Local News

ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရ

ရန်ကုန်မှရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရ

စောနွေဦး/People’s Spring

စစ်ကောင်စီက ရွှေလုပ်ငန်းရှင် ကိုး ဦးခန့်ကို ယနေ့ ဖမ်းဆီးလိုက်ကြောင်းရွှေလုပ်ငန်းရှင်များထံမှသိရသည်။

မည့်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်းလည်း ရွှေလုပ်ငန်းရှင်များကပြောသည်။

သိုသော်ဖမ်းဆီးခံရသူများထံမှရွှေလုပ်ငန်းရှင်တစ်ဦးကို အိန္ဒိယသို့ စစ်ကောင်စီ၏ ခွင့်ပြုချက်မရဘဲ ရွှေမှောင်ခိုတင်ပို့ခြင်းကြောင့်ဟုစွပ်စွဲကာဖမ်းဆီးခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဖမ်းခံရသည့် ရွှေလုပ်ငန်းများသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဝင်များဖြစ်သည်ဟုလည်း သိရသည်။ အဆိုပါအသင်းသည်အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအလိုကျ ရွှေဈေးထိန်းချုပ်ခြင်း၊ဈေးကွက်ထိန်းချုပ်ခြင်းကို တက်ကြွစွာဆောင်ရွက်ပေးနေသည့် အသင်းဖြစ်ကြောင်းလည်းရွှေလုပ်ငန်းရှင်များကပြောသည်။

ရွှေလုပ်ငန်းရှင်အချို့ အားဖမ်းဆီးသည့် သတင်းကိုအပြင်မပေါက်ကြားစေရန် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များနှင့် ဖမ်းဆီးခံရသူမိသားစုများကို ခြိမ်းခြောက်ထားကြောင်းလည်းစုံစမ်းသိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ရွှေဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်စေရန်ယနေ့ဆွေးနွေးခဲ့ကြောင်းအသင်း၏ ဖေစ်ဘွခ်တွင် မွန်းလွှဲတစ်နာရီကျော်တွင်သတင်းထုတ်ပြန်သည်။လုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုမှာအဆိုပါအစည်းအဝေးမတိုင်ခင်လား၊

အစည်းအဝေးပြီးမှလားဆိုသည်ကိုမူ မသိ့ရသေးပေ။ မေလ ၁၆ ရက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကဖွင့်သောရွှေဈေးမှာအကယ်ဒမီမင်းလင်းရွှေတစ်ကျပ်သားလျှင် ၂၀၃၅၀၀၀ ကျပ်(နှစ်ဆယ်သိန်းသုံးသောင်းငါးထောင်ကျပ်)ဖြစ်သည်။

ယခုရက်ပိုင်းတွင် ရွှေအသင်းကဖွင့်သောရွှေဈေးမှာ ပြင်ပအမှန်တစ်ကယ်ပေါက်ဈေးထက်နည်းနေပြီး ဆိုင်များတွင် ထိုနှုန်းဖြင့်ဝယ်ယူရန်ခက်ခဲသည်။

မည်သည့်အကြောင်းဖြင့်ဖြစ်စေရွှေဈေးတက်လျှင်စစ်ကောင်စီက လုပ်ငန်းရှင်များကိုဖမ်းဆီးခြင်း၊ခေါ်ယူစစ်ဆေးခြင်း၊ခြိမ်းခြောက်ခြင်းစသောနည်းလမ်းများဖြင့်ဈေးကျအောင်လုပ်လေ့ရှိကြောင်းလုပ်ငန်းရှင်အချို့ကပြောသည်။

ရန္ကုန္မွေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ဖမ္းဆီးခံရ

ေစာႏြေဦး/Peoples Spring

စစ္ေကာင္စီက ေ႐ႊလုပ္ငန္းရွင္ ကိုး ဦးခန႔္ကို ယေန႕ ဖမ္းဆီးလိုက္ေၾကာင္းေ႐ႊလုပ္ငန္းရွင္မ်ားထံမွသိရသည္။

