Local News

ေက်ာက္မဲက အိမ္ရွင္ကိုလည္း ဖမ္းဆီးသြားၿပီး ေငြသိန္း (၃၀၀)ေက်ာ္ ေပ်ာက္ဆုံးမႈ ဘယ္အဖြဲ႕လည္းဆိုတာ ဘူးေပၚသလိုေပၚလာ

ကျောက်မဲက ငွေသိန်း (၃၀၀)ကျော် ပျောက်ဆုံးမှု စစ်ကောင်စီတပ်ဖွဲ့လက်ချက် ဖြစ်နေ၊ အိမ်ရှင်ကိုလည်း ဖမ်းဆီးသွားပြီး လက်နက် သိမ်းဆည်းထားကြောင်း အတင်းဝန်ခံခိုင်း

ရွှေဖီမြေ၊ မေလ ၂၁ ရက်၊ ကျောက်မဲ

အင်အား ၈ ယောက် ပါဝင်တဲ့ စစ်ကောင်စီ လက်အောက်ခံ ကွန်မန်ဒိုတပ်ဖွဲ့က ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် ၉၊ နယ်မြေ ၆ မှ ဦးကျော်လှရဲ့နေအိမ်ကို

ဧပြီလ ၃၀ ရက် မနက် ၂ နာရီကျော်မှာ ဝင်မွှေပြီး လက်ကိုင်ဖုန်း ၅ လုံးနဲ့ ငွေသိန်း (၃၀၀)ကျော် ယူဆောင်သွားခဲ့ပြီးတော့ ၎င်းကိုလည်း လက်နက်တွေ သိမ်းဆည်းထားကြောင်း အတင်း ဝန်ခံခိုင်းနေတယ်လို့ သိရပါတယ်။

လက်ရှိ ဦးကျော်လှကို လက်နက်ခဲယမ်း သိမ်းဆည်းထားမှုနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။ သူတို့က အမှုဖွင့်လိုက်ပြီ။ ၂၃ ရက်နေ့မှာ ရုံးထုတ်မယ်လို့ပြောတယ်

ပိုက်ဆံကိစ္စက ဘယ်လို ပြောရမှန်းမသိဘူး ခေါ်သွားတာက သူတို့ခေါ်သွားတယ် ပိုက်ဆံကတော့ လာဖမ်းသွားကတည်းက ပါသွားတာပဲလေ။ သူတို့ ပြောတာတော့ သူဝန်ခံလိုက်ပြီ သေနတ်တွေထားတယ်။ အဲလိုသာ ဝန်ခံတာ သူတို့က အဲလိုလုပ်တဲ့သူတွေမှ မဟုတ်တာ

ကွန်မန်ဒိုအဖွဲ့ ၈ ဦးဟာ ဦးကျော်လှရဲ့ နေအိမ်ဂိုဒေါင်မှာ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ ပြောဆိုပေမယ့် ဦးကျော်လှတို့ နေအိမ်မှာ ဂိုဒေါင် မရှိဘူးလို့ ၎င်းက ပြောပါတယ်

မိသားစုဝင်တစ်ဦးက ဦးကျော်လှတော့ ရဲစခန်းမှာ ခေါ်သွားတဲ့ အဲနေ့ညမှာ ပိုက်ဆံလည်း ယူသွားတယ် အခုထိလည်း ပေးမတွေ့ဘူး ရဲကို သွားမေးကြည့်တော့ ရဲက သူတို့ဖမ်းတာ မဟုတ်ဘူး

အဲဒီကွန်မန်ဒိုအဖွဲ့က ဖမ်းတာတဲ့ အဲလိုပြောပေမယ့် ဦးကျော်လှက ဘယ်လို စခန်းရောက်သွားလဲဆိုတာ နားမလည်တော့ဘူး လို့ ပြောပါတယ်။ ဦးကျော်လှတို့ မိသားစုဟာ ရိုးသားစွာ အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောက်မဲမြို့နယ်မှာ လာရောက်အ​ခြေချနေထိုင်သူတွေ ဖြစ်တယ်လို့ ၎င်းက ​ဆိုပါတယ် Credit- ရွှေဖီမြေ

