Local News

လေးရှားအစိုးရက NUG နဲ့တွေ့လို့ ရန်ကုန်က သံရုံးကို ခေါ်ယူသတိပေး

မေလ ၂၀

အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့တွေ့ဆုံလို့ ရန်ကုန်ရှိ မလေးရှားသံရုံးကို ခေါ်ယူ သတိပေးထားတယ်လို့ စစ်ကောင်စီကပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ဖို့လည်း သတိပေးပြောကြား ထားတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို လည်း ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ မလေးရှားသံရုံးက သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေး ဝန်ကြီး ဌာနကိုခေါ်ပြီး ကန့်ကွက်ပြောဆိုခဲ့တယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အခု ရက်ပိုင်းအတွင်းက မြန်မာကို စာနာမှုအကူအညီတွေ ပေးဖို့နဲ့ ဒီမိုကရေစီ ပြန် လည် တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် စစ်ကောင်စီက ကန့်ကွက် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားပြုသူ တက်ရောက်ခွင့်မရတဲ့အချိန်မှာ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့က အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ ဆုံမှုတွေ ပြုလုပ်ခဲ့သလို

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး၊ အမေရိကန် အထက်လွှတ်တော်အမတ်တွေအပြင် အာဆီယံဝန်ကြီးအချို့နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှု တွေပြုလုပ် ခဲ့ပါသေးတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ေမလ ၂၀

အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG နဲ႕ေတြ႕ဆုံလို႔ ရန္ကုန္ရွိ မေလးရွားသံ႐ုံးကို ေခၚယူ သတိေပးထားတယ္လို႔ စစ္ေကာင္စီကေျပာပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျမန္မာနိုင္ငံအေနနဲ႕ ျပင္းထန္စြာ ကန႔္ကြက္တဲ့အေၾကာင္းနဲ႕ မေလးရွားအစိုးရအဖြဲ႕ဝင္ေတြ၊ လႊတ္ေတာ္အမတ္ေတြအေနနဲ႕ ေနာင္မွာ အလားတူ ထိေတြ႕ဆက္ဆံမႈမ်ိဳး မျပဳလုပ္ဖို႔လည္း သတိေပးေျပာၾကား ထားတယ္။

မေလးရွားနိုင္ငံျခားေရးဝန္ႀကီးဌာနကို လည္း ကန႔္ကြက္စာ ေပးပို႔ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ မေလးရွားသံ႐ုံးက သံ႐ုံးယာယီတာဝန္ခံကိုလည္း နိုင္ငံျခားေရး ဝန္ႀကီး ဌာနကိုေခၚၿပီး ကန႔္ကြက္ေျပာဆိုခဲ့တယ္ လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

အခု ရက္ပိုင္းအတြင္းက ျမန္မာကို စာနာမႈအကူအညီေတြ ေပးဖို႔နဲ႕ ဒီမိုကေရစီ ျပန္ လည္ တည္ေဆာက္ေရးအတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ မေလးရွား နိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah တို႔ အလြတ္သေဘာ ေတြ႕ဆုံ ေဆြးႏြေးခဲ့မႈအေပၚ စစ္ေကာင္စီက ကန႔္ကြက္ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အေမရိကန္ ဝါရွင္တန္ဒီစီမွာ ျပဳလုပ္ခဲ့တဲ့ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးႏြေးပြဲမွာ စစ္ေကာင္စီကိုယ္စားျပဳသူ တက္ေရာက္ခြင့္မရတဲ့အခ်ိန္မွာ NUG ရဲ႕ နိုင္ငံျခားေရး ဝန္ႀကီးနဲ႕ အဖြဲ႕က အေမရိကန္- အာဆီယံ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ေနတဲ့ အာဆီယံ နိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႕ ေတြ႕ ဆုံမႈေတြ ျပဳလုပ္ခဲ့သလို

အေမရိကန္ နိုင္ငံျခားေရး ဒုတိယဝန္ႀကီး ဝင္ဒီရွားမန္း၊ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ လူ႕အခြင့္အေရး ဆိုင္ရာဝန္ႀကီး၊ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြအျပင္ အာဆီယံဝန္ႀကီးအခ်ိဳ႕နဲ႕ လူခ်င္းေတြ႕ဆုံေဆြးႏြေးမႈ ေတြျပဳလုပ္ ခဲ့ပါေသးတယ္လို႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။