Local News

စစ္ေကာင္စီတပ္စခန္း သိမ္းပိုက္ခံရ

စစ္ေကာင္စီတပ္စခန္း သိမ္းပိုက္ခံရ

ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳနယ္ အေရွ႕ဘက္ျခမ္း ဆီးမီးေလာ့ရြာေအာက္ဘက္က စစ္ေကာင္စီတပ္ရဲ့ စခန္းကို ကရင္နီလက္နက္ကိုင္ ပူးေပါင္းတပ္ဖြဲ႕ေတြက ေမလ ၂၄ ရက္ မေန႔က သိမ္းပိုက္နိုင္ခဲ့တယ္လို႔ ဖယ္ခုံၿမိဳ႕နယ္ PDF တပ္ရင္း ၂ က ေျပာပါတယ္။

ေမလ ၂၄ ရက္ မနက္ ၄ နာရီေလာက္က စစ္ေကာင္စီတပ္ရဲ့ အဲဒီစခန္းကို ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့ၿပီး စစ္ေကာင္စီတပ္သားေတြ ဆုတ္ခြာသြားခဲ့ၾကတယ္လို႔ ဖယ္ခုံၿမိဳ႕ နယ္ PDF တပ္ရင္း ၂ ေျပာခြင့္ရသူတစ္ဦးက RFA ကို ေျပာပါတယ္။

“က်ေနာ္တို႔ မေန႔က သိမ္းလိုက္တယ္။ သူတို႔ ယာယီစခန္းကို မီးရွို႔ဖ်က္ဆီးခဲ့တယ္။ စစ္ေကာင္စီဘက္က ၃၀ ဝန္းက်င္ကေတာ့ က်ိန္းေသပါတယ္။ ပူးေပါင္းတပ္ဖြဲ႕ေတြကလည္းမ်ားေတာ့ ထိခိုက္တာေတြေတာ့ရွိတယ္”

ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းက စစ္ေကာင္စီတပ္စခန္းကို KNDF-တပ္ရင္း ၂၊ ၃၊ ၁၁၊ ၁၄ နဲ႔အတူ KA၊ SSRY၊ ဖယ္ခုံ PDF တပ္ရင္း ၂ တို႔ ပူးေပါင္းတိုက္ခိုက္ၾကရာမွာ ၁၀ ရက္ၾကာတိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က အေယာက္ ၃၀ ေသဆုံးၿပီး KNDF – B 03 က ရဲေဘာ္တစ္ဦး၊ ဖယ္ခုံ PDF တပ္ရင္း၂ က တစ္ဦး၊ စုစုေပါင္း ႏွစ္ဦး ေသဆုံးခဲ့ရတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ဖြဲ႕ တပ္ရင္း ၃ (KNDF – B0 3) က ေမလ ၂၄ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

KNDF ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး RFA က သီးျခားအတည္မျပဳနိုင္ေသးသလို စစ္ေကာင္စီဘက္က တုန႔္ျပန္ခ်က္ရဖို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို ဆက္သြယ္ရာ ဒီေန႔ညေန ၅ နာရီ အထိ ဆက္သြယ္လို႔မရခဲ့ပါဘူး။

KNDF ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး RFA က သီးျခားအတည္မျပဳနိုင္ေသးသလို စစ္ေကာင္စီဘက္ တုန႔္ျပန္ခ်က္ရဖို႔ ဆက္သြယ္ေမးျမန္းေနပါတယ္။ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔က ဖယ္ခုံၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္း ထီရီးေက်းရြာမွာ စစ္ေကာင္စီတပ္နဲ႔ PNO ျပည္သူ႔စစ္ေတြ တပ္စြဲထားတဲ့ ဂိတ္စခန္းကို ကရင္နီလက္နက္ကိုင္ပူးေပါင္းတပ္ဖြဲ႕က ဝင္ေရာက္တိုက္ ခိုက္ၿပီးေနာက္မွာ တိုက္ပြဲေတြ ဆက္တိုက္ျပင္းထန္လာခဲ့တာ ျဖစ္ပါတယ္။

ကယား (ကရင္နီ) ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ဘက္မွာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ စစ္ေကာင္စီတပ္နဲ႔ ကရင္နီလက္နက္ကိုင္တပ္တို႔ ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၁ ခုႏွစ္ ေမလ ၂၁ ရက္ကစၿပီး တိုက္ပြဲေတြ ျဖစ္ပြားလာခဲ့ရာမွာ အခုဆိုရင္ တစ္ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။source-RFA

Zawgyi

စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြိုနယ် အရှေ့ဘက်ခြမ်း ဆီးမီးလော့ရွာအောက်ဘက်က စစ်ကောင်စီတပ်ရဲ့ စခန်းကို ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၂၄ ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် PDF တပ်ရင်း ၂ က ပြောပါတယ်။

မေလ ၂၄ ရက် မနက် ၄ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ အဲဒီစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဖယ်ခုံမြို့ နယ် PDF တပ်ရင်း ၂ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ မနေ့က သိမ်းလိုက်တယ်။ သူတို့ ယာယီစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်ကတော့ ကျိန်းသေပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေကလည်းများတော့ ထိခိုက်တာတွေတော့ရှိတယ်”

ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းကို KNDF-တပ်ရင်း ၂၊ ၃၊ ၁၁၊ ၁၄ နဲ့အတူ KA၊ SSRY၊ ဖယ်ခုံ PDF တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ကြရာမှာ ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးပြီး KNDF – B 03 က ရဲဘော်တစ်ဦး၊ ဖယ်ခုံ PDF တပ်ရင်း၂ က တစ်ဦး၊ စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ (KNDF – B0 3) က မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

KNDF ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုန့်ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာ ဒီနေ့ညနေ ၅ နာရီ အထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

KNDF ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် တုန့်ပြန်ချက်ရဖို့ ဆက်သွယ်မေးမြန်းနေပါတယ်။ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း ထီရီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ ဂိတ်စခန်းကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ပြီးနောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှာ စစ်တပ်အာဏာသိမ်းပြီး နောက် စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင်တပ်တို့ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ရာမှာ အခုဆိုရင် တစ်နှစ်ရှိနေပြီ ဖြစ်ပါတယ်။source-RFA