Local News

ေဒါင္းနဲ႔ ပိုင္ၿဖိဳးသု သ႐ုပ္ေဆာင္ထားတဲ့ “နိုင္ငံေပ်ာက္သူ” ဆိုတဲ့ ဇာတ္ကားေလးရဲ့ ပိုစတာေလးကို ငိုင္ၿပီး ၾကည့္ေနမိတယ့္ ပန္ဆယ္လို

ဒါရိုက်တာဏကြီး ရိုက်ကူးပြီး ဒေါင်းနဲ့ ပိုင်ဖြိုးသု သရုပ်ဆောင်ထားတဲ့ “နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်ကားလေးရဲ့ ပိုစတာလေးကို ငိုင်ပြီး ကြည့်နေမိတယ်။

“နိုင်ငံပျောက်သူ” တဲ့။ ဝရမ်းပြေးဘဝနဲ့ သူများနိုင်ငံထဲကို ခိုးဝင်ခဲ့ရစဉ်က အချိန်တွေ ခေါင်းထဲ ပြန်ရောက်လာတယ်။ သိမ်ငယ်လိုက်ရတာ။ အခိုးအငွေ့တစ်ခုလို ပျောက်ကွယ်သွားချင်တဲ့ သိမ်ငယ်စိတ်ဟာ စူးနစ်။ အမှုန်အမွှားတစ်ခုလို မှုန်ဝါးပျောက်ကွယ်သွားတော့မတတ်ပဲ။

Passport အနီလေးကိုင်ပြီး ချက်ချင်းထသွားလို့ရတဲ့ နိုင်ငံမျိုး၊ အဲ့နိုင်ငံမှာ သုံးချင်ဖြုန်းချင်ရင် အဲ့နိုင်ငံသားတွေကို Tip Money ပေးပြီး ခိုင်းလို့ရတဲ့ အခြေအနေမျိုးကနေ ဟိုးနယ်စပ်ဇနပုဒ်ကနေ အမှောင်ကို အကွယ်အကွယ်ယူပြီး နိုင်ငံဖြတ်ကျော်ခိုးဝင်ခဲ့ရ။

ဟုတ်တယ်… နေ့ချင်းညချင်း ကိုယ့်နိုင်ငံကြီးက ပျောက်သွားခဲ့တာ။ စစ်အာဏာရူးခွေးတွေကြောင့် ကျေနပ်နှစ်သိမ့်ဖွယ်ရာ အခြေအနေကနေ အားလုံးပြောင်းပြန်လှန်လိုက်သလို ပျောက်ဆုံးသွားခဲ့တာ။

ပြစ်မှုကျူးလွန်သူတွေဟာ သေနတ်ကိုင်လိုက်တယ်။ ဘာအပြစ်မှ မကျူးလွန်ကြသူတွေဟာ အပြစ်သား ဖြစ်သွားတယ်။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်သူတွေက နိုင်ငံတော်သစ္စာဖောက်မှုလို့ ပုဒ်မတပ်တော့ အော်အော်ရယ်ရသေးတာ။

တစ်နှစ်ကျော်အကြာမှာ နိုင်ငံသားအဖြစ်က ရပ်စဲလိုက်သည်ဆိုတော့ ကိုယ့်မှာ သုံးရက်လောက် ခွဲခွဲရယ်ရသေးတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နိုင်ငံပျောက်သွားသူတစ်ယောက်အတွက် စော င် ဖက်လုပ်စရာမရှိတဲ့ အမိန့်တွေဟာ ဘာအရေးတကြီးရှိမှာမို့လဲ။

နိုင်ငံထဲမှာနေရင်း နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့သူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။ အပြစ်မဲ့ သက်ဖြတ် ဖမ်းဆီးခံနေရသူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။

အိုးအိမ်တွေ ဖျက်ဆီးမီးရှို့ခံနေရသူတွေကရော နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။ ကိုယ့်နေရာလေး အေးနေသေးလို့ ဒီနွေကို မပူဘူး ထင်နေကြသူတွေကရော ဘာခိုင်မာမှုမှ မရှိတော့တဲ့ အခြေအနေဟာ နိုင်ငံပျောက်သူတွေပဲ မဟုတ်လား။

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတာကို လိပ်ပြာသန့်သန့် အော်ဆိုနိုင်မယ့် နိုင်ငံကို ပြန်လည် ရှာဖွေနေကြရတယ်။ ဒီနိုင်ငံဟာ စစ်ဘီလူး အာဏာရူးတွေလက်ထဲ thwayစက်လက်နဲ့ ပျောက်ဆုံးနေခဲ့။

