ဖားကန့်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ကာ ကချင် လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒသခံများပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်
မနက် ၅နာရီလောက်က စဖြစ်တာ။ တိုက်ပွဲကြီးတယ်။ သေနတ်ပစ်ခတ်သံတွေ ကြမ်းတယ်။ ၆ နာရီလောက်ကျတော့ ရပ်သွားတယ်
ဒါပေမယ့် အခုထိ သေနတ်သံ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ ဟု ယနေ့ မေလ ၂၂ရက် နံနက် ၈ နာရီခန့်က အခြေအနေကို ဒေသခံတစ်ဦးကပြောသည်
ဝေခါကျေးရွာတွင် စစ်ကောင်စီ၏ ရဲတပ်ရင်း ၃၀ ရှိနေပြီး ယမန်နေ့မ ၂၁ရက် ညတွင် ရဲတပ်ရင်းဘက်မှ ခြောက်လှန့်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်
ရဲတပ်ရင်းက တစ်ညလုံးခြောက်ပစ်နေတာ မနက် ဝေလီဝေလင်းမှာတော့ ကေအိုင်အေနဲ့ PDF က ဝင်ဆော်တာ ဟု ဝေခါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်
သို့သော် တိုက်ပွဲနောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ ရဲတပ်ရင်း ၃၀ မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် မေလ ၂၁ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံလိုက်ရသေးသည်။ မည်သည့်အဖွဲ့က ဖမ်းသွားသည်ကို အတည်မပြုနိုင်သေးပေ Crd- People Spring
ဖားကန႔္တြင္ KIA၊ PDF ပူးေပါင္းအဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျပင္းထန္ေန
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕တြင္ ယေန႔ နံနက္ ၅နာရီခန႔္မွစတင္ကာ ကခ်င္ လြတ္လပ္ေရးတပ္မေတာ္ KIA ၊ PDF ပူးေပါင္းအဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေနသည္ဟု ဒသခံမ်ားေျပာသည္။
ဖားကန႔္ၿမိဳ႕နယ္ ေဝွခါေက်းရြာႏွင့္ ဆိုင္းေတာင္ေက်းရြာၾကားတြင္ တိုက္ပြဲျဖစ္ပြားေနျခင္းျဖစ္သည္
မနက္ ၅နာရီေလာက္က စျဖစ္တာ။ တိုက္ပြဲႀကီးတယ္။ ေသနတ္ပစ္ခတ္သံေတြ ၾကမ္းတယ္။ ၆ နာရီေလာက္က်ေတာ့ ရပ္သြားတယ္
ဒါေပမယ့္ အခုထိ ေသနတ္သံ တစ္ခ်က္ တစ္ခ်က္ ၾကားေနရတုန္းပဲ ဟု ယေန႔ ေမလ ၂၂ရက္ နံနက္ ၈ နာရီခန႔္က အေျခအေနကို ေဒသခံတစ္ဦးကေျပာသည္
ေဝခါေက်းရြာတြင္ စစ္ေကာင္စီ၏ ရဲတပ္ရင္း ၃၀ ရွိေနၿပီး ယမန္ေန႔မ ၂၁ရက္ ညတြင္ ရဲတပ္ရင္းဘက္မွ ေျခာက္လွန႔္ပစ္ခတ္သံမ်ား ၾကားခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္
ရဲတပ္ရင္းက တစ္ညလုံးေျခာက္ပစ္ေနတာ မနက္ ေဝလီေဝလင္းမွာေတာ့ ေကအိုင္ေအနဲ႔ PDF က ဝင္ေဆာ္တာ ဟု ေဝခါေက်းရြာမွ ေဒသခံတစ္ဦးက ေျပာသည္
သို႔ေသာ္ တိုက္ပြဲေနာက္ဆက္တြဲ အေျခအေနကို စုံစမ္းေနဆဲျဖစ္သည္။ ရဲတပ္ရင္း ၃၀ မွ ဒုရဲအုပ္တစ္ဦးႏွင့္ ရဲတပ္သားတစ္ဦးသည္ ေမလ ၂၁ရက္ နံနက္ပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ခု၏ ဖမ္းဆီးျခင္းခံလိုက္ရေသးသည္။ မည္သည့္အဖြဲ႕က ဖမ္းသြားသည္ကို အတည္မျပဳနိုင္ေသးေပ Crd- People Spring