Local News

နာမည်ကြီးနေတဲ့ မော်လမြိုင် Ocean ထဲက ESCORT ဆိုင်ကိစ္စ (ရုပ်/သံ)
















ယခုဖြစ်ပွားခဲ့သော ကိစ္စရပ်အဝဝအား မိမိတို့ Escort Fashion မှ အလုံးစုံတာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များအားထောက်ပြ ပြောကြားပေးခဲ့သော Customer များအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း နှင့် Customer များ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည့်အတွက် ထပ်မံ၍ အနူးအညွှတ်တောင်းပန်အပ်ပါသည်🙏🙏🙏 ဆိုပြီး သူတို့ရဲ့ ပေ့ခ်ျမှာ တင်ထားပါတယ်

မော်လမြိုင် Ocean ထဲက ESCORT ဆိုင်ကဝန်ထမ်း customer service ကောင်းကြောင်းပြောပြအုံးမယ်

ပထမတခေါက်တုန်းကလဲ အဒေါ်နဲ့အင်္ကျီသွားဝယ်တာ အင်္ကျီကိုင်ယုံပဲရှိသေးတယ် ဒါဈေးကြီးတယ်နော် အဲလိုပြောတော့စိတ်ဆိုးပြီး ပြန်ထွက်ခဲ့တယ်..

အခု ဒုတိယတစ်ခေါက် 19 .5 .22 ဒီနေ့ထပ်ဖြစ်ခဲ့တာကတော့ဆိုင်ဝင်ပေါက်က check point တိုင်က မီးကို အိမ်ကတူမလေးက ကလေးဆိုတော့

မီးလေးမြင်တော့ လက်လေးအုပ်pကြည့်တာကို ကျတော်ကတွန်းမိမာဆိုးလို့တောင် ကလေးက်ုမကိုင်ရဘူးပြောတုန်း #ကလေးကိုထိန်းထားဒါသိန်း၂၀ ကျော်တန်တယ် လေသံမာမာနဲ့ ပိုက်ဆံစကားပြောသွားပြန်တယ်

ဒါပါဆိုနှစ်ခါရှိp ကျတော်လဲသည်းမခံနိုင်တော့တဲ့ အဆုံး လူကိုလူလိုမမြင်တတ်ပဲအထင်သေးတတ်တဲ့ဆိုင်ဝန်ထမ်းရဲ့အပြုမူကြောင့် သူပြောတဲ့ check point တိုင်ကို

သူတို့တောင်းသလောက်ပေးpတော့ ချိုးခဲ့တယ် နောက်နောင်မဖြစ်ရအောင် သတိထားရအောင်ပါ…. #ကျတော်လဲ ချမ်းသာတဲ့သူမဟုတ်ပါဘူး ဆိုပြီး ကာစတန်မာတစ်ယောက်က တင်ထားပါတယ်

အက်စကော့ ဖက်ရှင်ဘက်ကတော့ ယခုလို တောင်းပန်စာတင်ထားပါတယ်

အနူးအညွှတ်တောင်းပန်ခြင်း

ကျွန်မတို့၏ Mawlamyine Escort Showroom တွင် (၁၉.၅.၂၀၂၂) ရက်နေ့က Customer ကလေးငယ်တစ်ဦးမှ Check Point တိုင်၏ မီးကိုလက်ဖြင့်ကိုင်ကြည့်ခြင်းအား မိမိတို့၏ ဝန်ထမ်းမှ Check point တိုင် လဲကျပျက်စီးခြင်း နှင့်

ကလေးငယ်ထိခိုက်မည်ကို စိုးရိမ်စိတ်လွန်ကဲစွာဖြင့် အုပ်ထိန်းသူထံ ကလေးငယ်အား ထိန်းပေးရန် ပြောဆိုခဲ့ခြင်းဖြစ်စဉ်တွင် ကျွန်မတို့ဝန်ထမ်း၏ အပြုအမူအပြောအဆိုအမူအရာသည် ရိုင်းပျသည့်အနေအထားမျိုး ဖြစ်သွားခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသည်😔😔😔

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ထမ်းနှင့်တကွ ကျွန်မတို့ Escort Fashion မိသားစုမှ ကာယကံရှင်မိသားစုအား အနူးအညွှတ်တောင်းပန်အပ်ပါသည်

Customer မိသားစုဝင် အနေဖြင့် မိမိ၏ကလေးငယ်နှင့်ပတ်သက်၍ ယခုကဲ့သို့လာရောက်ပြောဆိုခံရခြင်းအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာခြင်းများ ဖြစ်ပွားခဲ့သည့်အပေါ် ထပ်မံ၍ တောင်းပန်အပ်ပါသည်။

ယခုဖြစ်ပွားခဲ့သော ကိစ္စရပ်အဝဝအား မိမိတို့ Escort Fashion မှ အလုံးစုံတာဝန်ယူဖြေရှင်းပေးမည် ဖြစ်ပါသည်။ မိမိတို့ဝန်ထမ်းသည် Training ကာလတာဝန်ထမ်းဆောင်နေသောဝန်ထမ်းဖြစ်သည့် အားလျော်စွာ Customer Service ပိုင်းများတွင် များစွာလိုအပ်ချက် ရှိနေခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

မိမိတို့ ကုမ္ပဏီအနေဖြင့်လည်း နောက်နောင်တွင် ယခုကိစ္စရပ်အား ဥပမာယူကာ အလားတူကိစ္စရပ်များထပ်မံဖြစ်မလာစေရန် ယခုထပ်ပိုမို၍ Customer Service Training အား အလေးထားပြုလုပ် သွားပါမည် ဖြစ်ကြောင်း Customer များအားလုံးအားကတိပြုပါသည်။

ထိုအပြုအမူနှင့် ပတ်သက်သောကိစ္စရပ်များအား ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် ဆက်လက်စီစစ်ကာ ကုမ္ပဏီ၏လုပ်ထုံးလုပ်နည်း အတိုင်းဆက်လက်အရေးယူ သွားမည်ဖြစ်ပါသည်။

ယခုဖြစ်ပွားခဲ့သော ကိစ္စရပ်အဝဝအား မိမိတို့ Escort Fashion မှ အလုံးစုံတာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များအားထောက်ပြ ပြောကြားပေးခဲ့သော Customer များအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း နှင့် Customer များ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည့်အတွက် ထပ်မံ၍ အနူးအညွှတ်တောင်းပန်အပ်ပါသည်🙏🙏🙏 ဆိုပြီး သူတို့ရဲ့ ပေ့ချ်မှာ တင်ထားပါတယ်