Local News

ပြဿနာအမြဲလိုလိုရှာတဲ့ခင်ပွန်းကို ဇနီးဖြစ်သူက သည်းမခံနိုင်တော့ဘဲ ထမင်းခူးပေးပြီးနောက်…

ယမန်နေ့က အချိန်မတော် အရက်မူးပြီးပြန်လာတဲ့ခင်ပွန်းက သူ၏ဇနီးဖြစ်သူကို အမြဲလိုလိုပြဿနာရှာသဖြင့် ဇနီးဖြစ်သူက သည်းမခံနိုင်ဘဲ မီးဖိုချောင်သုံးစားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်တွင် ညသန်းခေါင်ကျော်အလွန်အချိန်၌ ထမင်းခူးပေးပြီးနောက်အိပ်ယာထဲဝင်နေစဉ် ခင်ပွန်းဖြစ်သူဇေယျာလင်းကပြဿနာရှာပြီး

ခြေထောက်ကို လှမ်းဆွဲသဖြင့်စကားများရန်ဖြစ်နေကြရာမှ သည်းမခံနိုင်တော့ဘဲ အသင့်တွေ့ရှိသည့် အရိုးအသွား (၁၁) လက်မခန့်ရှိမီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့သည်ဟုသိရသည် ။

“အခင်းဖြစ်တာကတော့ ည ၁၁ နာရီအချိန်လောက်ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ သိရှိပြီးသွားရောက်စစ်ဆေးနေတာတွေနဲ့ဆိုရင် အမှုဖွင့်တဲ့အချိန်ကျတော့ ၁၁ ရက်နေ့ နံနက်ပိုင်းကို ရောက်သွားပြီပေါ့။

ကာယကံရှင်လင်မယားမှာ အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်ရှိတယ်လို့လည်း သိရပါတယ်” အမှုစစ်လှော်ကားနယ်မြေခေတ္တစခန်းမှူးရဲအုပ်သန်းလင်းက ပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည့် ဒေါ်စိမ့်စိမ့်အေး ၄၇ နှစ်အား ရဲစခန်းမှ (ပ) ၄၅၈ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးထားသည်ဟု သိရသည် ။

Credit Original writer





