News

မိုးသည်းထန်စွာရွာ၍ မိုးကြိုးပစ်ရာမှ အမျိုးသမီး ၂ ဦး သဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ၊ နွယ်ရုံကျေးရွာတွင် မေလ ၂၃ ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ရာမှ အမျိုးသမီးလေးဦး မိုးကြိုးစက်ကွင်းမိ ကာ နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နွယ်ရုံကျေးရွာမှအမျိုးသမီးလေးဦးသည် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်း နေစဉ် လုပ်ငန်းခွင်မှ အိမ်သို့ပြန်လာရာလမ်းတွင် မိုးကြိုးစက်ကွင်းမိပြီး နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“အုန်းကနဲမိုးကြိုးပစ်လိုက်တော့ စက်ကွင်းမိပြီး သူတို့လေးယောက်လုံး လဲကျသွားတယ်။ နှစ်ယောက်က သေတယ်။ ဒဏ်ရာတွေက မီးလောင်ထားတဲ့ဒဏ်ရာတွေလိုမျိုးပဲ။ အောင်သီရိရပ်ကွက်က ကျွန်တော်နဲ့ သိတဲ့ တစ်ယောက်ကတော့ မသေဘူး။ နားစည်ကွဲသွားတယ်။ လေးယောက်ထိတာ နှစ်ယောက် သေတယ် နှစ်ယောက်ကမသေဘူး ” ဟု စဉ့်ကူးမြို့ခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

မိုးကြိုးစက်ကွင်းမိခံရစဉ် အသက်မသေဘဲလွတ်မြောက်သူနှစ်ဦးတွင် တစ်ဦးမှာနှလုံး ယာယီရပ်သွားပြီး နောက်တစ်ဦးမှာ နားစည်ကွဲခဲ့ကြောင်း ၎င်းတို့ကို ကူညီပေးခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းထံက သိရသည်။

“တစ်ယောက်က ဦးခေါင်းနောက်ခြမ်းပွင့်ပြီး အဝတ်အစားတွေပါ မီးကျွမ်းသွားတယ်။ သူက တည့်တည့် ထိတယ်ထင်တာပဲ။ နောက်တစ်ယောက်လည်းမီး လောင်ဒဏ်ရာနဲ့ ပဲသေတာပါ” ဟု မြို့ခံပရဟိတသမား တစ်ဦးကပြောသည်။

#Mizzima
မိုးသည္းထန္စြာ႐ြာ၍ မိုးႀကိဳးပစ္ရာမွ အမ်ိဳးသမီး ၂ ဦး ေသဆုံး

မႏၱေလးတိုင္း၊ ျပင္ဦးလြင္ခရိုင္၊ စဉ့္ကူးၿမိဳ႕နယ္ ေရွာက္ပင္ရိုးေက်း႐ြာအုပ္စု ၊ ႏြယ္႐ုံေက်း႐ြာတြင္ ေမလ ၂၃ ရက္ေန႕ညေနပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီး မိုးႀကိဳးပစ္ရာမွ အမ်ိဳးသမီးေလးဦး မိုးႀကိဳးစက္ကြင္းမိ ကာ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ႏြယ္႐ုံေက်း႐ြာမွအမ်ိဳးသမီးေလးဦးသည္ ယမန္ေန႕ ညေန ၆ နာရီ ၁၅ မိနစ္ခန႔္က မိုးသည္းထန္စြာ ႐ြာသြန္း ေနစဥ္ လုပ္ငန္းခြင္မွ အိမ္သို႔ျပန္လာရာလမ္းတြင္ မိုးႀကိဳးစက္ကြင္းမိၿပီး ႏွစ္ဦး ေသဆုံးခဲ့ျခင္းျဖစ္သည္။

အုန္းကနဲမိုးႀကိဳးပစ္လိုက္ေတာ့ စက္ကြင္းမိၿပီး သူတို႔ေလးေယာက္လုံး လဲက်သြားတယ္။ ႏွစ္ေယာက္က ေသတယ္။ ဒဏ္ရာေတြက မီးေလာင္ထားတဲ့ဒဏ္ရာေတြလိုမ်ိဳးပဲ။ ေအာင္သီရိရပ္ကြက္က ကြၽန္ေတာ္နဲ႕ သိတဲ့ တစ္ေယာက္ကေတာ့ မေသဘူး။ နားစည္ကြဲသြားတယ္။ ေလးေယာက္ထိတာ ႏွစ္ေယာက္ ေသတယ္ ႏွစ္ေယာက္ကမေသဘူး ဟု စဉ့္ကူးၿမိဳ႕ခံ သတင္းရင္းျမစ္ တစ္ဦးကေျပာသည္။

မိုးႀကိဳးစက္ကြင္းမိခံရစဥ္ အသက္မေသဘဲလြတ္ေျမာက္သူႏွစ္ဦးတြင္ တစ္ဦးမွာႏွလုံး ယာယီရပ္သြားၿပီး ေနာက္တစ္ဦးမွာ နားစည္ကြဲခဲ့ေၾကာင္း ၎တို႔ကို ကူညီေပးခဲ့သည့္ ေဒသခံလူမႈကူညီေရးအသင္းထံက သိရသည္။

တစ္ေယာက္က ဦးေခါင္းေနာက္ျခမ္းပြင့္ၿပီး အဝတ္အစားေတြပါ မီးကြၽမ္းသြားတယ္။ သူက တည့္တည့္ ထိတယ္ထင္တာပဲ။ ေနာက္တစ္ေယာက္လည္းမီး ေလာင္ဒဏ္ရာနဲ႕ ပဲေသတာပါ ဟု ၿမိဳ႕ခံပရဟိတသမား တစ္ဦးကေျပာသည္။

#Mizzima