facebook သုံးနေတဲ့ မိန်းကလေးများ ဖတ်ထားသင့်တဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ပါ
fbသုံးနေ တဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည် …. ။
တစ်နေ့ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု
မက်ဆင်ဂျာကနေညီမလေး အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။
အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။
ရုပ်ဖြောင့်သလောက် အပြော ကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာဖုန်းကို
ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။ ”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။
ခနလောက်ငိုင်နေပြီးမှကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ် ။
“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ်
ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ်
ကျမယောကျား လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး
ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီး အမှန်ကို
ချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့
နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီ
ကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။
သူ့ကတော့ ကျမကိုသိပ်ပြီးဂရုမစိုက်နိုင်ပါဘူးယာတော နဲ့အိမ် ကူးနေတာနဲ့
သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။ ထင်ထားတဲ့အတိုင်းမျှော်လင့်ထားတဲ့အတိုင်း
သူက ကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။
ကျမအဖြေကိုတော့မပြောတော့ပါဘူးသူကတစ်ဆင့်တက်လာပါတယ်
ကန်တော့ပါရှင်လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ်တစ်ခွခွပြောလာပါတယ်။
ကျမအဖြေကိုတော့မပြောတော့ပါဘူးသူကတစ်ဆင့်တက်လာပါတယ်
ကန်တော့ပါရှင်လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ်တစ်ခွခွပြောလာပါတယ်။
အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတော့တယ်။
နောက်ဆုံးတော့အပြင်မှာတွေ့ချင်တယ်တဲ့။ကျမယောက်ျားနဲ့သားလေးမျက်နှာကို
ဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောကျ်ားကကျမကို သိပ်ချစ်ရှာပါတယ်။
သူရှာဖွေထားသမျှ ကျမကိုအကုန်အပ်တယ်။ ကျမပျင်းနေမှာစိုးလို့ဆိုပြီး
ဖုန်းကိုတောင်သူမကိုင်ဘဲကျမကိုပဲပေးကိုင်ရှာတာပါ။
ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့သိန်းနှစ်ဆယ်လောက်စုမိနေပါပြီ။
ဒါနဲ့ပဲမဖြစ်နိုင်ဘူး ထင်ပါတယ်ရှင် ဆိုပြီးငြင်းဆန်လိုက်မိပါတယ်။
သူကစိတ်မဆိုးတဲ့အပြင်မိန်းကလေးပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီးပြောလာပါတယ်။
တစ်နေ့မှတော့ကျမယောကျ်ားဝါးတောသွားတဲ့နေ့သူ့ ဖုန်းဝင်လာပါတယ်။
