News

အိမ်မက်ကြီးကြီးတစ်ခုကိုစတင်အကောင်အထည်ဖော်လိုက်ပြီးဖြစ်ကြောင်း ထားထက်ထက်ပြော

အိမ္မက္ႀကီးႀကီးတစ္ခုကိုစတင္အေကာင္အထည္ေဖာ္လိုက္ၿပီးျဖစ္ေၾကာင္း ထားထက္ထက္ေျပာၾကား

ေမလ ၂၄ ရက္ေန႔။

အာဏာသိမ္းစစ္အာဏာရွင္ေတြကို အျမစ္ျပတ္ေအာင္ တိုက္ထုတ္ဖို႔ ေႏြဦးေတာ္လွန္ေရးဆိုၿပီး လမ္းေပၚထြက္ ဆႏၵေတြျပခဲ့ၾကရင္း ၊ တျဖည္းျဖည္းနဲ႔ တစ္ဆင့္ၿပီးတစ္ဆင့္ ေတာ္လွန္ေရးအရွိန္ျမင့္လာလိုက္တာ ခုဆိုအနိုင္ပြဲကို နီးသထက္နီးလို႔လာၿပီဆိုတာ ျပည္သူအားလုံးအသိပဲျဖစ္ပါသည္။

အခုေႏြဦးေတာ္လွန္ေရးမွာ တကယ္ကို အသိမွတ္ျပဳေလးစားမိတဲ့ လူပုဂၢိဳလ္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီလူေတြဟာ ေတာ္လွန္ေရးရဲ့ အခရာ ၊ ေတာ္လွန္ေရးရဲ့ အသက္‌ေတြျဖစ္ပါတယ္။

CDMers

PDF

ျပည္သူမ်ားနဲ႔

ေထာက္ပို႔ရဲေဘာ္ေတြပါပဲ …..

အခုခ်ိန္ဆို အေရးႀကီးဆုံးအပိုင္းက႑ကိုေရာက္လာတာနဲ႔အမၽွ ေတာ္လွန္ေရးအရွိန္ကို ျမႇင့္သထက္ျမႇင့္ေပးနိုင္ဖို႔အတြက္ ၊ တိုက္ပြဲတိုင္းမွာ ေအာင္ျမင္နိုင္ဖို႔အတြက္ ေရွ႕တန္းကေျမျပင္တပ္ရင္းတပ္ဖြဲ႕ေတြကို ပိုမိုအားစိုက္ေထာက္ပို႔နိုင္ဖို႔ လိုအပ္လာပါသည္။

ျပည္တြင္းျပည္ပက ျပည္သူေတြ ပင္ပန္းေနၾကၿပီဆိုတာသိေပမယ့္ အားေလ်ာ့လိုက္လို႔ (လုံးဝ) မျဖစ္တဲ့အေျခေနပဲျဖစ္ပါသည္။

စစ္ေကာင္စီ ဖက္ကလဲ ဒီအေျခကိုျမင္ ၊ ၾကား ၊ သိေနတာမို႔ သူတို႔ဖက္ကလဲ အရွိန္တိုးျမႇင့္ဖို႔ျပင္ဆင္ေနၾကပါသည္။

အခုလိုအေျခေနမွာ ေထာက္ပို႔ေတြအေနနဲ႔ တစ္သီးပုဂၢလ ႀကိဳၾကားေထာက္ပို႔ေနၾကတာထက္ေဒသအလိုက္ ေထာက္ပို႔မႈကိုအရွိန္ျမႇင့္ဖို႔ ၊ ပိုမိုေကာင္းမြန္တဲ့ပြဲေတြေဖာ္ေဆာင္နိုင္ဖို႔ စုစည္းေဆာင္ရြက္ျခင္း ၊ စုေပါင္းေထာက္ပို႔ျခင္းဟာ အေရးပါတယ္လို႔ ယူဆပါသည္။

ဒီအေျခေနကို ေအာင္ျမင္စြာေဖာ္ေဆာင္နိုင္ဖို႔အတြက္ ေႏြဦးေတာ္လွန္ေရးသမိုင္းမွာ မွတ္ေက်ာက္တင္ခံနိုင္မယ့္ ေသြးရင္းေထာက္ပို႔တခ်ိဳ႕နဲ႔ စုစည္းၿပီး ခုဆို အိပ္မက္ႀကီးႀကီးတစ္ခုကို စတင္အေကာင္ထည္ေဖာ္လိုက္ၿပီျဖစ္ပါသည္။

ယခု ရည္မွန္းခ်က္ ေအာင္ျမင္ခဲ့ရင္ တိုင္းေဒသႀကီးအလိုက္ ဒီေထာက္ပို႔စုေပါင္းအားနဲ႔ အလွည့္က် ေထာက္ပို႔သြားၾကမွာပဲျဖစ္ပါသည္။

ယခု ေပါင္းစည္းျခင္းအား နဲ႔ စုဖြဲ႕မႈသည္ ေတာ္လွန္ေရးအတြက္ အုတ္တစ္ခ်ပ္ သဲတစ္ပြင့္အျဖစ္ ထိေရာက္ေအာင္ျမင္ပါေစသား။

