Local News

ပျူစောထီးခေါင်ဆောင်အုန်းကြီ မိုးကြိုးပ-စ်ခံရ၍ေ-သဆုံး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးစာမျက်နှာက အသိပေးသည်။

“မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်။ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ။ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ။

ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်။ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ။” လို့ ဒေသခံတစ်ဦးကစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မေလ၂၃ရက်နေ့ ညနေ ၆နာရီ၁၅မိနစ်ကလည်းမန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိခဲ့ရပြီး နှစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာများရရှိခဲ့သည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်တောင်များအဖြရ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလဖြစ်ကြောင်းမိုးလေဝသပညာရှင်များကပြောသည်။
Zawgyi
ေအာင္ေဇယ်/Peoples Spring

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ထန္းေတာ႐ြာတြင္ ပ်ဴေစာထီးေခါင္းေဆာင္တစ္ဦးမိုးႀကိဳးပစ္ခံရၿပီးေသဆုံးခဲ့ေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယမန္ေန႕ ေမလ ၂၄ ရက္ေန႕ ညေန ၅ နာရီဝန္းက်င္က မိုးသည္းထန္စြာ ႐ြာသြန္းေနစဥ္ စစ္ကိုင္းၿမိဳ႕နယ္ ထန္းေတာ႐ြာတြင္ေနထိုင္သည့္ ပ်ဴေစာထီးေခါင္းေဆာင္တစ္ဦးျဖစ္သူ အုန္းႀကီးဆိုသူအား မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသြားေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးစာမ်က္ႏွာက အသိေပးသည္။

မေန႕ညေနက မိုးတအား႐ြာေနတဲ့အခ်ိန္ မိုးႀကိဳးပစ္ခ်လိဳက္တာ အုန္းႀကီးကို မိုးႀကိဳးမွန္ၿပီးေသသြားတယ္။ မေကာင္းတာလုပ္ေနတဲ့သူဆိုေတာ့ သဘာဝတရားကလဲမေနဘူးဗ်။ အုန္းႀကီးက ပန္းခ်ီ နဲ႕ မုန္ညင္းေခ်ာင္းၾကားက႐ြာ ထန္းေတာ႐ြာက ပ်ဴေခါင္းေဆာင္ဗ်။

ဒီေကာင့္အေပါင္းအပါေတြရွိေသးတယ္။ ဟိုေကာင္ေတြလဲ လန႔္ေနေလာက္ၿပီ။ လို႔ ေဒသခံတစ္ဦးကစစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးသို႔ ေျဖၾကားထားသည္။

ေမလ၂၃ရက္ေန႕ ညေန ၆နာရီ၁၅မိနစ္ကလည္းမႏၱေလးတိုင္းေဒသႀကီး၊စဉ့္ကူးၿမိဳ႕နယ္၊ေရွာက္ပင္ရိုးေက်း႐ြာအုပ္စု၊ႏြယ္႐ုံေက်း႐ြာတြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး မိုးႀကိဳးပစ္ခဲ့ရာ အမ်ိဳးသမီးေလးေယာက္မိုးႀကိဳးစက္ကြင္းမိခဲ့ရၿပီး ႏွစ္ေယာက္ေသဆုံးကာ ႏွစ္ေယာက္ဒဏ္ရာမ်ားရရွိခဲ့သည္။

အလားတူေမ ၂၄ရက္ေန႕လယ္ပိုင္းတြင္လည္းမႏၱေလးတိုင္း၊ရမည္းသင္းၿမိဳ႕နယ္၊ နန္းလုံ႐ြာတြင္ မိုး႐ြာ၍သစ္ပင္ေအာက္ မိုးခိုေနသည့္ င႐ုတ္စိုက္ေတာင္သူ ၅ ဦးမိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသြားခဲ့သည္။

မိုးဦးကာလတြင္ျမန္မာနိုင္ငံတြင္ မိုးတိမ္ေတာင္မ်ားအျဖရ္မ်ားၿပီး မိုးႀကိဳးပစ္မႈအမ်ားဆုံးကာလျဖစ္ေၾကာင္းမိုးေလဝသပညာရွင္မ်ားကေျပာသည္။