Local News

ခရမ္း၊ သုံးခြ၊ သန္လ်င္ (၃) ၿမိဳ႕နယ္ ၿမိဳ႕ေပၚေရာ ေက်းရြာေတြပါမက်န္ ဆိုင္ကယ္(လုံးဝ)မစီးရ ၿမိဳ႕နယ္မ်ားအျဖစ္ သတ္မွတ္လိုက္ပါၿပီ

ရန္ကုန္တိုင္း ခရမ္း၊ သုံးခြ၊ သန္လ်င္ (၃) ၿမိဳ႕နယ္အား ဆိုင္ကယ္(လုံးဝ)မစီးရ ၿမိဳ႕နယ္မ်ားအျဖစ္ စစ္ေကာင္စီ သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

ယင္းၿမိဳ႕နယ္မ်ား အတြင္း ဆိုင္ကယ္မစီးရ ဆိုသည့္အမိန႔္ကို လြန္ခဲ့တဲ့ ၃ ရက္မွ စတင္သတ္မွတ္ခဲ့တာျဖစ္ၿပီး အဆိုပါ ၿမိဳ႕နယ္မ်ားအတြင္း အသိေပး ေၾကညာမႈေတြကို ေဒသအာဏာပိုင္ေတြက ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

လုံးဝကို မစီးရေတာ့တာေပါ့ ခရမ္း၊သုံးခြ၊သန္လ်င္ ၃ ၿမိဳ႕နယ္လုံးမွာပါ။ ၿမိဳ႕ေပၚေတြ အပါ ေက်းရြာေတြမွာပါ ဆိုင္ကယ္ မစီးရဘူးဆိုၿပီး သူတို႔က အသံခ်ဲ႕စက္နဲ႔ လိုက္ေအာ္ေနတာေတြရွိတယ္

အခုက ေက်းရြာေတြမွာပါ မစီးရေတာ့တာ ဘယ္လိုျဖစ္လဲဆိုရင္ လမ္းေဘးထိုးထားတဲ့ ဆိုင္ကယ္ေတြက အစ သူတို႔က အတင္းလိုက္ဆြဲၿပီး အတင္းလိုက္သိမ္းေနတဲ့ပုံစံျဖစ္ေနတယ္

ဆိုင္ကယ္ေတြကို အျပင္ေတာင္ မထုတ္ရဲေတာ့ဘူး၊ ေတြ႕တာနဲ႔သိမ္း အဲ့လိုေတြေပါ့။ ရြာေတြ အထိပါ မစီးရဘူးဆိုေတာ့ ေဒသခံေတြရဲ့ သြားလာဆက္သြယ္ေရးအပိုင္းမွာ အခက္အခဲေတာ့ရွိသြားပါတယ္။

ဒီဘက္ေဒသေတြက ဆိုင္ကယ္နဲ႔ပဲ အဓိကထားၿပီး သြားလာရတာကိုး။ အခု ဆိုင္ကယ္မစီးရတာ ဘယ္အခ်ိန္ကာလအထိလဲ ဆိုတာေတာ့ သူတို႔ ေၾကညာခ်က္ထဲ မပါပါဘူး လို႔ သုံးခြၿမိဳ႕ ေဒသခံတစ္ဦးက ေျပာပါတယ္။

ယင္းၿမိဳ႕နယ္ေတြ အတြင္းမွာ ယခုကဲ့သို႔ ဆိုင္ကယ္စီးနင္းမႈကို ပိတ္လိုက္သည့္ အတြက္ ေဒသခံေတြရဲ့ သြားလာ ဆက္သြယ္ေရး အပိုင္းမွာ အေတာ္ေလးအခက္အခဲေတြရွိလာခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အဆိုပါ ၿမိဳ႕နယ္ေတြမွာ ေဒသခံေတြက ဆိုင္ကယ္ကိုသာ အဓိက အသုံးျပဳ၍ စီးနင္းသြားလာေနၾကရတာျဖစ္ၿပီးယခုလို စီးနင္းခြင့္ပိတ္လိုက္သည့္ အတြက္ေဒသခံေတြရဲ့ ေန႔စဥ္ လူမႈဘဝေတြကိုပါ ထိခိုက္မႈရွိလာခဲ့ပါတယ္။

လက္ရွိမွာေတာ့ အဆိုပါ ခရမ္း၊သုံးခြ၊သန္လ်င္ ၿမိဳ႕နယ္ မ်ား အတြင္းမွာ ဆိုင္ကယ္မစီးရ ၿမိဳ႕နယ္အျဖစ္ သတ္မွတ္ထားၿပီး ၿမိဳ႕ေပၚေရာ ေက်းရြာမ်ား အတြင္းမွာပါစီးနင္းခြင့္ကို