=========

ေက်ာက္မဲက ေငြသိန္း (၃၀၀)ေက်ာ္ ေပ်ာက္ဆုံးမႈ စစ္ေကာင္စီတပ္ဖြဲ႕လက္ခ်က္ ျဖစ္ေန၊ အိမ္ရွင္ကိုလည္း ဖမ္းဆီးသြားၿပီး လက္နက္ သိမ္းဆည္းထားေၾကာင္း အတင္းဝန္ခံခိုင္း

ေရႊဖီေျမ၊ ေမလ ၂၁ ရက္၊ ေက်ာက္မဲ

အင္အား ၈ ေယာက္ ပါဝင္တဲ့ စစ္ေကာင္စီ လက္ေအာက္ခံ ကြန္မန္ဒိုတပ္ဖြဲ႕က ရွမ္းေျမာက္ ေက်ာက္မဲၿမိဳ႕ ရပ္ကြက္ ၉၊ နယ္ေၿမ ၆ မွ ဦးေက်ာ္လွရဲ့ေနအိမ္ကို

ဧၿပီလ ၃၀ ရက္ မနက္ ၂ နာရီေက်ာ္မွာ ဝင္ေမႊၿပီး လက္ကိုင္ဖုန္း ၅ လုံးနဲ႔ ေငြသိန္း (၃၀၀)ေက်ာ္ ယူေဆာင္သြားခဲ့ၿပီးေတာ့ ၎ကိုလည္း လက္နက္ေတြ သိမ္းဆည္းထားေၾကာင္း အတင္း ဝန္ခံခိုင္းေနတယ္လို႔ သိရပါတယ္။

လက္ရွိ ဦးေက်ာ္လွကို လက္နက္ခဲယမ္း သိမ္းဆည္းထားမႈနဲ႔ အမႈဖြင့္ထားတယ္လို႔ ေဒသခံတစ္ဦးဆီက သိရပါတယ္။ သူတို႔က အမႈဖြင့္လိုက္ၿပီ။ ၂၃ ရက္ေန႔မွာ ႐ုံးထုတ္မယ္လို႔ေျပာတယ္

ပိုက္ဆံကိစၥက ဘယ္လို ေျပာရမွန္းမသိဘူး ေခၚသြားတာက သူတို႔ေခၚသြားတယ္ ပိုက္ဆံကေတာ့ လာဖမ္းသြားကတည္းက ပါသြားတာပဲေလ။ သူတို႔ ေျပာတာေတာ့ သူဝန္ခံလိုက္ၿပီ ေသနတ္ေတြထားတယ္။ အဲလိုသာ ဝန္ခံတာ သူတို႔က အဲလိုလုပ္တဲ့သူေတြမွ မဟုတ္တာ

ကြန္မန္ဒိုအဖြဲ႕ ၈ ဦးဟာ ဦးေက်ာ္လွရဲ့ ေနအိမ္ဂိုေဒါင္မွာ လက္နက္ေတြ ဖမ္းဆီးရမိတယ္လို႔ ေျပာဆိုေပမယ့္ ဦးေက်ာ္လွတို႔ ေနအိမ္မွာ ဂိုေဒါင္ မရွိဘူးလို႔ ၎က ေျပာပါတယ္

မိသားစုဝင္တစ္ဦးက ဦးေက်ာ္လွေတာ့ ရဲစခန္းမွာ ေခၚသြားတဲ့ အဲေန႔ညမွာ ပိုက္ဆံလည္း ယူသြားတယ္ အခုထိလည္း ေပးမေတြ႕ဘူး ရဲကို သြားေမးၾကည့္ေတာ့ ရဲက သူတို႔ဖမ္းတာ မဟုတ္ဘူး

အဲဒီကြန္မန္ဒိုအဖြဲ႕က ဖမ္းတာတဲ့ အဲလိုေျပာေပမယ့္ ဦးေက်ာ္လွက ဘယ္လို စခန္းေရာက္သြားလဲဆိုတာ နားမလည္ေတာ့ဘူး လို႔ ေျပာပါတယ္။ ဦးေက်ာ္လွတို႔ မိသားစုဟာ ရိုးသားစြာ အလုပ္ လုပ္ကိုင္ေနသူျဖစ္ၿပီး ငယ္စဥ္ကတည္းက ေက်ာက္မဲၿမိဳ႕နယ္မွာ လာေရာက္အ​ေျခခ်ေနထိုင္သူေတြ ျဖစ္တယ္လို႔ ၎က ​ဆိုပါတယ္ Credit- ေရႊဖီေျမ