News

PDF နှစ်ဦးကို ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန်လည် ပစ် ခတ်မိ၍ အမှတ် ၆၀၈ အမြောက်တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိသေဆုံး၊

ကျောက်ပန်းတောင်းတွင် PDF နှစ်ဦးကို ဝိုင်းဖမ်းစဉ် အချင်းချင်း ပြန်လည် ပစ် ခတ်မိ၍ အမှတ် ၆၀၈ အမြောက်တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိသေဆုံး၊ PDF နှစ်ဦး လွတ်မြောက်ပြီး ဘေးကင်းရာရောက်ရှိ

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ ၂၆ ရက်နေ့ PDF ပျောက် ကျားရဲဘော် ၂ ဦးကို စစ်တပ်က ဝိုင်း ဖမ်းစဉ် အချင်းချင်း ပြန်လည် ပစ်ခတ်မိ၍ အမှတ် ၆၀၈ တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိသေဆုံးပြီး စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်အနီး တောင်နီတောင်နားတွင် ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီး အမှတ် ၆၀၈ အမြှောက်တပ်မှ ဒုအရာခံဗိုလ် အောင်မျိုးသူ ကျည်ထိမှန်သေဆုံးကာ စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊

ပျောက်ကျား PDF ရဲဘော် နှစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို စစ်ကား ၃ စီးဖြင့် အရှေ့အနောက်ပိတ် ၍ ပစ်ခတ် ဖမ်းကြကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်တွင် အချင်းချင်း ပြန်လည် ထိမှန်ခြင်းဖြစ်ပြီး အရပ်သား ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် PDF ပျောက်ကျားတပ်သားတစ်ဦးလည်း ကျည်ထိမှန်ပြီး အနည်းငယ်ဒဏ်ရာရရှိကြောင်း၊

ယနေ့ ညနေ ၃ နာရီတွင် အချင်းချင်း ပြန်လည် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အမှတ်(၆၀၈)ဒုံးတပ်ရင်းမှ ဒုအရာခံဗိုလ်အောင်မျိုးသူကို သဂြိုလ်ကြောင်း သိရှိရသည်။

Zawgyi

ေက်ာက္ပန္းေတာင္းတြင္ PDF ႏွစ္ဦးကို ဝိုင္းဖမ္းစဥ္ အခ်င္းခ်င္း ျပန္လည္ ပစ္ ခတ္မိ၍ အမွတ္ ၆၀၈ အေျမာက္တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိေသဆုံး၊ PDF ႏွစ္ဦး လြတ္ေျမာက္ၿပီး ေဘးကင္းရာေရာက္ရွိ

ရန္ကုန္၊ ေမ ၂၇

မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ ေမလ ၂၆ ရက္ေန႔ PDF ေပ်ာက္ က်ားရဲေဘာ္ ၂ ဦးကို စစ္တပ္က ဝိုင္း ဖမ္းစဥ္ အခ်င္းခ်င္း ျပန္လည္ ပစ္ခတ္မိ၍ အမွတ္ ၆၀၈ တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိေသဆုံးၿပီး စစ္သား ၆ ဦးထက္မနည္း ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္အနီး ေတာင္နီေတာင္နားတြင္ ယမန္ေန႔ ပစ္ခတ္မႈျဖစ္ပြားၿပီး အမွတ္ ၆၀၈ အေျမႇာက္တပ္မွ ဒုအရာခံဗိုလ္ ေအာင္မ်ိဳးသူ က်ည္ထိမွန္ေသဆုံးကာ စစ္သား ၆ ဦးထက္မနည္း ဒဏ္ရာရရွိေၾကာင္း၊

ေပ်ာက္က်ား PDF ရဲေဘာ္ ႏွစ္ဦး စီးနင္းလာေသာ ဆိုင္ကယ္ကို စစ္ကား ၃ စီးျဖင့္ အေရွ႕အေနာက္ပိတ္ ၍ ပစ္ခတ္ ဖမ္းၾကေၾကာင္း၊ ပစ္ခတ္မႈျဖစ္စဥ္တြင္ အခ်င္းခ်င္း ျပန္လည္ ထိမွန္ျခင္းျဖစ္ၿပီး အရပ္သား ၂ ဦးလည္း ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ PDF ေပ်ာက္က်ားတပ္သားတစ္ဦးလည္း က်ည္ထိမွန္ၿပီး အနည္းငယ္ဒဏ္ရာရရွိေၾကာင္း၊

ယေန႔ ညေန ၃ နာရီတြင္ အခ်င္းခ်င္း ျပန္လည္ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ အမွတ္(၆၀၈)ဒုံးတပ္ရင္းမွ ဒုအရာခံဗိုလ္ေအာင္မ်ိဳးသူကို သၿဂိဳလ္ေၾကာင္း သိရွိရသည္။