေရာင္းဝယ္သူတိုင္းလိုက္နာရမည့္ အခ်က္ ၇ ခ်က္ ထုတ္ျပန္ၿပီး မလိုက္နာလၽွင္ အေရးယူမည္ဟုၿခိမ္းေျခာက္၊ ေရႊကုန္သည္ႏွင့္ေရႊဆိုင္ပိုင္ရွင္တခ်ိဳ႕ကို စသုံးလုံးက ေခၚယူစစ္ေဆး

ရန္ကုန္၊ ေမ ၁၇

အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ေရႊလုပ္ငန္းရွင္မ်ားအသင္းတို႔ ပူးေပါင္းၿပီး ေရႊေရာင္းသူႏွင့္ေရႊဆိုင္မ်ား လိုက္နာရမည့္ စည္းကမ္း ၇ ခ်က္ ထုတ္ျပန္လိုက္ၿပီး လက္ရွိတြင္ ေရႊကုန္သည္ႏွင့္ေရႊဆိုင္ပိုင္ရွင္တခ်ိဳ႕ကို အထူးစုံစမ္းစစ္ေရးဦးစီးဌာနက ေခၚယူစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေရႊကုန္သည္မ်ားထံမွ သိရွိရသည္။

အေခါက္ေရႊမ်ားကို စီးပြားျဖစ္ အဓိက ေရာင္းဝယ္ေနသည့္ ရန္ကုန္တိုင္းေရႊုလုပ္ငန္းရွင္အသင္းက ေရႊဆိုင္ႏွင့္ ေရႊကုန္သည္မ်ား လိုက္နာရမည့္ အခ်က္ ၇ ခ်က္ကို စစ္တပ္ႏွင့္ပူးေပါင္း၍ ထုတ္ျပန္ၿပီး အဆိုပါ အခ်က္မ်ားတြင္ ေရႊဆိုင္ႏွင့္ေရႊကုန္သည္မ်ား အေရာင္းအဝယ္ လိုင္စင္လုပ္ရန္၊ အေခါက္ေရႊ ေရာင္းဝယ္သူမ်ား ျပဳလုပ္သူမ်ား လိုင္စင္ျပဳလုပ္ထားရန္၊

လူမႈကြန္ရက္ႏွင့္အြန္လိုင္းမွ ေရႊအေရာင္း အဝယ္လုပ္ေနေသာ လိုင္စင္မရွိသူမ်ားကို အေရးယူရန္ ၊ အေခါက္ေရႊ အတုံးအခဲ ေရာင္းဝယ္ေနသူမ်ားကို မွန္ကန္စြာစာရင္းျပဳစုရန္၊ ေရႊအေရာင္းအဝယ္ ဇယား မွန္ကန္တိက်စြာ ျဖည့္ရန္၊ ေရႊအသင္းေဈးကြက္မွ အပ အျခားေနရာတြင္ ေရာင္းဝယ္ျခင္းမျပဳရန္ႏွင့္နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္ျခင္း မျပဳရန္၊ လိုက္နာျခင္းမရွိသူမ်ားကို ဥပေဒအရ အေရးယူရန္ ေရႊအသင္းက ထုတ္ျပန္ထားသည္။

“ေရႊဘုံသာလမ္း ရန္ကုန္တိုင္းေရႊအသင္း႐ုံးမွာ စသုံးလုံးက လာထိုင္ေနတယ္။ အခုက ေရႊအသင္းက လူေတြကလည္း စစ္တပ္အလိုက် လုပ္ေနရပဲ။ သူတို႔အေနအစားေခ်ာင္ဖို႔အတြက္ပဲ စစ္တပ္ အျမင္ၾကည္ဖို႔ လုပ္ေနတာ။

တကယ္က ေရႊေဈးက သူတို႔သတ္မွတ္တဲ့ေဈးနဲ႔ အျပင္ေပါက္ေဈးကြာဟေနတယ္။ သူတို႔သတ္မွတ္ေဈးနဲ႔လည္း ဘယ္သူမွ မေရာင္း မဝယ္ဘူး။ ေရႊကုန္သည္တခ်ိဳ႕ စသုံးလုံးက ေခၚစစ္တာလည္းရွိတယ္။

ဖမ္းတာေတာ့မဟုတ္ဘူး။ စစ္တာ။ ေနာက္မွ အမႈရွာဖမ္းရင္ေတာ့မသိဘူး။ ေရႊအသင္းဆိုတာကလည္း အနီေခတ္ဆို လိုက္နီၿပီး အစိမ္းေခတ္ဆို လိုက္စိမ္းတာပဲ။ အဓိက ေရႊေဈးကြက္အက်ိဳးထက္ သူတို႔ အေနအစားေခ်ာင္ဖို႔နဲ႔ ေဈးကြက္ကေတာ့ သူတို႔လည္း ေနာက္ကြယ္မွာ လက္ သိပ္ထိုးလုပ္ေနၾကတာပဲ။ သူတို႔သတ္မွတ္တဲ့ေဈးအတိုင္း ေရႊအသင္းကလူေတြ ေရာင္းေပးမလားလို႔ ေမးၾကည့္ေပးပါလား” ဟု ေရႊကုန္သည္တစ္ဦးက သုံးသပ္ေျပာဆိုသည္။

