Local News
စစ်ကားများ ဆေးအရောင်ပြောင်းပြီး အရပ်သားကားများပုံစံ အသွင်ယူသွားလာ
မန္တလေးမှ စစ်ကားများ ဆေးအရောင်ပြောင်းပြီး အရပ်သားကားများပုံစံ အသွင်ယူသွားလာ
ရန်ကုန်၊ မေ ၂၆
အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုနေသော စစ်ကားများကို ဆေးအရောင်ပြောင်းပြီး အရပ်သားကား အသွင်ယူ သွားလာမှုများရှိနေကြောင်း မန္တလေးဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးမြို့တွင်းမှ ရန်ကုန်-မန္တလေးလမ်းအတိုင်း စစ်ကားများကို အရောင်ပြောင်းပြီး သွားလာနေကြကြောင်း မန္တလေးဒေသခံများက ပြောဆိုကြသည်။
“မန္တလေးမြို့တွင်းကနေ ရန်ကုန်-မန္တလေး လမ်းအ တိုင်းတက်သွားတယ်။ ဒီမနက် ၉ နာရီလောက်ကပါ။
မန္တ လေး မြို့တွင်းကနေ ထွက်သွားတာပဲ မြင်ရပါတယ်။ ဘယ်မြို့ကိုဉီးတည်သွားလဲတော့မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်၊ မေ ၂၆