Local News

နေပြည် တော်အမြန်လမ်း ကားပေါ်တွင် ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီးက ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်၊ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ အခင်းဖြစ်ပွားသည့် မေ ၂၀ ညပိုင်း အမြန်လမ်းပိတ်ထားခဲ့

ရန်ကုန်၊ မေ ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်း တွင် မေလ ၂၀ ရက်နေ့ ညပိုင်း တာဝန်ကျ ဗိုလ် ကြီး က မူးယစ်ဆေးဝါး သုံးစွဲ ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်ရာ ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။

မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲကျော်အချိန် မူးယစ်ဆေးဝါး သုံးစွဲသူ လုံခြုံရေးတာဝန်ကျ ဗိုလ်ကြီးက ကားပေါ်တွင် လိုက်ပါလာသူ အခြားဗိုလ်ကြီးနှင့် စစ် သားများကို ပစ်ခတ်ခြင်းဖြစ်ပြီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် မေလ ၂၀ ရက်နေ့ ညပိုင်း အမြန်လမ်းကို ည ၈ နာရီမှ ည ၁၀ နာရီကျော်အထိ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။

“ဖြစ်စဉ်ကတော့ တာဝန်ကျနေတဲ့ ဗိုလ်ကြီးက စိတ်ကြွဆေးပြား ပုံမှန်သုံးနေရာက ဆေးကွဲပြီး စစ်ကားပေါ်လိုက်လာတဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ အခြားစစ် သားတွေကို ပစ်ခတ်တာ။

ပစ်ခတ်ခံရသူ ဗိုလ်ကြီး ၁ ဦးသေပါတယ်။ ၃ ဦးဒဏ်ရာရတယ်။ ပစ်ခတ်တဲ့ ဗိုလ်ကြီးဆီမှာ စိတ်ကြွဆေးပြား WY တွေတွေ့တယ်။ ဖြစ်တာက ၁၄၉ မိုင်နားမှာ ဖြစ်တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲပြီး အချင်းချင်း ပြန်လည် ပစ်ခတ်သူ ဗိုလ်ကြီးကို နေပြည် တော် စစ်ဌာနချုပ်က ပြန်လည်ခေါ်သွားယူကြောင်း ၊ အမြန်လမ်း ၁၄၆ မိုင်၊ ၄ ဖာလုံရှိ အမြန်လမ်း ဇီးပင်သာရဲကင်းစခန်းတွင် ပစ်ခတ်မှုဖြစ်စဉ်ကို အမှုဖွင့်လှစ်ထားကြောင်း၊ စစ်တပ်ဘက်က ပစ်ခတ်သူ ဗိုလ်ကြီးကို အရေးယူခြင်း ရှိ၊ မရှိကို မသိရသေးကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆို အရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်တက်လာနေပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ရန်နှင့် ပြည်သူများကို သတ်ဖြတ်ရန်အတွက် ရဲဆေးတင်သည့်အနေဖြင့် စစ်သားများက မူးယစ်ဆေးဝါးများ သုံးစွဲကြခြင်းဖြစ်ကြောင်း၊ စစ်တပ်ထိပ်ပိုင်းကလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများကို လျစ်လျူရှုထားကြောင်း စစ်ဘက်သတင်းရပ်ကွက် ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Zawgyi
ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ တာဝန္က် ဗိုလ္ႀကီးက ေဆးကြဲၿပီး အျခားဗိုလ္ႀကီးႏွင့္စစ္သားမ်ားကို ပစ္ခတ္၊ ပစ္ခတ္ခံရသူ ဗိုလ္ႀကီးေသဆုံးၿပီး ၃ ဦးဒဏ္ရာရ၊ အခင္းျဖစ္ပြားသည့္ ေမ ၂၀ ညပိုင္း အျမန္လမ္းပိတ္ထားခဲ့

ရန္ကုန္၊ ေမ ၂၂

ရန္ကုန္-မႏၲေလး အျမန္လမ္း တြင္ ေမလ ၂၀ ရက္ေန႔ ညပိုင္း တာဝန္က် ဗိုလ္ ႀကီး က မူးယစ္ေဆးဝါး သုံးစြဲ ေဆးကြဲၿပီး အျခားဗိုလ္ႀကီးႏွင့္စစ္သားမ်ားကို ပစ္ခတ္ရာ ပစ္ခတ္ခံရသူ ဗိုလ္ႀကီးေသဆုံးၿပီး ၃ ဦးဒဏ္ရာရရွိေၾကာင္း ေနျပည္ ေတာ္ စစ္ဘက္သတင္းရပ္ကြက္က အတည္ျပဳေျပာဆိုသည္။