လက္ရွိတြင္ အေခါက္ေရႊတစ္က်ပ္သား ေငြက်ပ္ သိန္း ၂၀ ဝန္းက်င္ရွိေနၿပီး ေဈးကြက္တြင္ ေရႊလိုသေလာက္ဝယ္မရ ေၾကာင္း၊ ေရႊဝယ္လိုပါက သတ္မွတ္ေဈးထက္ မ်ားစြာ ပိုေပးရၿပီး ေမွာင္ခိုေဈးကြက္ဆန္ဆန္ ဝယ္ယူရေၾကာင္း၊ ေရာင္းသူနည္းပါးေၾကာင္း သိရွိရသည္။

Zawgyi

စစ်တပ်နှင့်ရွှေအသင်းပူးပေါင်းပြီး ရွှေဈေးကွက်ကို ထိန်းချုပ်၊ ရွှေရောင်းဝယ်သူတိုင်းလိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်ဟုခြိမ်းခြောက်၊ ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်တချို့ကို စသုံးလုံးက ခေါ်ယူစစ်ဆေး

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက်စစ်ကောင်စီနှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ရွှေရောင်းသူနှင့်ရွှေဆိုင်များ လိုက်နာရမည့် စည်းကမ်း ၇ ချက် ထုတ်ပြန်လိုက်ပြီး လက်ရှိတွင် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်တချို့ကို အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရွှေကုန်သည်များထံမှ သိရှိရသည်။

အခေါက်ရွှေများကို စီးပွားဖြစ် အဓိက ရောင်းဝယ်နေသည့် ရန်ကုန်တိုင်းရွှေုလုပ်ငန်းရှင်အသင်းက ရွှေဆိုင်နှင့် ရွှေကုန်သည်များ လိုက်နာရမည့် အချက် ၇ ချက်ကို စစ်တပ်နှင့်ပူးပေါင်း၍ ထုတ်ပြန်ပြီး အဆိုပါ အချက်များတွင် ရွှေဆိုင်နှင့်ရွှေကုန်သည်များ အရောင်းအဝယ် လိုင်စင်လုပ်ရန်၊ အခေါက်ရွှေ ရောင်းဝယ်သူများ ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားရန်၊

လူမှုကွန်ရက်နှင့်အွန်လိုင်းမှ ရွှေအရောင်း အဝယ်လုပ်နေသော လိုင်စင်မရှိသူများကို အရေးယူရန် ၊ အခေါက်ရွှေ အတုံးအခဲ ရောင်းဝယ်နေသူများကို မှန်ကန်စွာစာရင်းပြုစုရန်၊ ရွှေအရောင်းအဝယ် ဇယား မှန်ကန်တိကျစွာ ဖြည့်ရန်၊ ရွှေအသင်းဈေးကွက်မှ အပ အခြားနေရာတွင် ရောင်းဝယ်ခြင်းမပြုရန်နှင့်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ခြင်း မပြုရန်၊ လိုက်နာခြင်းမရှိသူများကို ဥပဒေအရ အရေးယူရန် ရွှေအသင်းက ထုတ်ပြန်ထားသည်။

“ရွှေဘုံသာလမ်း ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ စသုံးလုံးက လာထိုင်နေတယ်။ အခုက ရွှေအသင်းက လူတွေကလည်း စစ်တပ်အလိုကျ လုပ်နေရပဲ။ သူတို့အနေအစားချောင်ဖို့အတွက်ပဲ စစ်တပ် အမြင်ကြည်ဖို့ လုပ်နေတာ။

တကယ်က ရွှေဈေးက သူတို့သတ်မှတ်တဲ့ဈေးနဲ့ အပြင်ပေါက်ဈေးကွာဟနေတယ်။ သူတို့သတ်မှတ်ဈေးနဲ့လည်း ဘယ်သူမှ မရောင်း မဝယ်ဘူး။ ရွှေကုန်သည်တချို့ စသုံးလုံးက ခေါ်စစ်တာလည်းရှိတယ်။

ဖမ်းတာတော့မဟုတ်ဘူး။ စစ်တာ။ နောက်မှ အမှုရှာဖမ်းရင်တော့မသိဘူး။ ရွှေအသင်းဆိုတာကလည်း အနီခေတ်ဆို လိုက်နီပြီး အစိမ်းခေတ်ဆို လိုက်စိမ်းတာပဲ။ အဓိက ရွှေဈေးကွက်အကျိုးထက် သူတို့ အနေအစားချောင်ဖို့နဲ့ ဈေးကွက်ကတော့ သူတို့လည်း နောက်ကွယ်မှာ လက် သိပ်ထိုးလုပ်နေကြတာပဲ။ သူတို့သတ်မှတ်တဲ့ဈေးအတိုင်း ရွှေအသင်းကလူတွေ ရောင်းပေးမလားလို့ မေးကြည့်ပေးပါလား” ဟု ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်း ၂၀ ဝန်းကျင်ရှိနေပြီး ဈေးကွက်တွင် ရွှေလိုသလောက်ဝယ်မရ ကြောင်း၊ ရွှေဝယ်လိုပါက သတ်မှတ်ဈေးထက် များစွာ ပိုပေးရပြီး မှောင်ခိုဈေးကွက်ဆန်ဆန် ဝယ်ယူရကြောင်း၊ ရောင်းသူနည်းပါးကြောင်း သိရှိရသည်။