Local News

ေမာ္ဒယ္နန္းေမြစံ ပတ္စ္ပို႔အသိမ္းခံရၿပီး ဘန္ေကာက္ခရီးစဥ္ ဖ်က္သိမ္းခဲ့ရ

မော်ဒယ်နန်းမွေစံ ပတ်စ်ပို့အသိမ်းခံရပြီး ဘန်ကောက်ခရီးစဉ် ဖျက်သိမ်းခဲ့ရ

ဧရာဝတီ၊ မေ ၂၈၊ ၂၀၂၂

မြန်မာနိုင်ငံမှ မော်ဒယ်နန်းမွေစံဟာ ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရုံးမှာ သူ့ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သိမ်းဆည်းခံရပြီး သူ သွားရောက်မယ့် ဘန်ကောက်ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ပြောပြချက်အရ နန်းမွေစံရဲ့ ပတ်စ်ပို့စာအုပ်ကို မတ် ၃၁ ရက်ကတည်းက ပြန်မပေးခဲ့တာကြောင့် ဘန်ကောက်သွားမယ့်ခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက နန်းမွေစံရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားခွင့် စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပြီး ပတ်စ်ပို့စာအုပ်အသစ်ကို ထုတ်ပေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

သို့သော် မည်သည့်အတွက်ကြောင့် ယခုလို ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမူ ဖော်ပြထားခြင်း မရှိခြင်းပေ။

နန်းမွေစံက သူ့ရဲ့ဖခင် ကျန်းမာရေးကြောင့် ဘန်ကောက် ရီးစဉ်သွားရောက်ဖို့ ပတ်စ်ပို့စာအုပ် သက်တမ်းသွားတိုးစဉ်မှာ အခုလို ကြုံခဲ့ရတာဖြစ်ပြီး ဒါဟာ မတရားဘူးလို့လည်း ထိုင်းသတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေလည်း ဒီသတင်းအကြောင်းအရာတွေကို မျှဝေထားပါတယ်။ ဧရာဝတီသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ နန်းမွေစံထံ ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပေ။

မော်ဒယ် နန်းမွေစံကတော့ Facebook လူမှုကွန်ရက်မှာ Follower ၂ သိန်း ၇ သောင်းကျော်နဲ့ Instagram လူမှုကွန်ရက်မှာ Follower ၆ သိန်း ၁ သောင်းကျော် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တဦးဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံများ ရိုက်ကူးခြင်းကနေ ၁ လဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။

Zawgyi

ေမာ္ဒယ္နန္းေမြစံ ပတ္စ္ပို႔အသိမ္းခံရၿပီး ဘန္ေကာက္ခရီးစဥ္ ဖ်က္သိမ္းခဲ့ရ

ဧရာဝတီ၊ ေမ ၂၈၊ ၂၀၂၂

ျမန္မာနိုင္ငံမွ ေမာ္ဒယ္နန္းေမြစံဟာ ၿပီးခဲ့တဲ့လအတြင္း ရန္ကုန္ၿမိဳ႕က နိုင္ငံကူးလက္မွတ္႐ုံးမွာ သူ႔ရဲ့ ပတ္စ္ပို႔စာအုပ္ သက္တမ္းသြားတိုးစဥ္ နိုင္ငံကူးလက္မွတ္ (ပတ္စ္ပို႔) သိမ္းဆည္းခံရၿပီး သူ သြားေရာက္မယ့္ ဘန္ေကာက္ခရီးစဥ္ကိုလည္း ဖ်က္သိမ္းလိုက္ရတယ္လို႔ သိရပါတယ္။

အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္ ေျပာျပခ်က္အရ နန္းေမြစံရဲ့ ပတ္စ္ပို႔စာအုပ္ကို မတ္ ၃၁ ရက္ကတည္းက ျပန္မေပးခဲ့တာေၾကာင့္ ဘန္ေကာက္သြားမယ့္ခရီးစဥ္ ဖ်က္သိမ္းခဲ့ရတယ္လို႔ ဆိုပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက နန္းေမြစံရဲ့ နိုင္ငံကူးလက္မွတ္နဲ႔ ခရီးသြားခြင့္ စာရြက္စာတမ္းေတြကို သိမ္းဆည္းခဲ့ၿပီး ပတ္စ္ပို႔စာအုပ္အသစ္ကို ထုတ္ေပးမွာ မဟုတ္ေၾကာင္းနဲ႔ နိုင္ငံျခားခရီးသြားခြင့္ ပိတ္ပင္ခဲ့တယ္လို႔ ထိုင္းသတင္းဌာနေတြမွာ ေဖာ္ျပထားပါတယ္။

သို႔ေသာ္ မည္သည့္အတြက္ေၾကာင့္ ယခုလို ဖ်က္သိမ္းခံရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ကိုမူ ေဖာ္ျပထားျခင္း မရွိျခင္းေပ။

နန္းေမြစံက သူ႔ရဲ့ဖခင္ က်န္းမာေရးေၾကာင့္ ဘန္ေကာက္ ရီးစဥ္သြားေရာက္ဖို႔ ပတ္စ္ပို႔စာအုပ္ သက္တမ္းသြားတိုးစဥ္မွာ အခုလို ၾကဳံခဲ့ရတာျဖစ္ၿပီး ဒါဟာ မတရားဘူးလို႔လည္း ထိုင္းသတင္းမီဒီယာေတြကို ေျဖၾကားထားပါတယ္။

သူ႔ရဲ့ တရားဝင္ တြစ္တာအေကာင့္ကေနလည္း ဒီသတင္းအေၾကာင္းအရာေတြကို မၽွေဝထားပါတယ္။ ဧရာဝတီသတင္းဌာနအေနနဲ႔ သီးျခားအတည္ျပဳခ်က္ရနိုင္ဖို႔ နန္းေမြစံထံ ဆက္သြယ္ေမးျမန္းထားေပမယ့္ လက္ရွိအခ်ိန္ထိ အဆက္အသြယ္ မရေသးေပ။

ေမာ္ဒယ္ နန္းေမြစံကေတာ့ Facebook လူမႈကြန္ရက္မွာ Follower ၂ သိန္း ၇ ေသာင္းေက်ာ္နဲ႔ Instagram လူမႈကြန္ရက္မွာ Follower ၆ သိန္း ၁ ေသာင္းေက်ာ္ ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္ တဦးျဖစ္ၿပီး သူ႔ရဲ့ ဓာတ္ပုံမ်ား ရိုက္ကူးျခင္းကေန ၁ လဝင္ေငြ အေမရိကန္ေဒၚလာ ၇၀၀၀ ကေန ၁၀၀၀၀ အထိ ရွိတယ္လို႔ သိရပါတယ္။