News

ဖေဘုန်းဘုန်းချစ်သော ဓမ္မဒူတမောင်မယ်များမှ တောင်းဆိုချက်

ပြည်သူများကို သက်ဖြတ်နေခြင်းအား နှုတ်ဆိတ်မနေရန် ဒေါက်တာအရှင်ဆေကိန္ဒအား ဓမ္မဒူတမောင်မယ်များအဖွဲ့ တောင်းဆို

မဲခေါင်၊ မေ ၂၅

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများကို သက်ဖြတ်နေခြင်းအား နှုတ်ဆိတ်နေခြင်းမပြုဘဲ ကယ်တင်ပေးရန် ဒေါက်တာအရှင်ဆေကိန္ဒအား ဓမ္မဒူတမောင်မယ်များအဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဖြတ်ခံရသူများတွင် ဓမ္မဒူတမောင်မယ်အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒေါက်တာအရှင်ဆေကိန္ဒသည် NLD အစိုးရလက်ထက် မန္တလေးဆည်ကျိုးရာတွင် ပြည်သူများအတွက် ညအချိန်တွင်ပင်ကူညီ

ကိုယ်တိုင်ကြွရောက်ကူညီခဲ့ပြီး ယခုအချိန်တွင်လည်း ကူညီပေးရန် အဖွဲ့သားများက တောင်းဆိုသည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ သွေးစွန်းလက်ဖြင့် ထီးတော်တင်သည့်ပွဲသို့ အရှင်ဘုရားကိုယ်တိုင်ကြွရောက်ခဲ့ပြီး

ပြည်သူများအား သက်ဖြတ်နေမှုကို နှုတ်ဆိတ်မနေဘဲ ကယ်တင်ပေးရန်အတွက် အဖွဲ့သားများက တောင်းဆိုခြင်းဖြစ်သည်။

ယင်းတောင်းဆိုမှုနှင့်ပတ်သက်ပြီး ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒဘက်မှ တုံ့ပြန်မှုတစုံတခုမှ ပြောကြားထုတ်ပြန်ခြင်း မရှိသေးပေ။ #MeKongNews

=========

ျပည္သူမ်ားကို သက္ျဖတ္ေနျခင္းအား ႏႈတ္ဆိတ္မေနရန္ ေဒါက္တာအရွင္ေဆကိႏၵအား ဓမၼဒူတေမာင္မယ္မ်ားအဖြဲ႕ ေတာင္းဆို

မဲေခါင္၊ ေမ ၂၅

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျပည္သူမ်ားကို သက္ျဖတ္ေနျခင္းအား ႏႈတ္ဆိတ္ေနျခင္းမျပဳဘဲ ကယ္တင္ေပးရန္ ေဒါက္တာအရွင္ေဆကိႏၵအား ဓမၼဒူတေမာင္မယ္မ်ားအဖြဲ႕က ထုတ္ျပန္ေတာင္းဆိုလိုက္သည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ သက္ျဖတ္ခံရသူမ်ားတြင္ ဓမၼဒူတေမာင္မယ္အဖြဲ႕ဝင္မ်ားလည္း ပါဝင္သည္ဟု ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ေဒါက္တာအရွင္ေဆကိႏၵသည္ NLD အစိုးရလက္ထက္ မႏၲေလးဆည္က်ိဳးရာတြင္ ျပည္သူမ်ားအတြက္ ညအခ်ိန္တြင္ပင္ကူညီ

ကိုယ္တိုင္ႂကြေရာက္ကူညီခဲ့ၿပီး ယခုအခ်ိန္တြင္လည္း ကူညီေပးရန္ အဖြဲ႕သားမ်ားက ေတာင္းဆိုသည္။

အာဏာသိမ္းေခါင္းေဆာင္မင္းေအာင္လွိုင္၏ ေသြးစြန္းလက္ျဖင့္ ထီးေတာ္တင္သည့္ပြဲသို႔ အရွင္ဘုရားကိုယ္တိုင္ႂကြေရာက္ခဲ့ၿပီး

ျပည္သူမ်ားအား သက္ျဖတ္ေနမႈကို ႏႈတ္ဆိတ္မေနဘဲ ကယ္တင္ေပးရန္အတြက္ အဖြဲ႕သားမ်ားက ေတာင္းဆိုျခင္းျဖစ္သည္။

ယင္းေတာင္းဆိုမႈႏွင့္ပတ္သက္ၿပီး ဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵဘက္မွ တုံ႔ျပန္မႈတစုံတခုမွ ေျပာၾကားထုတ္ျပန္ျခင္း မရွိေသးေပ။ #MeKongNews