Local News

KBZ ေငြသယ္ယာဥ္ လူယက္သူမ်ားကို ဖမ္းမိတယ္လို႔ သတင္းထုတ္ျပ

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္အတြင္းမွာ ကေမၻာဇဘဏ္က ေငြသိမ္းယာဥ္ထံမွ ေငြက်ပ္သိန္း ၃၀၀၀ လုယက္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိၿပီလို႔ စစ္ေကာင္စီရဲ့ ယေန႔ထုတ္သတင္းစာမွာ ထုတ္ျပန္ခ်က္အရ သိရပါတယ္

အဆိုပါျဖစ္စဥ္မွာ ေမလ ၁၃ရက္ေန႔က ဘဏ္ဝန္ထမ္း ၃ဦးလိုက္ပါလာေသာ ကေမၻာဇဘဏ္ေငြသိမ္းယာဥ္အား ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္အတြင္းမွာ လုယက္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္

ထိုကေမၻာဇဘဏ္ေငြသိမ္းယာဥ္အား လုယက္မႈက်ဴးလြန္သူမ်ားက Probox ယာဥ္အမ်ိဳးအစားျဖင့္ ေနာက္မွလိုက္ပါလာကာ

ၿခိမ္းေျခာက္ၿပီး ပီနံအိတ္ ၄လုံးျဖင့္ထည့္ထားေသာ ေငြက်ပ္သိန္း ၃၀၀၀ကို လုယက္သြားျခင္းျဖစ္တယ္လို႔ သိရပါတယ္

ေဖာ္ထုတ္စစ္ေဆးခ်က္မ်ားအရ လုယက္မႈက်ဴးလြန္သူ အမ်ိဳးသား ၅ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔ကို ဖမ္းမိခဲ့ၿပီး ေငြက်ပ္သိန္း ၃၀၀၀အနက္

ေငြက်ပ္သိန္း ၂၂၁၀နဲ႔ လုယက္မႈမွရရွိတဲ့ေငြျဖင့္ ဝယ္ယူထားေသာ ဆိုင္ကယ္တစ္စီးအပါအဝင္ ေရႊဆြဲကုံတစ္ကုံးနဲ႔ ဖုန္း ၃လုံးတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္

ရန္ကုန္တိုင္းအတြင္း ဘဏ္ဓါးျပတိုက္ လုယက္မႈ ၁၁မႈျဖစ္ပြားခဲ့သည့္အနက္ ၉မႈအထိ ေဖာ္ထုတ္နိုင္ခဲ့ကာ တရားခံ အမ်ိဳးသား ၄၉ဦး အမ်ိဳးသမီး ၈ဦးျဖင့္ စုစုေပါင္း ၅၇ဦးကို ဖမ္းဆီးရမိထားတယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာလည္းျဖစ္ပါတယ္ Credit- Myanma Platform
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်အတွင်းမှာ ကမေ်ဘာဇဘဏ်က ငွေသိမ်းယာဉ်ထံမှ ငွေကျပ်သိန်း ၃၀၀၀ လုယက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီလို့ စစ်ကောင်စီရဲ့ ယနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ချက်အရ သိရပါတယ်

အဆိုပါဖြစ်စဉ်မှာ မေလ ၁၃ရက်နေ့က ဘဏ်ဝန်ထမ်း ၃ဦးလိုက်ပါလာသော ကမေ်ဘာဇဘဏ်ငွေသိမ်းယာဉ်အား ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်အတွင်းမှာ လုယက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်

ထိုကမေ်ဘာဇဘဏ်ငွေသိမ်းယာဉ်အား လုယက်မှုကျူးလွန်သူများက Probox ယာဉ်အမျိုးအစားဖြင့် နောက်မှလိုက်ပါလာကာ

ခြိမ်းခြောက်ပြီး ပီနံအိတ် ၄လုံးဖြင့်ထည့်ထားသော ငွေကျပ်သိန်း ၃၀၀၀ကို လုယက်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်

ဖော်ထုတ်စစ်ဆေးချက်များအရ လုယက်မှုကျူးလွန်သူ အမျိုးသား ၅ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ငွေကျပ်သိန်း ၃၀၀၀အနက်

ငွေကျပ်သိန်း ၂၂၁၀နဲ့ လုယက်မှုမှရရှိတဲ့ငွေဖြင့် ဝယ်ယူထားသော ဆိုင်ကယ်တစ်စီးအပါအဝင် ရွှေဆွဲကုံတစ်ကုံးနဲ့ ဖုန်း ၃လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်

ရန်ကုန်တိုင်းအတွင်း ဘဏ်ဓါးပြတိုက် လုယက်မှု ၁၁မှုဖြစ်ပွားခဲ့သည့်အနက် ၉မှုအထိ ဖော်ထုတ်နိုင်ခဲ့ကာ တရားခံ အမျိုးသား ၄၉ဦး အမျိုးသမီး ၈ဦးဖြင့် စုစုပေါင်း ၅၇ဦးကို ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာလည်းဖြစ်ပါတယ် Credit- Myanma Platform