Local News

စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု ပေပါမိုင်းနဲ့တိုက်ခိုက်ခံရပြီ

မြိုင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု ပေပါမိုင်းနဲ့တိုက်ခိုက်ခံရပြီး အသေအဆုံးများနိုင်

မြိုင်၊ မေ ၂၇၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၂၇ ရက် ဒီနေ့နေ့လည်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီတပ်သားတွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၇၀ ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်၊ နယ်သတ်ရွာနဲ့ တဲကြီးရွာအကြားမှာ ပေပါမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃၀ နီ:ပါး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဗိုလ်လက်ရာက ခန့်မှန်းပါတယ်။


“ နယ်သတ်နဲ့ တဲကြီးအကြားမှာ နေ့လည် ၂ နာရီခွဲလောက်က ပေပါမိုင်း ၂ လုံးဆွဲလိုက်တယ်၊ နောက်တခါ မိုင်းသန်မံ အသေးလေး ၇ လုံးဆွဲလိုက်တယ်၊ သေတာကတော့ အဲဒီနားမှာလှမ်းကြည့်တာ အယောက် ၃၀ လောက်ရှိတယ်၊၊

၁၀ ယောက်လောက်က ပတ်ပြေးပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းထုနေတာ၊ ကျနော်တို့ထောင်ထားတဲ့မိုင်းတွေက တလုံးနဲ့တလုံးက သိပ်မဝေးဘူး၊ ပေ ၅၀ ဝန်းကျင်ပဲဝေးပါတယ်။“လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း အဆိုပါ အင်အား ၁၇၀ ကျော်ပါ စစ်ကြောင်းဆီကို ပူးပေါင်းဖို့လာတဲ့ စစ်သား ၃၀ ကျော်ကို ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာတောင်ဘက်က ရွာအထွက်မှာ မြိုင် PDF က မိုင်း ၁၆ လုံးဆွဲတိုက်ခိုက်ခဲ့လို့ စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

ၿမိဳင္မွာ စစ္ေၾကာင္းထိုးေနတဲ့ စစ္အုပ္စု ေပပါမိုင္းနဲ႔တိုက္ခိုက္ခံရၿပီး အေသအဆုံးမ်ားနိုင္

ၿမိဳင္၊ ေမ ၂၇၊ ၂၀၂၂။

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္အတြင္းကို စစ္ေၾကာင္းထိုးလာတဲ့ စစ္သားေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ေမလ ၂၇ ရက္ ဒီေန႔ေန႔လည္ပိုင္းမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့တာေၾကာင့္ အဲ့ဒီတပ္သားေတြဘက္က အက်အဆုံးမ်ားခဲ့တယ္လို႔ သိရပါတယ္။

အင္အား ၁၇၀ ပါတဲ့ စစ္ေကာင္စီတပ္ေတြဟာ ၿမိဳင္ၿမိဳ႕နယ္၊ နယ္သတ္ရြာနဲ႔ တဲႀကီးရြာအၾကားမွာ ေပပါမိုင္းနဲ႔ တိုက္ခိုက္ခံခဲ့ရတာျဖစ္ၿပီး၊ တိုက္ခိုက္မႈေၾကာင့္ စစ္သား ၃၀ နီ:ပါး ေသဆုံးခဲ့တယ္လို႔ ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္မွ ဗိုလ္လက္ရာက ခန႔္မွန္းပါတယ္။


“ နယ္သတ္နဲ႔ တဲႀကီးအၾကားမွာ ေန႔လည္ ၂ နာရီခြဲေလာက္က ေပပါမိုင္း ၂ လုံးဆြဲလိုက္တယ္၊ ေနာက္တခါ မိုင္းသန္မံ အေသးေလး ၇ လုံးဆြဲလိုက္တယ္၊ ေသတာကေတာ့ အဲဒီနားမွာလွမ္းၾကည့္တာ အေယာက္ ၃၀ ေလာက္ရွိတယ္၊၊

၁၀ ေယာက္ေလာက္က ပတ္ေျပးၿပီး လက္နက္ႀကီးနဲ႔ ရမ္းသမ္းထုေနတာ၊ က်ေနာ္တို႔ေထာင္ထားတဲ့မိုင္းေတြက တလုံးနဲ႔တလုံးက သိပ္မေဝးဘူး၊ ေပ ၅၀ ဝန္းက်င္ပဲေဝးပါတယ္။“လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဒီေန႔မနက္ ၁၀ နာရီခြဲေလာက္မွာလည္း အဆိုပါ အင္အား ၁၇၀ ေက်ာ္ပါ စစ္ေၾကာင္းဆီကို ပူးေပါင္းဖို႔လာတဲ့ စစ္သား ၃၀ ေက်ာ္ကို ေပါက္ၿမိဳ႕နယ္၊ ေက်ာက္တိုင္ခင္ေက်းရြာေတာင္ဘက္က ရြာအထြက္မွာ ၿမိဳင္ PDF က မိုင္း ၁၆ လုံးဆြဲတိုက္ခိုက္ခဲ့လို႔ စစ္သားအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ပါေသးတယ္။

#ေျမလတ္အသံ