မိမိတို႔ရဲ့ “Fund Raiser Network” ကို ထပ္မံခ်ိတ္ဆက္လိုတဲ့ FR တိုင္းကိုလဲ လွိူက္လွိူက္လွဲလွဲႀကိဳဆိုပါတယ္ရွင့္ ဟုဆိုကာ ျပည္သူအမ်ားရဲ့၊ အားေပးေထာက္ပို႔မႈအျပည့္ျဖင့္ ပထမဆုံးရည္မွန္းခ်က္ ေအာင္ျမင္ပါေစသားဟု မထားထက္ထက္ကရင္ဖြင့္ေရးသားထားပါသည္။

အိမ်မက်ကြီးကြီးတစ်ခုကိုစတင်အကောင်အထည်ဖော်လိုက်ပြီးဖြစ်ကြောင်း ထားထက်ထက်ပြောကြား

မေလ ၂၄ ရက်နေ့။

အာဏာသိမ်းစစ်အာဏာရှင်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်ဖို့ နွေဦးတော်လှန်ရေးဆိုပြီး လမ်းပေါ်ထွက် ဆန္ဒတွေပြခဲ့ကြရင်း ၊ တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တော်လှန်ရေးအရှိန်မြင့်လာလိုက်တာ ခုဆိုအနိုင်ပွဲကို နီးသထက်နီးလို့လာပြီဆိုတာ ပြည်သူအားလုံးအသိပဲဖြစ်ပါသည်။

အခုနွေဦးတော်လှန်ရေးမှာ တကယ်ကို အသိမှတ်ပြုလေးစားမိတဲ့ လူပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒီလူတွေဟာ တော်လှန်ရေးရဲ့ အခရာ ၊ တော်လှန်ရေးရဲ့ အသက်‌တွေဖြစ်ပါတယ်။

CDMers

PDF

ပြည်သူများနဲ့

ထောက်ပို့ရဲဘော်တွေပါပဲ …..

အခုချိန်ဆို အရေးကြီးဆုံးအပိုင်းကဏ္ဍကိုရောက်လာတာနဲ့အမျှ တော်လှန်ရေးအရှိန်ကို မြှင့်သထက်မြှင့်ပေးနိုင်ဖို့အတွက် ၊ တိုက်ပွဲတိုင်းမှာ အောင်မြင်နိုင်ဖို့အတွက် ရှေ့တန်းကမြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို ပိုမိုအားစိုက်ထောက်ပို့နိုင်ဖို့ လိုအပ်လာပါသည်။

ပြည်တွင်းပြည်ပက ပြည်သူတွေ ပင်ပန်းနေကြပြီဆိုတာသိပေမယ့် အားလျော့လိုက်လို့ (လုံးဝ) မဖြစ်တဲ့အခြေနေပဲဖြစ်ပါသည်။

စစ်ကောင်စီ ဖက်ကလဲ ဒီအခြေကိုမြင် ၊ ကြား ၊ သိနေတာမို့ သူတို့ဖက်ကလဲ အရှိန်တိုးမြှင့်ဖို့ပြင်ဆင်နေကြပါသည်။

အခုလိုအခြေနေမှာ ထောက်ပို့တွေအနေနဲ့ တစ်သီးပုဂ္ဂလ ကြိုကြားထောက်ပို့နေကြတာထက်ဒေသအလိုက် ထောက်ပို့မှုကိုအရှိန်မြှင့်ဖို့ ၊ ပိုမိုကောင်းမွန်တဲ့ပွဲတွေဖော်ဆောင်နိုင်ဖို့ စုစည်းဆောင်ရွက်ခြင်း ၊ စုပေါင်းထောက်ပို့ခြင်းဟာ အရေးပါတယ်လို့ ယူဆပါသည်။

ဒီအခြေနေကို အောင်မြင်စွာဖော်ဆောင်နိုင်ဖို့အတွက် နွေဦးတော်လှန်ရေးသမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်မယ့် သွေးရင်းထောက်ပို့တချို့နဲ့ စုစည်းပြီး ခုဆို အိပ်မက်ကြီးကြီးတစ်ခုကို စတင်အကောင်ထည်ဖော်လိုက်ပြီဖြစ်ပါသည်။

ယခု ရည်မှန်းချက် အောင်မြင်ခဲ့ရင် တိုင်းဒေသကြီးအလိုက် ဒီထောက်ပို့စုပေါင်းအားနဲ့ အလှည့်ကျ ထောက်ပို့သွားကြမှာပဲဖြစ်ပါသည်။

ယခု ပေါင်းစည်းခြင်းအား နဲ့ စုဖွဲ့မှုသည် တော်လှန်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ထိရောက်အောင်မြင်ပါစေသား။

မိမိတို့ရဲ့ “Fund Raiser Network” ကို ထပ်မံချိတ်ဆက်လိုတဲ့ FR တိုင်းကိုလဲ လှိူက်လှိူက်လှဲလှဲကြိုဆိုပါတယ်ရှင့် ဟုဆိုကာ ပြည်သူအများရဲ့၊ အားပေးထောက်ပို့မှုအပြည့်ဖြင့် ပထမဆုံးရည်မှန်းချက် အောင်မြင်ပါစေသားဟု မထားထက်ထက်ကရင်ဖွင့်ရေးသားထားပါသည်။