သူ ကျမတို့ ရွာထိပ်မှာရောက်နေတယ်တဲ့တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့
ခနလေးတွေ့ပါရစေတဲ့မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့
ကျမသားလေးအိပ်မောကျ ချိန်မှာသွားတွေ့ဖြစ်ခဲ့ပါတယ်။
ဘယ်လိုမှပြင်မရတော့တဲ့အမှားပါပဲမ ကျမ်းကျေလွန်းလှတဲ့ သူ့လက်တွင်းမှာ
သူပြသမျှ နုခဲ့မိပါတော့တယ်။ လင်မေ့ သားမေ့နဲ့မိုးလင်းခါနီးမှ အိမ်ပြန်ဖို့သတိရပါတော့တယ်။
သူမ ကိုသူက “ကလေး”ကျမကသူကို “မောင်”ဆိုပြီးအခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့အထိပါပဲ။
ကျမ နောင်တမရပါဘူးအိမ်ကဟာကြီးလည်းအားမနာတော့ပါဘူး
ကျမဘဝမှာ မောင်မှမောင်ပါပဲ နောက်တစ်နေ့မောင်က
မက်ဆင်ဂျာကနေကျမကမောင့်ပါးလေးကို နမ်းနေတဲ့ ပုံ လေးတစ်ပုံပို့တယ်။
နောက်တစ်ပုံ မောင်က ကျမ နှုတ်ခမ်းလေးကို နမ်းနေတဲ့ ပုံ ထပ်ပို့အပြီးမှာ
ကျမအံ့သြသွားတယ်မောင်ဘယ်အချိန်ရိုက်ထားပါ လိမ့်
နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ကျမနဲ့ဘုရား,…. ဘုရားရှက်လိုက်တာရှင် …
နောက်တစ်ခါထပ်တွေ့အပြီးမှာတော့ကျမလေကျမမောင့်လက်ခုပ်တွင်းက ရေဖြစ်သွားပါပြီ
ဆားငံရည်သောက်မိတဲ့ကျမလူရိုးကြီးနဲ့သားလေးကိုရှိတယ်တောင်မထင်တော့ပါဘူး
ကျမဘဝကမောင်မှမောင်ပါပဲ ..ကျမမျှော်လင့်ခဲ့ရတဲ့တစ်နေ့ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီ
မောင်ကဘဝသစ်ထူ ထောင်ကြမယ်တဲ့ဒီနေ့ည လာခိုးမယ်တဲ့အရင်းအနှီးနဲ့
လုပ်ကိုင်စားသောက်ဖို့ရှိသမျှငွေ ယူခဲ့ပါတဲ့ … ။
ကောင်းလိုက်တဲ့အကြံလက်စွပ်၊လက်ကောက်၊ဆွဲကြိုးရှိရှိသမျှမချန်
သားလေးလည်ပင်းကခမည်းပေးထားတဲ့ဆွဲကြိုးလေးတောင်အသာလေးဆွဲဖြုတ်
မောင်နဲ့ ဘဝသစ်တစ်ခုဖန်တီးဖို့ဘယ်သူ့မှမညှာနိုင်ပေါင်အပျော်ဆုံးည
မောင်ကကိုယ်ပိုင်ကားလေးနဲ့ကျမနေတဲ့ရွာအထိ လာခိုးမှာတဲ့မျှော်တုန်းမျှော်စဲမှာပဲ
ကိုယ်ပိုင်ကားလေးနဲ့မောင်ရောက်လာခဲ့ပါတယ်။ပျော်ရွှင်ခြင်းများစွာနဲ့မောင်ခေါ်ရာ လိုက်ခဲ့မိပါပြီ။
ကားလေးပေါ်မှာပဲကျမ ဆန္ဒတွေပြည့်ဝခဲ့ရပါပြီ မနက်လင်းတော့မြို့တစ်မြို့တည်းမောင်းဝင်ခဲ့ကြတယ်။
မောင်ကမောင်တို့နှစ်ယောက်ဒီကားလေးနဲ့ဆက်သွားရင်နောက်ကလိုက်လာ တဲ့သူတွေ
ရိပ်မိသွားနိုင်တယ်အဲဒီတော့မောင်တို့ကားပြောင်းစီးကြမယ်တဲ့ရန်ကုန်က
လူလိမ်လူရှုပ်တွေများတယ်တဲ့ ကလေးစီကရွှေငွေပစ္စည်းတွေဖုန်းနဲ့ငွေတွေမောင့်စီပေးထားတဲ့ ..
မောင့်ပစ္စည်းတွေနဲ့ပေါင်းထားမယ်တဲ့အရာရာမောင့်သဘောပါမောင်
တစ်နေရာရောက်တော့လူတစ်ယောက်ကကျမနဲ့မောင်စီးလာတဲ့ကားလေးကို လာယူသွားတယ်။
ကားဂိတ်ကို ခြေလျင်လျောက်ကြတယ်ကားဂိတ်ရောက်တော့ကားတစ်စီးပေါ်မှာ
နေရာယူလိုက်ကြတယ်မောင်ကလူတွေရိပ်မိမှာစိုးလိုတဲ့သူ့ကိုယ်သူ ဦးထုပ်ကို
မျက်နှာမပေါ်အောင်ခပ်ငိုက်ငိုက်ဆောင်းထားပြီးကျမခေါင်းကို ပုဝါခြုံခိုင်း ထားတယ်
မောင်ကကျမကို ခပ်တိုးတိုးလေးပြောတယ်ကလေးတဲ့ ….