ပျောက်ဆုံးသွားတဲ့ နိုင်ငံတော်ကို တူးဆွရှာဖွေနေတဲ့ လူငယ်တွေရဲ့ လက်တွေဟာ ပေါက်ပြဲလို့၊ နှလုံးသားတွေဟာ သွေးချင်းချင်းရဲလို့။ အချို့တွေဟာ ပျောက်ဆုံးမှန်းမသိ တုံဏှိဘာဝေ။

တုံဏှိဘာဝေတွေအတွက် တက်ကြွသူလူငယ်တွေဟာ ပိုပိုပေးဆပ်နေရလို့။ နိုင်ငံပျောက်ကြီးထဲမှာ အနာဂတ်ပျောက်နေတဲ့ ကလေးတွေမှာ ဦးနှောက်ကင်ဆာတွေနဲ့။

နိုင်ငံခြားရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလေးတစ်ခုကို ပြန်သတိရမိတယ်။ “အိမ်ဆိုတာ ဘာလဲ… သိလား” “ဘယ်ကိုမှ အဝေးကြီး ထွက်သွားစရာ မလိုတော့အောင် စိတ်ချလုံခြုံရတဲ့ နေရာပေါ့” တဲ့။

ပျောက်ဆုံးသွားတဲ့နိုင်ငံတော်ကို ကိုယ့်ခွန်ကိုယ်အား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရှာဖွေ ဆယ်ယူနေဆဲ။ ကိုယ်စိတ်ပျက်မသွားပါဘူး။ စစ်အာဏာရူးတွေကိုကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်ကိုမှ အဝေးကြီးထွက်သွားစရာမလိုတဲ့ အိမ်စစ်စစ်ကိုမှ ပြန်မရရင် ကိုယ်ဘယ်တော့မှ လွမ်းနေဖြစ်မှာ မဟုတ်တော့ဘူး။ ပန်ဆယ်လို

ဒါရိုက္တာဏႀကီး ရိုက္ကူးၿပီး ေဒါင္းနဲ႔ ပိုင္ၿဖိဳးသု သ႐ုပ္ေဆာင္ထားတဲ့ “နိုင္ငံေပ်ာက္သူ” ဆိုတဲ့ ဇာတ္ကားေလးရဲ့ ပိုစတာေလးကို ငိုင္ၿပီး ၾကည့္ေနမိတယ္။

“နိုင္ငံေပ်ာက္သူ” တဲ့။ ဝရမ္းေျပးဘဝနဲ႔ သူမ်ားနိုင္ငံထဲကို ခိုးဝင္ခဲ့ရစဥ္က အခ်ိန္ေတြ ေခါင္းထဲ ျပန္ေရာက္လာတယ္။ သိမ္ငယ္လိုက္ရတာ။ အခိုးအေငြ႕တစ္ခုလို ေပ်ာက္ကြယ္သြားခ်င္တဲ့ သိမ္ငယ္စိတ္ဟာ စူးနစ္။ အမႈန္အမႊားတစ္ခုလို မႈန္ဝါးေပ်ာက္ကြယ္သြားေတာ့မတတ္ပဲ။

Passport အနီေလးကိုင္ၿပီး ခ်က္ခ်င္းထသြားလို႔ရတဲ့ နိုင္ငံမ်ိဳး၊ အဲ့နိုင္ငံမွာ သုံးခ်င္ျဖဳန္းခ်င္ရင္ အဲ့နိုင္ငံသားေတြကို Tip Money ေပးၿပီး ခိုင္းလို႔ရတဲ့ အေျခအေနမ်ိဳးကေန ဟိုးနယ္စပ္ဇနပုဒ္ကေန အေမွာင္ကို အကြယ္အကြယ္ယူၿပီး နိုင္ငံျဖတ္ေက်ာ္ခိုးဝင္ခဲ့ရ။

ဟုတ္တယ္… ေန႔ခ်င္းညခ်င္း ကိုယ့္နိုင္ငံႀကီးက ေပ်ာက္သြားခဲ့တာ။ စစ္အာဏာ႐ူးေခြးေတြေၾကာင့္ ေက်နပ္ႏွစ္သိမ့္ဖြယ္ရာ အေျခအေနကေန အားလုံးေျပာင္းျပန္လွန္လိုက္သလို ေပ်ာက္ဆုံးသြားခဲ့တာ။

ျပစ္မႈက်ဴးလြန္သူေတြဟာ ေသနတ္ကိုင္လိုက္တယ္။ ဘာအျပစ္မွ မက်ဴးလြန္ၾကသူေတြဟာ အျပစ္သား ျဖစ္သြားတယ္။ နိုင္ငံေတာ္ကို သစၥာေဖာက္ဖ်က္သူေတြက နိုင္ငံေတာ္သစၥာေဖာက္မႈလို႔ ပုဒ္မတပ္ေတာ့ ေအာ္ေအာ္ရယ္ရေသးတာ။

