News

မြန်မာတနိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင်များကို ယဉ်ကျေးလိမ်မာသင်တန်း စတင်ပေး

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

ပုသိမ်၊ မေလ ၂၅ ရက်

တိုင်းနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ စစ်ကောင်စီဩဇာခံ ရဲတပ်ဖွဲ့ဝင်တွေကို ယဉ်ကျေးလိမ်မာသင်တန်းပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှာ မေလ ၂၅ ရက်နေ့ကစတင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဧရာရွှေဝါခန်းမမှာ ဗုဒ္ဓ ဘာသာအခြေခံနဲ့ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်လှစ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“သင်တန်းဖွင့်တာတော့ ဟုတ်တယ် အမှန်က ခေါင်းစဉ်က မရှင်းမရှင်းရေးလိုဖြစ်သွားတာ မိသားစုဝင်တွေရဲ့ သားသမီးတွေကိုပေးတာပါ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အခြေခံဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးလိမ္မာသင်တန်းကို မေလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ သင်တန်းပို့ချသွားမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်မိသားစုဝင်တွေနဲ့ သားသမီးတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းမှာတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းတွေ သင်ကြားပေးမှာဖြစ်ပြီး ယဉ်ကျေးလိမ္မာအောင် ဆုံးမပေးတဲ့စာပေတွေနဲ့ တရားတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်

ဧရာဝတီတိုင်းမ်

ျမန္မာတနိုင္ငံလုံးက ရဲတပ္ဖြဲ႕ဝင္မ်ားကို ယဥ္ေက်းလိမ္မာသင္တန္း စတင္ေပး

မင္းျမတ္ေမာင္/ဧရာဝတီတိုင္းမ္

ပုသိမ္၊ ေမလ ၂၅ ရက္

တိုင္းနဲ႔ျပည္နယ္အလိုက္မွာရွိတဲ့ စစ္ေကာင္စီဩဇာခံ ရဲတပ္ဖြဲ႕ဝင္ေတြကို ယဥ္ေက်းလိမ္မာသင္တန္းေပးဖို႔ စစ္ေကာင္စီက ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မွာ ေမလ ၂၅ ရက္ေန႔ကစတင္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို ဧရာေရႊဝါခန္းမမွာ ဗုဒၶ ဘာသာအေျခခံနဲ႔ ယဥ္ေက်း လိမၼာသင္တန္းဖြင့္လွစ္ေနတယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းဝိုင္းက သိရပါတယ္။

“သင္တန္းဖြင့္တာေတာ့ ဟုတ္တယ္ အမွန္က ေခါင္းစဥ္က မရွင္းမရွင္းေရးလိုျဖစ္သြားတာ မိသားစုဝင္ေတြရဲ့ သားသမီးေတြကိုေပးတာပါ”လို႔ ရဲတပ္ဖြဲ႕ဝင္တဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

အေျခခံဗုဒၶဘာသာနဲ႔ ယဥ္ေက်းလိမၼာသင္တန္းကို ေမလ ၂၅ ရက္ေန႔ကေန ၃၁ ရက္ေန႔ထိ သင္တန္းပို႔ခ်သြားမွာ ျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္မိသားစုဝင္ေတြနဲ႔ သားသမီးေတြကို သင္ၾကားေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

သင္တန္းမွာေတာ့ ဗုဒၶဘာသာနဲ႔ပတ္သက္တဲ့အေၾကာင္းေတြ သင္ၾကားေပးမွာျဖစ္ၿပီး ယဥ္ေက်းလိမၼာေအာင္ ဆုံးမေပးတဲ့စာေပေတြနဲ႔ တရားေတြကို သင္ၾကားေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္

ဧရာဝတီတိုင္းမ္