စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခြေလျင်မိုင်းရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာဖြင့် တိုက်ခိုက်ခဲ့ရာ ၂၉ ဦးနေရာတင် တေဆုံးပြီး
၁၂ ဦးဒဏ်ရာရရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) တို့ကထုတ် ပြန်သည်။
ယနေ့ (မေလ ၂၆ ရက် ) နံနက်ပိုင်းက ချောင်းဦးမြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီအင်အား (၅၀)ခန့်နှင့် အင် အားအပြည့်လိုက်ပါလာသည့်သံချပ်ကား ၂ စီးကို မုံရွာ- မန္တလေးလမ်းမပေါ် မိုင်းရှာထွက်လာရာ နတ်ရေကန်နှင့် ရေပိုးစားရွာကြားတွင် ပဒေသာတွဲပွိုင့် ၂ ပွိုင့် (နံနံသီး ၈ လုံး) ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာကြောင့် ၂၉ ဦးနေရာတင်တေဆုံး၍ (၁၂)ဦးဒဏ်ရာများ ရရှိသွားကြောင်း MSPDF ကအသိပေးသည်။
CHU PDF တပ်ခွဲ (၃)မှရဲဘော်များနှင့် MSPDF မှရဲဘော်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ချောင်းဦး PDF က ပြောသည်။
ချောင်းဦး PDFသည် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကိုမကြာခဏတိုက်ခိုက်နေသည်။ ယနေ့ နံနက်မှာပင် ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDF လေးဖွဲ့က ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၉ ဦးသေဆုံးခဲ့ကြောင်း ထိုPDF များကထုတ်ပြန်သည်။
(ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းသည် မန္တလေး-မုံရွာလမ်းအတိုင်း စစ်ကိုင်းတိုင်းအတွင်းဝင်ရောက်လာစဉ်။ ။ဓါတ်ပုံ-CJ)
စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံရြာ-မႏၲေလးလမ္းမႀကီးေပၚတြင္ ေျခလ်င္မိုင္းရွာထြက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕အား ပေဒသာျဖင့္ တိုက္ခိုက္ခဲ့ရာ ၂၉ ဦးေနရာတင္ ေတဆုံးၿပီး
၁၂ ဦးဒဏ္ရာရရွိေၾကာင္း ေခ်ာင္းဦးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (CHUPDF)ႏွင့္ ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအထူးတပ္ဖြဲ႕ (MSPDF) တို႔ကထုတ္ ျပန္သည္။
ယေန႔ (ေမလ ၂၆ ရက္ ) နံနက္ပိုင္းက ေခ်ာင္းဦးၿမိဳ႕နယ္မွထြက္ခြာလာေသာ စစ္ေကာင္စီအင္အား (၅၀)ခန႔္ႏွင့္ အင္ အားအျပည့္လိုက္ပါလာသည့္သံခ်ပ္ကား ၂ စီးကို မုံရြာ- မႏၲေလးလမ္းမေပၚ မိုင္းရွာထြက္လာရာ နတ္ေရကန္ႏွင့္ ေရပိုးစားရြာၾကားတြင္ ပေဒသာတြဲပြိဳင့္ ၂ ပြိဳင့္ (နံနံသီး ၈ လုံး) ျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အုပ္စုလိုက္ေျခလ်င္လမ္းေလၽွာက္လာၾကေသာအၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ပေဒသာေၾကာင့္ ၂၉ ဦးေနရာတင္ေတဆုံး၍ (၁၂)ဦးဒဏ္ရာမ်ား ရရွိသြားေၾကာင္း MSPDF ကအသိေပးသည္။
CHU PDF တပ္ခြဲ (၃)မွရဲေဘာ္မ်ားႏွင့္ MSPDF မွရဲေဘာ္မ်ားပူးေပါင္း၍ တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္ၿပီး ရဲေဘာ္မ်ား အထိအခိုက္မရွိဟု ေခ်ာင္းဦး PDF က ေျပာသည္။
ေခ်ာင္းဦး PDFသည္ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္ကိုမၾကာခဏတိုက္ခိုက္ေနသည္။ ယေန႔ နံနက္မွာပင္ ေခ်ာင္းဦး-ျမင္းမူလမ္းပိုင္းတြင္ စစ္ေကာင္စီတပ္ယာဥ္တန္းကို PDF ေလးဖြဲ႕က ပူးေပါင္း၍ မိုင္းဆြဲတိုက္ခိုက္ရာ စစ္သား ၂၉ ဦးေသဆုံးခဲ့ေၾကာင္း ထိုPDF မ်ားကထုတ္ျပန္သည္။
(ဧၿပီလကုန္ပိုင္းတြင္ စစ္ေကာင္စီတပ္ယာဥ္တန္းသည္ မႏၲေလး-မုံရြာလမ္းအတိုင္း စစ္ကိုင္းတိုင္းအတြင္းဝင္ေရာက္လာစဥ္။ ။ဓါတ္ပုံ-CJ)