Local News

စခန်းမှူးရှိ၊မရှိ ဖုန်းဆက်မေးမြန်းပြီး MGN Tiger အဖွဲ့မှ

မြေတော်ရဲကင်းစခန်းအား စခန်းမှူးရှိ၊မရှိ ဖုန်းဆက်မေးမြန်းပြီး MGN Tiger အဖွဲ့မှ သွားရောက်တိုက်ခိုက်ရာ ရဲ ၃ ဦး သေဆုံး

ဧရာဝတီတိုင်းမ်

မေလ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေတော်ရဲကင်းစခန်းအား မေလ ၂၃ ရက်နေ့က စခန်းမှူးရှိ၊မရှိ ဖုန်းဆက်မေးမြန်းပြီး MGN Tiger အဖွဲ့မှ သွားရောက်တိုက်ခိုက်ရာ ရဲ ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MGN Tiger အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

” စခန်းမှုးထံ ဖုန်းဆက်မေးမြန်းခဲ့ရာမှာ စခန်းမှူးကစခန်းမှူးမဟုတ်ကြောင်း ပြန်လည်ဖြေကြားသံကြားပြီးနောက် Tiger တို့ ရှိုးဝါးကိုယ်စီဖြင့် ဒုန်းစိုင်းခဲ့ကြရာ စခန်းမှထွက်ခွါသွားချိန်အမှီ မရောက်လိုက်နိုင်ပေသို့ပေမယ့် ဈေးဝယ်ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေတယ်။ ၂ ဦးဒဏ်ရာရတယ် ” ဟု MGN Tiger အဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို MGN-Tiger ၊YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကြားတပ်)၊Bagan Nyaung Oo PDF၊Black Wolf PDF -Mdy မဟာမိတ်ညီနောင်တို့အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး G3-၂လက်၊G3ကျည် ၃၅ တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း ၂လုံး နှင့် ငွေ-၃၁၄၅၀ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း MGN Tiger အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ေျမေတာ္ရဲကင္းစခန္းအား စခန္းမႉးရွိ၊မရွိ ဖုန္းဆက္ေမးျမန္းၿပီး MGN Tiger အဖြဲ႕မွ သြားေရာက္တိုက္ခိုက္ရာ ရဲ ၃ ဦး ေသဆုံး

ဧရာဝတီတိုင္းမ္

ေမလ ၂၆ ရက္

မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္၊ ေျမေတာ္ရဲကင္းစခန္းအား ေမလ ၂၃ ရက္ေန႕က စခန္းမႉးရွိ၊မရွိ ဖုန္းဆက္ေမးျမန္းၿပီး MGN Tiger အဖြဲ႕မွ သြားေရာက္တိုက္ခိုက္ရာ ရဲ ၃ ဦး ေသဆုံးကာ ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း MGN Tiger အဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

စခန္းမႈးထံ ဖုန္းဆက္ေမးျမန္းခဲ့ရာမွာ စခန္းမႉးကစခန္းမႉးမဟုတ္ေၾကာင္း ျပန္လည္ေျဖၾကားသံၾကားၿပီးေနာက္ Tiger တို႔ ရွိုးဝါးကိုယ္စီျဖင့္ ဒုန္းစိုင္းခဲ့ၾကရာ စခန္းမွထြက္ခြါသြားခ်ိန္အမွီ မေရာက္လိုက္နိုင္ေပသို႔ေပမယ့္ ေဈးဝယ္ျပန္လာတဲ့ ရဲတပ္ဖြဲ႕ဝင္ ၇ ေယာက္ကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၃ ဦး ေသတယ္။ ၂ ဦးဒဏ္ရာရတယ္ ဟု MGN Tiger အဖြဲ႕မွ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။

အဆိုပါ တိုက္ခိုက္မႈကို MGN-Tiger ၊YSO.I S A(ေရလယ္ကြၽန္းေဒသ ေျပာက္ၾကားတပ္)၊Bagan Nyaung Oo PDF၊Black Wolf PDF -Mdy မဟာမိတ္ညီေနာင္တို႔အတူပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး G3-၂လက္၊G3က်ည္ ၃၅ ေတာင့္၊ လက္ပစ္ဗုံးတစ္လုံး၊ ဖုန္း ၂လုံး ႏွင့္ ေငြ-၃၁၄၅၀က်ပ္တို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း MGN Tiger အဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။