Local News

အမွေကိစ္စနှင့်မောင်နှမချင်းစကားများရာမောင်အရင်းမှအစ်မဖြစ်သူကို… See more








အမွေကိစ္စနှင့်မောင်နှမချင်းစကားများရာမောင်အရင်းမှအစ်မဖြစ်သူကို See more

ဖြစ်စဉ်မှာယမန်ည ၈နာရီက ရာအိမ်မှူး ဦးညွန့်အောင် သတင်းပေးချက်အရ အေလာနယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော် ကျော်ဦးနှင့်အဖွဲ့သည် အခင်းဖြစ် သည့် ပိတောက်ချောင်ကျေးရွာ မြောက်ဘက်အစွန်ရှိ

ကျေးရွာ ထွေ/ အုပ်စာရေး ကိုနေလင်းအိမ်တွင် ဓားခုတ်မှု့ဖြစ်ပွားကြောင်း သတင်း အရသွားရောက်ခဲ့ပါသည်။မောင်ဖြစ်သူကိုနေဝင်းက အစ်မဖြစ်သူ ဒေါ်ခင်စန်းအေးအား လယ်မြေကိစ္စနှင့်ပတ်သက်ပြီးစကား များကြကာ ကိုနေဝင်းက နေအိမ် အောက်ထပ်ရှိ

ခုတင်ခေါင်းရင်းတွင် ထိုးထားသောနှစ်ပေခန့်ရှိ ငှက်ကြီး တောင်ဓားနှင့် ခုတ်လိုက်သဖြင့် ဒေါ်ခင်စန်းအေး(၄၄နှစ်)ပိတောက် ချောင်ရွာလယ်ဝေးမြို့နေသူတွင် ဝဲ ဘက်နားရွက်မှပါးထိပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပါသည်။

ဦးသန်းကျော်၊ ဦးညွန့်စိန်နှင့် ၎င်းမိသားစုဝင်များက ခုတင် ၁ဝဝဝ ဆေးရုံနေပြည်တော် သို့ပို့ဆောင်ဆေးကုခဲ့ပြီး အေလာ နယ်မြေရဲစခန်းမှ ကိုနေဝင်းအား (ပ)၁၇၅ရာဇသတ်ကြီး ပုဒ်မ-၃၂၆ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပါသည်။

ခုတင် ၁ဝဝဝတွင်ဆေးကုသခံ ယူနေသော ဒေါ်ခင်စန်းအေးမှာ နံနက်ပိုင်းတွင်သေဆုံးသွား ခဲ့သဖြင့် ကိုနေဝင်းအား (ပ)၁၇၅ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် ပြောင်းလဲအမှုဖွင့်ပြီး အေလာ စခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ဆက်လက်စစ်ဆေးဆာင်ရွက်လျက် ရှိကြောင်း သိရသည်။

Credit Original Writer