မောင်တို့တစ်ညလုံးဘာမှမစားရသေးဘူးတဲ့မောင်အစားအစာတွေသွားဝယ်အုန်းမယ်တဲ့
လိုက့်ခဲ့မယ်ဆိုတော့လူတွေရိပ်မိမယ်တဲ့ကားနေရာပျောက်မယ်တဲ့… ဆိုပြီး
တစ်ယောက်တည်းထွက်သွားတယ်။ တော်တော်နဲ့ပြန်မလာဘူးစိုးရိမ်လို့
ဖုန်းဆက်မယ်လုပ်တော့ဖုန်းကမောင့်စီပါသွားပြီကားကထွက်တော့မယ်မောင်ကပေါ်မလာ။
ကားဆရာကြီးကိုတောင်းပန်ပြီးဆက်စောင့်ကြတယ် .. ။ ၁၅မိနစ်ထိမောင်က
ပေါ်မလာတော့ခရီးသည်တွေကတင်းပြီကားဆရာကြီးလည်း မတတ်သာတော့
ကျမကိုချထားခဲ့ပြီးကားထွက်သွားခဲ့ပြီ … ကျမစိုးထိတ်စွာရပ်တည်မရစွာနဲ့မောင့်ကိုဆက်စောင့်ခဲ့ပါတယ်။
နောက်ဆုံးတော့မရှက်နိုင်တော့ပါဘူးဟိုလူ့အကူညီတောင်းသည်
လူ့ အကူညီတောင်းနဲ့ရဲစခန်းရောက်ခဲ့ပါတော့တယ်။ အထောက်အထားဘာမှမရှိ
မှတ်မိတဲ့မောင့်ဖုန်းနံပါတ် ကျမဖုန်းနံပါတ်တွေဆက်ကြည့်ကြတော့တပ်ဆင်ထားခြင်းမရှိပါတဲ့
မြိုအနှံ့ရှာကြ၊စုံစမ်းစစ်ဆေးကြပေမဲ့ခြေရာလည်းပျောက် ရေလည်း နောက်ခဲ့ပါပြီ
နောက်ဆုံးတော့ ရဲကြီးတွေကငွေကြေးကအစကူညီပေးကြလို့သာကျမရွာပြန်ရောက်ခဲ့ပါတယ်။
ကျမ ထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး။
ကျမ မှားသွားပြီ မောင်အထင်ကြီးခဲ့သမျှအားလုံး အလကားပဲ ဆိုတဲ့အတွေးတွေ
နှမချင်းမစာနာလုပ်ရက်လိုက်တာ ဆိုတဲ့ဒေါသတွေထက်ကျမ ဘယ်လို
အင်အားနဲ့ရွာကိုဝင်ရမလဲလူရိုးကြီးနဲ့သားလေးထံဘယ်မျက်နှာနဲ့ပြန်ရမလဲ
ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် . . .ကျမ မိဘတွေရဲ့ မျက်နှာကျမ ဆွေမျိုးတွေ ရဲ့
မျက်နှာကျမ ပတ်ဝန်းကျင်မှာ ကျမ ဘယ်လိုမျက်နှာပြရမလဲ။
ကျမသာ အရင်ကတည်းကလင်နဲ့သားအပေါ်ကိုယ့်ချင်းစာစိတ်ရှိရင်
ကျမတို့ မိသားစုဘဝလေးအခုလို ပျက်စီးမှာ မဟုတ်ဘူး . . . . . .
ခုတော့ ကျမ ခလေးတစ်ဖက်နဲ့ကျမ ဘဝ ပျက်ပါပြီ .
ကိုယ့်ကြောင့် မိသားစုဘဝ ပျက်ခဲ့တာကိုယ့် ယုံစားခဲ့တာ ။
FB က ပရိုဖိုင်လေးမှာ ကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတိုယောပုဆိုးလေးနဲ့
မောင်ကိုကျမ လူကြီး လူကောင်း ဆန်တယ်ဆိုပြီး ယုံစားမိခဲ့တာ
အဖေ အမေ မျက်နှာရယ် လင်နဲ့သားမျက်နှာရယ် တစ်သက်လုံးစောင့်ထိန်းခဲ့တဲ့
ကိုယ့်ကျင့်တရားရယ် . . . ကိုယ့်ပေးဆပ်ရတော့မယ့်အရှက်သိက္ခာ အကြီးကြီးရယ် ။
နောက်ထပ် သတိရတာက နိုင်လွန်ကြိုးခွေ တစ်ခုအခု ကျမ ဘာလုပ်သင့်လည်း . .
အစ်မ တို့ ညီမတို့ကော အဲလို ကြုံကြိုက်ခဲ့ရင်ဘယ်လိုဖြေရှင်း မလဲအရေးကြီးတယ် ။
လိမ်နည်းအသစ်တွေ နဲ့ချည်းကပ်တက်တယ် ။အမျိုးကောင်းသား ပုံစံနဲ့ချဉ်းကပ်ပါလိမ့်မယ်။
ရိုးသားယောင်ဆောင် ချိုချိုသာသာမိန်းမကြိုက် စကားတွေပြောပြီးဆွဲဆောင် ပါလိမ့်မယ်။
သမီးရည်းစား အဆင့်ထိ ဆွဲယူပြီးအပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ တွဲရိုက်ပါလိမ့်မယ်။
အဲ့ဒီအချိန်ရောက်ပြီဆိုရင်ရုန်းထွက်ဖို့ခက်ပါလိမ့်မယ် သတိထားကြပါ။
လေလှိုင်းထဲကအချစ်တွေ စိတ်သာယာမှုတွေ နောက်မလိုက်ကြပါနဲ့။
မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့။မသင့်သော အရေးအသားများပါဝင်ပါက တောင်းပန်အပ်ပါသည်။
ချမ်းမြေ့ကြပါစေ
ခင်မောင်မြင့်(သာယာမြေ)
Credit