ရန်ကုန်၊ မေ ၁၇
သမိုင်းလမ်းဆုံမှ အသစ်ဆောက်လုပ်သည့် လုံခြုံရေးဘန်ကာထဲသို့ နံနံသီးပစ်သွင်းသွား၊ ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိပြီး တေဆုံးမှုများရှိ
ရန်ကုန်၊ မေ ၁၇
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ သမိုင်းလမ်းဆုံတွင် စစ်တပ်က အသစ်ဆောက် လုပ်ထားသော လုံခြုံရေးဘန်ကာ ထဲသို့ နံနံသီးပစ်သွင်းပြီး
ပစ်ခတ်မှုများ လုပ် ဆောင်သဖြင့် ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ ရဲဘက်မှ တေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်
မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကျော်အချိန်တွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကာ
တေဆုံးမှုများရှိကြောင်း၊ မျက်မြင်တချို့ကမူ ရဲ ၄ ဦးဒဏ်ရာရရှိကြောင်း ပြောဆိုကြသည်
အက်ရှင်ကားဆန်ဆန်ပဲဗျ အဖြစ်အပျက်ကတော့ မြင်ရတာလေ။ ဟိုဘက်က လာပစ်တာ အနီးကပ်ပဲ ဟု မျက်မြင်တစ်ဦးက ပြောသည်
ဓာတ်ပုံ- ယနေ့ ပစ်ခတ်မှုဖြစ်ပြီးနောက် သမိုင်းလမ်းဆုံ ရဲကင်းကို အခြေအနေမြင်တွေ့ရစဉ် Crd- Khit Thit