တစ္ႏွစ္ေက်ာ္အၾကာမွာ နိုင္ငံသားအျဖစ္က ရပ္စဲလိုက္သည္ဆိုေတာ့ ကိုယ့္မွာ သုံးရက္ေလာက္ ခြဲခြဲရယ္ရေသးတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက နိုင္ငံေပ်ာက္သြားသူတစ္ေယာက္အတြက္ ေစာ င္ ဖက္လုပ္စရာမရွိတဲ့ အမိန႔္ေတြဟာ ဘာအေရးတႀကီးရွိမွာမို႔လဲ။

နိုင္ငံထဲမွာေနရင္း နိုင္ငံသားတစ္ေယာက္ရဲ့ အေျခခံအခြင့္အေရးေတြ ဆုံးရႈံးေနရတဲ့သူေတြကေရာ နိုင္ငံေပ်ာက္သူေတြပဲ မဟုတ္လား။ အျပစ္မဲ့ သက္ျဖတ္ ဖမ္းဆီးခံေနရသူေတြကေရာ နိုင္ငံေပ်ာက္သူေတြပဲ မဟုတ္လား။

အိုးအိမ္ေတြ ဖ်က္ဆီးမီးရွို႔ခံေနရသူေတြကေရာ နိုင္ငံေပ်ာက္သူေတြပဲ မဟုတ္လား။ ကိုယ့္ေနရာေလး ေအးေနေသးလို႔ ဒီေႏြကို မပူဘူး ထင္ေနၾကသူေတြကေရာ ဘာခိုင္မာမႈမွ မရွိေတာ့တဲ့ အေျခအေနဟာ နိုင္ငံေပ်ာက္သူေတြပဲ မဟုတ္လား။

တရားမၽွတလြတ္လပ္ျခင္းနဲ႔မေသြဆိုတာကို လိပ္ျပာသန႔္သန႔္ ေအာ္ဆိုနိုင္မယ့္ နိုင္ငံကို ျပန္လည္ ရွာေဖြေနၾကရတယ္။ ဒီနိုင္ငံဟာ စစ္ဘီလူး အာဏာ႐ူးေတြလက္ထဲ thwayစက္လက္နဲ႔ ေပ်ာက္ဆုံးေနခဲ့။

ေပ်ာက္ဆုံးသြားတဲ့ နိုင္ငံေတာ္ကို တူးဆြရွာေဖြေနတဲ့ လူငယ္ေတြရဲ့ လက္ေတြဟာ ေပါက္ျပဲလို႔၊ ႏွလုံးသားေတြဟာ ေသြးခ်င္းခ်င္းရဲလို႔။ အခ်ိဳ႕ေတြဟာ ေပ်ာက္ဆုံးမွန္းမသိ တုံဏွိဘာေဝ။

တုံဏွိဘာေဝေတြအတြက္ တက္ႂကြသူလူငယ္ေတြဟာ ပိုပိုေပးဆပ္ေနရလို႔။ နိုင္ငံေပ်ာက္ႀကီးထဲမွာ အနာဂတ္ေပ်ာက္ေနတဲ့ ကေလးေတြမွာ ဦးေႏွာက္ကင္ဆာေတြနဲ႔။

နိုင္ငံျခား႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းေလးတစ္ခုကို ျပန္သတိရမိတယ္။ “အိမ္ဆိုတာ ဘာလဲ… သိလား” “ဘယ္ကိုမွ အေဝးႀကီး ထြက္သြားစရာ မလိုေတာ့ေအာင္ စိတ္ခ်လုံျခဳံရတဲ့ ေနရာေပါ့” တဲ့။

ေပ်ာက္ဆုံးသြားတဲ့နိုင္ငံေတာ္ကို ကိုယ့္ခြန္ကိုယ္အား ကိုယ္စြမ္းဉာဏ္စြမ္းရွိသမၽွ ရွာေဖြ ဆယ္ယူေနဆဲ။ ကိုယ္စိတ္ပ်က္မသြားပါဘူး။ စစ္အာဏာ႐ူးေတြကိုကလြဲရင္ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါဘူး။ ဒါေပမယ့္ ဘယ္ကိုမွ အေဝးႀကီးထြက္သြားစရာမလိုတဲ့ အိမ္စစ္စစ္ကိုမွ ျပန္မရရင္ ကိုယ္ဘယ္ေတာ့မွ လြမ္းေနျဖစ္မွာ မဟုတ္ေတာ့ဘူး။ ပန္ဆယ္လို