Local News

ဦးဇော်ဌေး ကွယ်လွန်မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဦးဇော်ဌေး ကွယ်လွန်မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး ရုတ်တရက် ကွယ်လွန် သွားတဲ့အပေါ် အလွန် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၄ ရက်နေ့က ပြောဆိုလိုက်တယ်လို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးဇော်ဌေးက ၂၃ ရက်နေ့ ဆုံးတယ်။ ၂၄ ရက်နေ့ တရားခွင်မှာ အန်တီဒေါ်အောင်ဆန်းစုကြည်က သိသွားတယ်။ သူ အရမ်းစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောပါတယ်။ သူပြောတဲ့အချိန်မှာ ရှေ့နေတွေနဲ့ ကိုရဲမင်းဦးတို့လည်း ရှိနေတယ်။ ဒီသတင်းစကားကိုလည်း အန်တီက ဦးဇော်ဌေးမိသားစုကိုပါ သိစေချင်ပုံရပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ အစွပ်စွဲခံထားရတဲ့ အဂတိအမှုတွေထဲက အမှုလေးမှုအတွက် မေလ ၂၄ ရက်နေ့မှာပဲ နေပြည်တော် အထူးတရားရုံးမှာ စွဲချက်တင်ခံခဲ့ရပါတယ်။

သူနဲ့အတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ပါဝင်ပါတယ်။ ဦးဇော်ဌေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်ရကြောင်းပြောတာ မှန်ကန်တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပါတယ်။ ဒါပေမဲ့ အသေးစိတ် ပြန်ပြောပြဖို့ကိုတော့ သူက ငြင်းဆိုပါတယ်။

ဦးဇော်ဌေးဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီထံမှာ အလုပ်ဆက်လုပ်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးရိပ်သာတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။

စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်း၊ အသက် ၄၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဦးဇော်ဌေးဟာ အဲဒီနောက်ပိုင်း အစိုးရအရာရှိတာဝန်ကနေ အနားယူပြီး နေပြည်တော်မှာ ဆက်လက်နေထိုင်ရင်း မေလ ၂၃ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာပါ။

အစိုးရအဆက်ဆက် နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့ရသူ ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူဝါဒခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။
Zawgyiဦးေဇာ္ေဌး ကြယ္လြန္မႈအေပၚ စိတ္မေကာင္းျဖစ္ရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) အစိုးရလက္ထက္မွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူနဲ႕ နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဦးေဇာ္ေဌး ႐ုတ္တရက္ ကြယ္လြန္ သြားတဲ့အေပၚ အလြန္ စိတ္မေကာင္းျဖစ္ရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေမလ ၂၄ ရက္ေန႕က ေျပာဆိုလိုက္တယ္လို႔ NLD ပါတီနဲ႕ နီးစပ္သူတစ္ဦးက RFA ကို ေျပာပါတယ္။

ဦးေဇာ္ေဌးက ၂၃ ရက္ေန႕ ဆုံးတယ္။ ၂၄ ရက္ေန႕ တရားခြင္မွာ အန္တီေဒၚေအာင္ဆန္းစုၾကည္က သိသြားတယ္။ သူ အရမ္းစိတ္မေကာင္း ျဖစ္ရတဲ့အေၾကာင္း ေျပာပါတယ္။ သူေျပာတဲ့အခ်ိန္မွာ ေရွ႕ေနေတြနဲ႕ ကိုရဲမင္းဦးတို႔လည္း ရွိေနတယ္။ ဒီသတင္းစကားကိုလည္း အန္တီက ဦးေဇာ္ေဌးမိသားစုကိုပါ သိေစခ်င္ပုံရပါတယ္

ေဒၚေအာင္ဆန္းစုၾကည္ဟာ အစြပ္စြဲခံထားရတဲ့ အဂတိအမႈေတြထဲက အမႈေလးမႈအတြက္ ေမလ ၂၄ ရက္ေန႕မွာပဲ ေနျပည္ေတာ္ အထူးတရား႐ုံးမွာ စြဲခ်က္တင္ခံခဲ့ရပါတယ္။

သူနဲ႕အတူ ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးနဲ႕ ေနျပည္ေတာ္ စည္ပင္ေကာ္မတီဝင္ ဦးမင္းသူတို႔လည္း ပါဝင္ပါတယ္။ ဦးေဇာ္ေဌးနဲ႕ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က စိတ္မေကာင္းျဖစ္ရေၾကာင္းေျပာတာ မွန္ကန္တယ္လို႔ ေရွ႕ေန အသိုင္းအဝိုင္းနဲ႕ နီးစပ္သူတစ္ဦးက RFA ကို အတည္ျပဳပါတယ္။ ဒါေပမဲ့ အေသးစိတ္ ျပန္ေျပာျပဖို႔ကိုေတာ့ သူက ျငင္းဆိုပါတယ္။

ဦးေဇာ္ေဌးဟာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီထံမွာ အလုပ္ဆက္လုပ္ဖို႔ ျငင္းဆိုခဲ့တဲ့အတြက္ ေနျပည္ေတာ္မွာရွိတဲ့ စစ္ေၾကာေရးရိပ္သာတစ္ခုမွာ ထိန္းသိမ္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ဇြန္လမွာမွ ျပန္လည္ လြတ္ေျမာက္လာခဲ့တာပါ။

စစ္တကၠသိုလ္ အပတ္စဥ္ ၃၇ ဆင္း၊ အသက္ ၄၉ ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဗိုလ္မႉးေဟာင္း ဦးေဇာ္ေဌးဟာ အဲဒီေနာက္ပိုင္း အစိုးရအရာရွိတာဝန္ကေန အနားယူၿပီး ေနျပည္ေတာ္မွာ ဆက္လက္ေနထိုင္ရင္း ေမလ ၂၃ ရက္ေန႕မွာ ႏွလုံးေရာဂါနဲ႕ ကြယ္လြန္သြားတာပါ။

အစိုးရအဆက္ဆက္ နိုင္ငံေတာ္အဆင့္ တာဝန္ရွိသူေတြနဲ႕ နီးနီးကပ္ကပ္ ဆက္ဆံခဲ့ရသူ ဦးေဇာ္ေဌးဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႕လည္း နီးနီးကပ္ကပ္ အလုပ္လုပ္ခဲ့ရၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို မူဝါဒခိုင္မာတဲ့ ေခါင္းေဆာင္ျဖစ္ေၾကာင္းနဲ႕ ပုဂၢိုလ္ေရး ယုံၾကည္မႈရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သူျဖစ္ပါတယ္။