မည့္သည့္ အေၾကာင္းျပခ်က္ျဖင့္ ဖမ္းဆီးသည္ကို မသိရွိရေသးေၾကာင္းလည္း ေ႐ႊလုပ္ငန္းရွင္မ်ားကေျပာသည္။

သိုေသာ္ဖမ္းဆီးခံရသူမ်ားထံမွေ႐ႊလုပ္ငန္းရွင္တစ္ဦးကို အိႏၵိယသို႔ စစ္ေကာင္စီ၏ ခြင့္ျပဳခ်က္မရဘဲ ေ႐ႊေမွာင္ခိုတင္ပို႔ျခင္းေၾကာင့္ဟုစြပ္စြဲကာဖမ္းဆီးျခင္းျဖစ္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

အဖမ္းခံရသည့္ ေ႐ႊလုပ္ငန္းမ်ားသည္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဝင္မ်ားျဖစ္သည္ဟုလည္း သိရသည္။ အဆိုပါအသင္းသည္အၾကမ္းဖက္စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီအလိုက် ေ႐ႊေဈးထိန္းခ်ဳပ္ျခင္း၊ေဈးကြက္ထိန္းခ်ဳပ္ျခင္းကို တက္ႂကြစြာေဆာင္႐ြက္ေပးေနသည့္ အသင္းျဖစ္ေၾကာင္းလည္းေ႐ႊလုပ္ငန္းရွင္မ်ားကေျပာသည္။

ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ အားဖမ္းဆီးသည့္ သတင္းကိုအျပင္မေပါက္ၾကားေစရန္ စစ္ေကာင္စီက ေ႐ႊလုပ္ငန္းရွင္မ်ားႏွင့္ ဖမ္းဆီးခံရသူမိသားစုမ်ားကို ၿခိမ္းေျခာက္ထားေၾကာင္းလည္းစုံစမ္းသိရသည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း႐ုံးတြင္ ေ႐ႊေဈးကြက္ႏွင့္ေဈးႏႈန္းတည္ၿငိမ္ေစရန္ယေန႕ေဆြးႏြေးခဲ့ေၾကာင္းအသင္း၏ ေဖစ္ဘြခ္တြင္ မြန္းလႊဲတစ္နာရီေက်ာ္တြင္သတင္းထုတ္ျပန္သည္။လုပ္ငန္းရွင္အခ်ိဳ႕ဖမ္းဆီးခံရမႈမွာအဆိုပါအစည္းအေဝးမတိုင္ခင္လား၊

အစည္းအေဝးၿပီးမွလားဆိုသည္ကိုမူ မသိ့ရေသးေပ။ ေမလ ၁၆ ရက္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းကဖြင့္ေသာေ႐ႊေဈးမွာအကယ္ဒမီမင္းလင္းေ႐ႊတစ္က်ပ္သားလွ်င္ ၂၀၃၅၀၀၀ က်ပ္(ႏွစ္ဆယ္သိန္းသုံးေသာင္းငါးေထာင္က်ပ္)ျဖစ္သည္။

ယခုရက္ပိုင္းတြင္ ေ႐ႊအသင္းကဖြင့္ေသာေ႐ႊေဈးမွာ ျပင္ပအမွန္တစ္ကယ္ေပါက္ေဈးထက္နည္းေနၿပီး ဆိုင္မ်ားတြင္ ထိုႏႈန္းျဖင့္ဝယ္ယူရန္ခက္ခဲသည္။

မည္သည့္အေၾကာင္းျဖင့္ျဖစ္ေစေ႐ႊေဈးတက္လွ်င္စစ္ေကာင္စီက လုပ္ငန္းရွင္မ်ားကိုဖမ္းဆီးျခင္း၊ေခၚယူစစ္ေဆးျခင္း၊ၿခိမ္းေျခာက္ျခင္းစေသာနည္းလမ္းမ်ားျဖင့္ေဈးက်ေအာင္လုပ္ေလ့ရွိေၾကာင္းလုပ္ငန္းရွင္အခ်ိဳ႕ကေျပာသည္။