ပိတ္ပင္လိုက္တာျဖစ္ၿပီး စီးနင္းတာေတြ႕ပါက ထိေရာက္စြာ အေရးယူခံရမည္ဟု ေဒသအာဏာပိုင္ေတြဘက္က အသိေပးႏွိုးေဆာ္မႈေတြကို ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ Crd- ျမန္မာ့ပလက္ေဖာင္း

ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ သန်လျင် (၃) မြို့နယ်အား ဆိုင်ကယ်(လုံးဝ)မစီးရ မြို့နယ်များအဖြစ် စစ်ကောင်စီ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ယင်းမြို့နယ်များ အတွင်း ဆိုင်ကယ်မစီးရ ဆိုသည့်အမိန့်ကို လွန်ခဲ့တဲ့ ၃ ရက်မှ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး အဆိုပါ မြို့နယ်များအတွင်း အသိပေး ကြေညာမှုတွေကို ဒေသအာဏာပိုင်တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လုံးဝကို မစီးရတော့တာပေါ့ ခရမ်း၊သုံးခွ၊သန်လျင် ၃ မြို့နယ်လုံးမှာပါ။ မြို့ပေါ်တွေ အပါ ကျေးရွာတွေမှာပါ ဆိုင်ကယ် မစီးရဘူးဆိုပြီး သူတို့က အသံချဲ့စက်နဲ့ လိုက်အော်နေတာတွေရှိတယ်

အခုက ကျေးရွာတွေမှာပါ မစီးရတော့တာ ဘယ်လိုဖြစ်လဲဆိုရင် လမ်းဘေးထိုးထားတဲ့ ဆိုင်ကယ်တွေက အစ သူတို့က အတင်းလိုက်ဆွဲပြီး အတင်းလိုက်သိမ်းနေတဲ့ပုံစံဖြစ်နေတယ်

ဆိုင်ကယ်တွေကို အပြင်တောင် မထုတ်ရဲတော့ဘူး၊ တွေ့တာနဲ့သိမ်း အဲ့လိုတွေပေါ့။ ရွာတွေ အထိပါ မစီးရဘူးဆိုတော့ ဒေသခံတွေရဲ့ သွားလာဆက်သွယ်ရေးအပိုင်းမှာ အခက်အခဲတော့ရှိသွားပါတယ်။

ဒီဘက်ဒေသတွေက ဆိုင်ကယ်နဲ့ပဲ အဓိကထားပြီး သွားလာရတာကိုး။ အခု ဆိုင်ကယ်မစီးရတာ ဘယ်အချိန်ကာလအထိလဲ ဆိုတာတော့ သူတို့ ကြေညာချက်ထဲ မပါပါဘူး လို့ သုံးခွမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယင်းမြို့နယ်တွေ အတွင်းမှာ ယခုကဲ့သို့ ဆိုင်ကယ်စီးနင်းမှုကို ပိတ်လိုက်သည့် အတွက် ဒေသခံတွေရဲ့ သွားလာ ဆက်သွယ်ရေး အပိုင်းမှာ အတော်လေးအခက်အခဲတွေရှိလာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ မြို့နယ်တွေမှာ ဒေသခံတွေက ဆိုင်ကယ်ကိုသာ အဓိက အသုံးပြု၍ စီးနင်းသွားလာနေကြရတာဖြစ်ပြီးယခုလို စီးနင်းခွင့်ပိတ်လိုက်သည့် အတွက်ဒေသခံတွေရဲ့ နေ့စဉ် လူမှုဘဝတွေကိုပါ ထိခိုက်မှုရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ ခရမ်း၊သုံးခွ၊သန်လျင် မြို့နယ် များ အတွင်းမှာ ဆိုင်ကယ်မစီးရ မြို့နယ်အဖြစ် သတ်မှတ်ထားပြီး မြို့ပေါ်ရော ကျေးရွာများ အတွင်းမှာပါစီးနင်းခွင့်ကို

ပိတ်ပင်လိုက်တာဖြစ်ပြီး စီးနင်းတာတွေ့ပါက ထိရောက်စွာ အရေးယူခံရမည်ဟု ဒေသအာဏာပိုင်တွေဘက်က အသိပေးနှိုးဆော်မှုတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Crd- မြန်မာ့ပလက်ဖောင်း