မန္တလေးမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတဲ့ သားအမိ နှစ်ဦးDbတွေတွေ့ အသက်ခံရသူတွေရဲ့လည်ပင်းမှာ သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားတွေ ချိတ်ဆွဲထားတာတွေ့ရ
အသက်ခံရတဲ့အမျိုးသမီးနှစ်ယောက်က PDFအဖွဲ့ တစ်ဖွဲ့က ရဲဘော်ရာဟုဆိုတဲ့သူရဲ့ အမေနဲ့အမလို့လည်းသိရပါတယ် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့ မေ ၂၁ မနက်က အမျိုးသမီးနှစ်ဦး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ တေဆုံးခဲ့ပြီး အနီရောင် သွေးသောက်အဖွဲ့ကတ်ပြားကို လည်ပင်းမှာ ချိတ်ဆွဲထားတာတွေ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်
သေဆုံးသူမှာ အသက် ၆၁ နှစ်နဲ့ ၃၅ နှစ်အရွယ်အမျိုးသမီးတွေဖြစ်ပြီး နေအိမ်အတွင်းမှာ လက်ပြန်ကြိုးတုတ်အနေထားနဲ့ မနေ့ညပိုင်းကတည်းက ဓားထိုးအသက်ခံရတာ ဖြစ်ပါတယ်
အမျိုးသမီး နှစ်ဦးလုံးဟာ အနေအေးတဲ့ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ် အခုအသတ်ခံရသူတွေဟာ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် အကွက် ၂၇၃ မှာ သားအမိနှစ်ဦးတည်း နေထိုင်တာ များတယ်လို့ ဒေသခံတွေက ဆိုပါတယ်
သားအမိနှစ်ယောက်တည်းနေတာ လူနေတယ်လို့တောင်မသိရဘူး အဲဒီအိမ်ကြီးက အိမ်ထဲတွင်ကို ဝင်သက်သွားတာ ထိုးသွင်းဒဏ်ရာတွေ တွေလည်းအများကြီးပဲ ညကသက်ထားခဲ့တာ နေမယ် ကြိုးတုတ် အသက်ခံထားတာ မမြင်ရဲစရာပဲလို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံကပြောပါတယ် ပုံစာ – မန်းလေးမြို့မြင်ကွင်း/ ပုံဟောင်း Crd- ဘီဘီစီ မြန်မာပိုင်း
==========
မႏၲေလးမွာ ဓားဒဏ္ရာနဲ႔ေသဆုံးေနတဲ့ သားအမိ ႏွစ္ဦးDbေတြေတြ႕ အသက္ခံရသူေတြရဲ့လည္ပင္းမွာ ေသြးေသာက္အဖြဲ႕ လည္ဆြဲကတ္ျပားေတြ ခ်ိတ္ဆြဲထားတာေတြ႕ရ
အသက္ခံရတဲ့အမ်ိဳးသမီးႏွစ္ေယာက္က PDFအဖြဲ႕ တစ္ဖြဲ႕က ရဲေဘာ္ရာဟုဆိုတဲ့သူရဲ့ အေမနဲ႔အမလို႔လည္းသိရပါတယ္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ ဒီေန႔ ေမ ၂၁ မနက္က အမ်ိဳးသမီးႏွစ္ဦး ဓားထိုးသြင္းဒဏ္ရာေတြနဲ႔ ေတဆုံးခဲ့ၿပီး အနီေရာင္ ေသြးေသာက္အဖြဲ႕ကတ္ျပားကို လည္ပင္းမွာ ခ်ိတ္ဆြဲထားတာေတြ႕ရတယ္လို႔ နီးစပ္တဲ့ ေဒသခံေတြကေျပာပါတယ္
ေသဆုံးသူမွာ အသက္ ၆၁ ႏွစ္နဲ႔ ၃၅ ႏွစ္အရြယ္အမ်ိဳးသမီးေတြျဖစ္ၿပီး ေနအိမ္အတြင္းမွာ လက္ျပန္ႀကိဳးတုတ္အေနထားနဲ႔ မေန႔ညပိုင္းကတည္းက ဓားထိုးအသက္ခံရတာ ျဖစ္ပါတယ္
အမ်ိဳးသမီး ႏွစ္ဦးလုံးဟာ အေနေအးတဲ့ အရပ္သားေတြျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္ အခုအသတ္ခံရသူေတြဟာ ျပည္ႀကီးေပ်ာ္ဘြယ္ အေရွ႕ရပ္ကြက္ အကြက္ ၂၇၃ မွာ သားအမိႏွစ္ဦးတည္း ေနထိုင္တာ မ်ားတယ္လို႔ ေဒသခံေတြက ဆိုပါတယ္
သားအမိႏွစ္ေယာက္တည္းေနတာ လူေနတယ္လို႔ေတာင္မသိရဘူး အဲဒီအိမ္ႀကီးက အိမ္ထဲတြင္ကို ဝင္သက္သြားတာ ထိုးသြင္းဒဏ္ရာေတြ ေတြလည္းအမ်ားႀကီးပဲ ညကသက္ထားခဲ့တာ ေနမယ္ ႀကိဳးတုတ္ အသက္ခံထားတာ မျမင္ရဲစရာပဲလို႔ မိသားစုနဲ႔ နီးစပ္တဲ့ ေဒသခံကေျပာပါတယ္ ပုံစာ – မန္းေလးၿမိဳ႕ျမင္ကြင္း/ ပုံေဟာင္း Crd- ဘီဘီစီ ျမန္မာပိုင္း