News

မြစ်ကြီးနား ပူတာအို သွားလမ်း ကျောက်ကမ်းပါးပြိုကျမှုဖြစ်ပွားနေ…….

ျမစ္ႀကီးနား ပူတာအို သြားလမ္း ေက်ာက္ကမ္းပါးၿပိဳက်မႈျဖစ္ပြားေန…….

ျမစ္ႀကီးနား -ပူတာအို သြားလမ္းတြင္ ေက်ာက္ကမ္းပါးၿပိဳက်မႈေၾကာင့္ ကားဆယ္စီးေက်ာ္ ပိတ္ဆို႔ေန

EPN

ျမစ္ႀကီးနား ၊ ေမလ ၂၈

ကခ်င္ျပည္နယ္ ျမစ္ႀကီးနား -ပူတာအိုၿမိဳ႕ သြားရာလမ္း မိုင္ ၇၀ အေက်ာ္တြင္ ယမန္ေန႔ မနက္ ၁၀ နာရီဝန္းက်င္ခန႔္က ေက်ာက္ကမ္းပါးၿပိဳက်မႈေၾကာင့္ လမ္းပိတ္ဆို႔မႈျဖစ္ေပၚေနေၾကာင္း ျမစ္ႀကီးနား- ပူတာအို ေျပးဆြဲေနသည့္ ကားသမားမ်ားထံမွ သိရသည္။

ျမစ္ႀကီးနား-ပူတာအိုသြားလမ္းမွာ ကြန္ကရစ္လမ္းျဖင့္ခရီးသည္မ်ားရာသီမ‌ေရြး သြားလာရန္အ ဆင္ေျပေသာ လမ္းမႀကီးတစ္ခုလည္းျဖစ္ေသာ္လည္း ယမန္ေန႔က မိုးရြာသြန္းမႈေၾကာင့္ ေက်ာက္ကမ္းပါးၿပိဳက်မႈျဖစ္ၿပီး ၎ၿပိဳက်သည့္ေက်ာက္တုံးႀကီးမ်ားမွာ လမ္းတြင္ ပိတ္ေနသည့္အတြက္ ခရီးသည္ကားမ်ား ျဖတ္သန္းနိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

“ဒီလမ္းက သြားလာရတာအဆင္ေျပေနတာ၊မိုးတြင္းဆိုလည္းအဆင္ေျပတယ္၊ဒါေပမဲ့အခုေက်ာက္တုံးႀကီးေတြက ၿပိဳက်လာေတာ့ လမ္းကပိတ္မိသြားတာ ၊ဖယ္ရွားပစ္ဖို႔အရမ္းမ်ားတယ္ ၊ၿပီးေတာ့ေက်ာက္တုံးေတြကလည္းႀကီးေတာ့ အခ်ိန္ေပးၿပီးလုပ္ရမွာ ၊ကားေတြက ဆယ္စီးေက်ာ္တယ္ ပိတ္ေနတာ ဟိုဘက္ဒီဘက္” ဟု ၎ကေျပာသည္။

အဆိုပါလမ္းပိတ္ဆို႔မႈမျဖစ္ခင္အခ်ိန္ေတြကလည္း မစူဇြတ္အနီး တပ္မေတာ္နဲ႔ေကအိုင္ေအ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ခရီးအသြားအလားမ်ား ပိတ္ထားခဲ့ေသးေၾကာင္း သိရသည္။

လင္းယုန္

မြစ်ကြီးနား ပူတာအို သွားလမ်း ကျောက်ကမ်းပါးပြိုကျမှုဖြစ်ပွားနေ…….

မြစ်ကြီးနား -ပူတာအို သွားလမ်းတွင် ကျောက်ကမ်းပါးပြိုကျမှုကြောင့် ကားဆယ်စီးကျော် ပိတ်ဆို့နေ

EPN

မြစ်ကြီးနား ၊ မေလ ၂၈

ကချင်ပြည်နယ် မြစ်ကြီးနား -ပူတာအိုမြို့ သွားရာလမ်း မိုင် ၇၀ အကျော်တွင် ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က ကျောက်ကမ်းပါးပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း မြစ်ကြီးနား- ပူတာအို ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအိုသွားလမ်းမှာ ကွန်ကရစ်လမ်းဖြင့်ခရီးသည်များရာသီမ‌ရွေး သွားလာရန်အ ဆင်ပြေသော လမ်းမကြီးတစ်ခုလည်းဖြစ်သော်လည်း ယမန်နေ့က မိုးရွာသွန်းမှုကြောင့် ကျောက်ကမ်းပါးပြိုကျမှုဖြစ်ပြီး ၎င်းပြိုကျသည့်ကျောက်တုံးကြီးများမှာ လမ်းတွင် ပိတ်နေသည့်အတွက် ခရီးသည်ကားများ ဖြတ်သန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီလမ်းက သွားလာရတာအဆင်ပြေနေတာ၊မိုးတွင်းဆိုလည်းအဆင်ပြေတယ်၊ဒါပေမဲ့အခုကျောက်တုံးကြီးတွေက ပြိုကျလာတော့ လမ်းကပိတ်မိသွားတာ ၊ဖယ်ရှားပစ်ဖို့အရမ်းများတယ် ၊ပြီးတော့ကျောက်တုံးတွေကလည်းကြီးတော့ အချိန်ပေးပြီးလုပ်ရမှာ ၊ကားတွေက ဆယ်စီးကျော်တယ် ပိတ်နေတာ ဟိုဘက်ဒီဘက်” ဟု ၎င်းကပြောသည်။

အဆိုပါလမ်းပိတ်ဆို့မှုမဖြစ်ခင်အချိန်တွေကလည်း မစူဇွတ်အနီး တပ်မတော်နဲ့ကေအိုင်အေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးအသွားအလားများ ပိတ်ထားခဲ့သေးကြောင်း သိရသည်။

လင်းယုန်