News
မိန်းမအိမ်ပေါ်ကဆင်းသွားသဖြင့် ယောင်္ကျားဖြစ်သူမှ မိသားစုအဆင်မပြေဖြစ်ရာကနေ တစ်မိသားစုလုံး
Credit Original writer
ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇနီးသည် အိမ်ပေါ်ကဆင်းသွားသဖြင့် သူ၏ ကလေးငယ် ၃ ဦးကို ပေါင်းသတ်ဆေးတိုက်ခဲ့ပြီးသူကိုယ်တိုင်လည်း တူမီးေ-သနတ်ဖြင့် အဆုံ-းစီရင်သွားခဲ့သည်။
နမ့်ဟွေယွန်း ကျေးရွာမှ လီပိုး ဆိုသူ အမျိုးသားသည် သူ့ကိုယ်သူ အဆုံးမစီရင်မီ အသက် ၂ နှစ် နှင့် ၆ နှစ်အရွယ်သူ၏ သားနှစ်ဦးနှင့် အသက် ၅ နှစ်အရွယျသမီးတို့အား ပေါင်းသတ်ဆေး တိုက်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်
။ပေါင်းသတ်ဆေး သောက်ခဲ့ရသည့် ကလေးငယ်များသည် မူးဝေအော့အန်ခဲ့ပြီး ဖခင်ဖြစ်သူသည် သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။
ကလေးငယ်များ၏ ဝေဒနာမှာ မစိုးရိမ်ရဘဲ မကြာခင် ပြန်လည် သက်သာလာနိုင်ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်ကဆိုသည်။
ကလေးငယ်များအားပေါင်းသတ်ဆေးတိုက်ပြီး သေကြောင်းကြံစည်ခဲ့သည့် သူ့အား လူသတ်ရန်ကြံစည်မှု/ မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှု တို့ဖြင့်ရဲက အမှုဖွင့်ထားသည်။