News

မြင်းမူမြို့နယ်၊ အင်းမကျေးရွာမှာ PDFအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကူ PDF ၂ ဦးကျဆုံး

မြင်းမူမြို့နယ်၊ အင်းမကျေးရွာကို စစ်တပ်က ဝင်စီးပြီး ပြည်သူ ၂၀ ကျော်ကို ဓားစာခံဖမ်းဆီး၊ PDFအဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကူ PDF ၂ ဦးကျဆုံး၊

ဂုံညင်းဆိပ်ကျေးရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပစ္စည်းလုယက်ကာ ပြည်သူ ၈ ဦးကို ဖမ်းဆီး

မေ ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အင်းမကျေးရွာကို စစ်တပ်က ယနေ့ နံနက် ၄ နာ ရီအချိန် ၁၂ ဘီးကား ၂ စီးဖြင့် စစ်သား များ သယ်ဆောင်ပြီး ဝင်ရောက်စီးနင်းကာ ပြည်သူ ၂၀ ဦးကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

အင်းမကျေးရွာကို စစ်တပ်က စီးနင်းသည်ဆိုသော သတင်းကြောင့် ပတ်ဝန်း ကျင်ရှိ PDF များက လာရောက် စစ်ကူပြီး ပြည်သူများကို ကယ်ဆယ်ရန် ကြိုး စားရာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားကြောင်း ၊ တိုက်ပွဲအတွင်း PDF ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

မနက် ၄ နာရီက အင်းမရွာဘက်ကို ခွေးတွေက ၁၂ဘီးကား၂စီး နဲ့ ဝင်လာပြီး ဝင်စီးတာ။ အင်းမရွာမဝင်ခင် ရွာအဝင်နားက ထန်းတော တဲတန်းက လူ ၂၀ လောက်ကို ဓါးစာခံ ဖမ်းသွားတယ်။

အင်းမရွာမှာ ရွာခံ PDF တွေနဲ့ အပြန် အလှန်ပစ်ကြတယ်။ ရွှေကျောင်းကန် ရွာသား လာကူတဲ့ PDF ၂ ဦး ကျတယ် ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းနောက် နံနက် ၁၀ နာရီအချိန် စစ်တပ်က အင်းမကျေးရွာမှ ဂုံညင်းဆိပ်ကျေးရွာကို ဝင်စီးပြီး စာသင်ကျောင်းတွင် စခန်းချကြောင်း ၊ စခန်းချပြီး ဂုံညင်းဆိပ်ရွာထဲမှ

အိမ်၊ ဆိုင်များမှ ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများကို လုယက်သွားကြကြောင်း၊ ဒေသခံ ၈ ဦးခန့်ကိုလည်း ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများမှာအရပ်သား ပြည်သူများဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ Crd- Khit Thit

Zawgyi

ျမင္းမူၿမိဳ႕နယ္၊ အင္းမေက်းရြာကို စစ္တပ္က ဝင္စီးၿပီး ျပည္သူ ၂၀ ေက်ာ္ကို ဓားစာခံဖမ္းဆီး၊ PDFအဖြဲ႕ႏွင့္ တိုက္ပြဲျဖစ္ၿပီး စစ္ကူ PDF ၂ ဦးက်ဆုံး၊

ဂုံညင္းဆိပ္ေက်းရြာကိုလည္း စစ္တပ္က ဝင္စီးၿပီး ပစၥည္းလုယက္ကာ ျပည္သူ ၈ ဦးကို ဖမ္းဆီး

ေမ ၂၄

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၊ အင္းမေက်းရြာကို စစ္တပ္က ယေန႔ နံနက္ ၄ နာ ရီအခ်ိန္ ၁၂ ဘီးကား ၂ စီးျဖင့္ စစ္သား မ်ား သယ္ေဆာင္ၿပီး ဝင္ေရာက္စီးနင္းကာ ျပည္သူ ၂၀ ဦးေက်ာ္ကို ဓားစာခံအျဖစ္ ဖမ္းဆီးထားေၾကာင္း‌ ေဒသခံမ်ားထံမွ သိရွိရသည္။

အင္းမေက်းရြာကို စစ္တပ္က စီးနင္းသည္ဆိုေသာ သတင္းေၾကာင့္ ပတ္ဝန္း က်င္ရွိ PDF မ်ားက လာေရာက္ စစ္ကူၿပီး ျပည္သူမ်ားကို ကယ္ဆယ္ရန္ ႀကိဳး စားရာ ႏွစ္ဖက္ အျပန္အလွန္တိုက္ပြဲျဖစ္ပြားေၾကာင္း ၊ တိုက္ပြဲအတြင္း PDF ၂ ဦးက်ဆုံးေၾကာင္း သိရွိရသည္။

မနက္ ၄ နာရီက အင္းမရြာဘက္ကို ေခြးေတြက ၁၂ဘီးကား၂စီး နဲ႔ ဝင္လာၿပီး ဝင္စီးတာ။ အင္းမရြာမဝင္ခင္ ရြာအဝင္နားက ထန္းေတာ တဲတန္းက လူ ၂၀ ေလာက္ကို ဓါးစာခံ ဖမ္းသြားတယ္။

အင္းမရြာမွာ ရြာခံ PDF ေတြနဲ႔ အျပန္ အလွန္ပစ္ၾကတယ္။ ေရႊေက်ာင္းကန္ ရြာသား လာကူတဲ့ PDF ၂ ဦး က်တယ္ ဟု ေဒသခံတစ္ဦးကေျပာသည္။

ယင္းေနာက္ နံနက္ ၁၀ နာရီအခ်ိန္ စစ္တပ္က အင္းမေက်းရြာမွ ဂုံညင္းဆိပ္ေက်းရြာကို ဝင္စီးၿပီး စာသင္ေက်ာင္းတြင္ စခန္းခ်ေၾကာင္း ၊ စခန္းခ်ၿပီး ဂုံညင္းဆိပ္ရြာထဲမွ

အိမ္၊ ဆိုင္မ်ားမွ ဖ်က္ဆီးၿပီး အဖိုးတန္ပစၥည္းမ်ားကို လုယက္သြားၾကေၾကာင္း၊ ေဒသခံ ၈ ဦးခန႔္ကိုလည္း ဖမ္းဆီးသြားၿပီး ဖမ္းဆီးခံရသူမ်ားမွာအရပ္သား ျပည္သူမ်ားျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ Crd- Khit Thit