ေမလ ၂၀ ရက္ေန႔ ည ၇ နာရီခြဲေက်ာ္အခ်ိန္ မူးယစ္ေဆးဝါး သုံးစြဲသူ လုံျခဳံေရးတာဝန္က် ဗိုလ္ႀကီးက ကားေပၚတြင္ လိုက္ပါလာသူ အျခားဗိုလ္ႀကီးႏွင့္ စစ္ သားမ်ားကို ပစ္ခတ္ျခင္းျဖစ္ၿပီး ၁ ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရာရရွိေၾကာင္း၊ ယင္းျဖစ္စဥ္ေၾကာင့္ ေမလ ၂၀ ရက္ေန႔ ညပိုင္း အျမန္လမ္းကို ည ၈ နာရီမွ ည ၁၀ နာရီေက်ာ္အထိ ပိတ္ဆို႔ထားခဲ့ေၾကာင္း သိရွိရသည္။

“ျဖစ္စဥ္ကေတာ့ တာဝန္က်ေနတဲ့ ဗိုလ္ႀကီးက စိတ္ႂကြေဆးျပား ပုံမွန္သုံးေနရာက ေဆးကြဲၿပီး စစ္ကားေပၚလိုက္လာတဲ့ ဗိုလ္ႀကီးတစ္ဦးနဲ႔ အျခားစစ္ သားေတြကို ပစ္ခတ္တာ။

ပစ္ခတ္ခံရသူ ဗိုလ္ႀကီး ၁ ဦးေသပါတယ္။ ၃ ဦးဒဏ္ရာရတယ္။ ပစ္ခတ္တဲ့ ဗိုလ္ႀကီးဆီမွာ စိတ္ႂကြေဆးျပား WY ေတြေတြ႕တယ္။ ျဖစ္တာက ၁၄၉ မိုင္နားမွာ ျဖစ္တာ” ဟု ေနျပည္ေတာ္ စစ္ဘက္သတင္းရပ္ကြက္က ေျပာဆိုသည္။

မူးယစ္ေဆးဝါး သုံးစြဲၿပီး အခ်င္းခ်င္း ျပန္လည္ ပစ္ခတ္သူ ဗိုလ္ႀကီးကို ေနျပည္ ေတာ္ စစ္ဌာနခ်ဳပ္က ျပန္လည္ေခၚသြားယူေၾကာင္း ၊ အျမန္လမ္း ၁၄၆ မိုင္၊ ၄ ဖာလုံရွိ အျမန္လမ္း ဇီးပင္သာရဲကင္းစခန္းတြင္ ပစ္ခတ္မႈျဖစ္စဥ္ကို အမႈဖြင့္လွစ္ထားေၾကာင္း၊ စစ္တပ္ဘက္က ပစ္ခတ္သူ ဗိုလ္ႀကီးကို အေရးယူျခင္း ရွိ၊ မရွိကို မသိရေသးေၾကာင္း စစ္ဘက္ သတင္းရပ္ကြက္ အဆို အရ သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားအတြင္း မူးယစ္ေဆးဝါး သုံးစြဲမႈမ်ား ျမင့္တက္လာေနၿပီး ျပည္သူမ်ား၏ ေနအိမ္မ်ားကို မီးရွို႔ရန္ႏွင့္ ျပည္သူမ်ားကို သတ္ျဖတ္ရန္အတြက္ ရဲေဆးတင္သည့္အေနျဖင့္ စစ္သားမ်ားက မူးယစ္ေဆးဝါးမ်ား သုံးစြဲၾကျခင္းျဖစ္ေၾကာင္း၊ စစ္တပ္ထိပ္ပိုင္းကလည္း မူးယစ္ေဆးဝါး သုံးစြဲမႈမ်ားကို လ်စ္လ်ဴရႈထားေၾကာင္း စစ္ဘက္သတင္းရပ္ကြက္ ေျပာဆိုသည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား။