Local News

ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

သင်္ချိုင်း ဆိုသည်မှာ*

လူတစ်ယောက်က မေးတယ်…

“ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…?

ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ

လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။

ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။

ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ

ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။

ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်အတွယ်အတာမရှိပဲစွန့်ပစ်ထားတဲ့နယ်မြေ အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။

အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ချင်တစ်နပ်စာလောက် ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။

ကျောင်းဆိုတာက သာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာ။ယှဉ်ကြည့်ပေါ့။ကျောင်းပစ္စည်းဆိုတာ မစားတတ်ရင် သံသရာအဆိပ်ကွ။

သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။ဒါ့ကြောင့်ငါအမြဲစားခဲ့တာပေါ့။သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။

အပြင်က မျှစ်လည်း မျှစ်ပါပဲ။အတူတူပါပဲကွာ။အေ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ် ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ ဘယ်စားမှာလဲ။

အလကားပါကွာ လူတွေကိုက အယူသီးနေတာပါ သင်္ချိုင်းတဲ့ မင်းတို့စဉ်းစားကြည့် သင်္ချိုင်းဆိုတာက ကြာကြာတစ်ခါ လူသေမှ မြှုတ်ကြတာ။မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကိုကြည့်စမ်း။

ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။ကြက်သေ/ဝက်သေ/ဘဲသေ/ငါးသေ/နွားသေ/ဆိတ်သေတွေကွာ။စဉ်းစားကြည့်ကြ။အဲ့ဒါလည်း #အသုဘ တွေပဲကွာ။

ကြက်မသာ/ဝက်မသာ/နွားမသာ တွေပဲကွာ။ဒါတွေကြတော့ #အသုဘ လို့မမြင်ဘဲ သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။

မင်းတို့ငါတို့ရဲ့ပါးစပ်သင်္ချိုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ မနည်းမနောဝင်ပြီးပြီနော်။

ဒါကြတော လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။

ဒါတွေကြတော တဖြောင်းဖြောင်း ဝါးစားနေကြပြီး ငါသင်္ချိုင်းထဲက မျှစ်ချိုးစားတာကြတော အပြစ်မြင်ပြီး လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ

တရား အလွန်ဝေးတဲ့လူတွေပါလာ။ကိုယ်ပြောမှ အမှန် ကိုယ်လုပ်မှ အဟုတ်ထင်ကြတာလား။ လူဆိုတာ သေမျိုးကွ ဘယ်သူမှ ဒီသင်္ချိုင်းက ပြေးမလွတ်ဘူး။ မှတ်ထား။”

မိုးကုတ်ကျော်ကျော်စိုး သေးခြင်းတရားနှင် သင်္ချိုင်း

Credit PhoeAye24News

ဦးဖိုးေအးတို႔ မိသားစု သခၤ်ိဳင္းထဲ မွာ ေပါက္တဲ့ မၽွစ္ကို ခ်ိဳးယူၿပီး စားလိုက္မိၾကေသာအခါ

သခၤ်ိဳင္း ဆိုသည္မွာ*

လူတစ္ေယာက္က ေမးတယ္…

“ကိုဖိုးေအး ခင္ဗ်ား သခၤ်ိဳင္းထဲက မၽွစ္ေတြ ယူစားေနတာ မရႊံဘူးလား…?

ေျဖ။ ။”ဘာရႊံမလဲကြ လူေသေကာင္က ထြက္တဲ့မၽွစ္မွ မဟုတ္တာ ေျမႀကီးထဲက ထြက္တဲ့မၽွစ္ပဲ ဘာရႊံစရာရွိလဲ။သခၤ်ိဳင္းဆိုတာလဲ ေျမႀကီးပါပဲကြာ

လူေတြသမုတ္ထားလို႔သာ သခၤ်ိဳင္းျဖစ္ေနတာပါ ငါဆို ဒီသခၤ်ိဳင္းက ထြက္တဲ့မၽွစ္ေတြ စားလာတာ ၾကာပါၿပီ။

ၾကည့္စမ္း ငါ့သားသမီးေတြ ဘယ္ေလာက္ေခ်ာလဲ။ က်န္းမာေရး ဘယ္ေလာက္ေကာင္းလဲ။ဖ်ားနာေနတာ မင္းတို႔ျမင္ဘူးလာ။ဉာဏ္ရည္ဆိုတာလည္း ငါ့သားသမီးေတြ က်ဴရွင္ေတာင္မယူနိုင္ဘူး။

ရြာကေန က်ပ္ျပင္ေက်ာင္းသြားတတ္ေနရတာ။မင္းတို႔စဥ္းစားၾကည့္ ျမတ္စြာဘုရားေတာင္မွ သုသာန္တစ္စ သခၤ်ိဳင္းဝက လူေသလႊမ္းတဲ့အဝတ္ေတြ

ေကာက္ယူေတာ္မူၿပီး ပံ့သုကူသကၤန္းခ်ဳပ္ၿပီး သုံးေဆာင္ေတာ္မူေသးတာ မင္းတို႔ငါတို႔လို ဘာမွမဟုတ္တဲ့အေကာင္ေတြက ေရွာင္တယ္ဆိုတာ ရယ္စရာႀကီးကြ။

ေက်ာင္းစကိုေရွာင္ မသာစကို “ေဆာင္”ဆိုတဲ့အဆိုလည္းရွိသားပဲကြာ။ေက်ာင္ပစၥည္းယူသုံးရင္သာ အျပစ္ရွိမယ္ သခၤ်ိဳင္းပစၥည္းယူသုံးရင္ အျပစ္လုံးဝမရွိဘူးကြ။

ဘာလို႔လဲဆိုေတာ့ သခၤ်ိဳင္းဆိုတာ လူေတြရဲ့စိတ္ထဲမွာ လုံးဝသံေယာဇဥ္အတြယ္အတာမရွိပဲစြန႔္ပစ္ထားတဲ့နယ္ေၿမ အဲ့ဒီနယ္ေျမထဲက ပစၥည္းမွာ ဘာအေႏွာင္အတြယ္မွ မရွိၾကဘူး။

အဲ့ဒီစင္ၾကယ္တဲ့ပစၥည္းကို ငါသုံးတဲ့အခါ ငါလိပ္ျပာလုံတာေပါ့ကြာ။ဘုန္းႀကီးေက်ာင္းဝင္းထဲက ေညာင္ခ်င္တစ္နပ္စာေလာက္ ခူးခဲ့ရင္ေတာင္ ငါလိပ္ျပာလုံမွာမဟုတ္ဘူး။

ေက်ာင္းဆိုတာက သာသနာ့နယ္ေျမသံဃာရဲ့ပစၥည္းေလကြာ။ယွဥ္ၾကည့္ေပါ့။ေက်ာင္းပစၥည္းဆိုတာ မစားတတ္ရင္ သံသရာအဆိပ္ကြ။

သခၤ်ိဳင္းပစၥည္းက သံသရာအဆိပ္ကင္းေစတယ္။ဒါ့ေၾကာင့္ငါအျမဲစားခဲ့တာေပါ့။သခၤ်ိဳင္းကမၽွစ္လည္း မၽွစ္ပါပဲ။

အျပင္က မၽွစ္လည္း မၽွစ္ပါပဲ။အတူတူပါပဲကြာ။ေအ သခၤ်ိဳင္းထဲက မၽွစ္က စားမျဖစ္ေအာင္ ခါးေနတယ္ ပုတ္ေစာ္နံေနတယ္ဆိုရင္ေတာ့ ငါလဲ လူပဲကြာ ဘယ္စားမွာလဲ။

အလကားပါကြာ လူေတြကိုက အယူသီးေနတာပါ သခၤ်ိဳင္းတဲ့ မင္းတို႔စဥ္းစားၾကည့္ သခၤ်ိဳင္းဆိုတာက ၾကာၾကာတစ္ခါ လူေသမွ ျမႇုတ္ၾကတာ။မင္းတို႔ငါတို႔ရဲ့ ပါးစပ္ေတြကိုၾကည့္စမ္း။

ငါးပုပ္ရင္ ဆားနဲ႔နယ္ၿပီး ငါးဆားနယ္ဆိုၿပီး စားၾကတယ္။ၾကက္ေသ/ဝက္ေသ/ဘဲေသ/ငါးေသ/ႏြားေသ/ဆိတ္ေသေတြကြာ။စဥ္းစားၾကည့္ၾက။အဲ့ဒါလည္း #အသုဘ ေတြပဲကြာ။

ၾကက္မသာ/ဝက္မသာ/ႏြားမသာ ေတြပဲကြာ။ဒါေတြၾကေတာ့ #အသုဘ လို႔မျမင္ဘဲ သုဘလို႔ထင္ၿပီး ခ်က္ျပဳတ္ေၾကာ္ေလွာ္စားၾကတယ္။

မင္းတို႔ငါတို႔ရဲ့ပါးစပ္သခၤ်ိဳင္းထဲကဘအဲ့ဒီလိုတိရိစၧာန္အေသေကာင္ေတြ မနည္းမေနာဝင္ၿပီးၿပီေနာ္။

ဒါၾကေတာ ေလာကနိယာမ ေကာင္းမြန္တဲ့ အစားအစာလို႔ သတ္မွတ္ၾကတယ္။သူလည္း ခႏၶာငါးပါးအစုအေဝး အပုပ္ေကာင္ပဲ မဟုတ္ဘူးလား။မသန႔္တာက အဲ့ဒီပါးစပ္သခၤ်ိဳင္းပဲကြ။

ဒါေတြၾကေတာ တေျဖာင္းေျဖာင္း ဝါးစားေနၾကၿပီး ငါသခၤ်ိဳင္းထဲက မၽွစ္ခ်ိဳးစားတာၾကေတာ အျပစ္ျမင္ၿပီး လူရာမသြင္းခ်င္သလိုလို ဘာလိုလိုနဲ႔ လူေတြကြာ

တရား အလြန္ေဝးတဲ့လူေတြပါလာ။ကိုယ္ေျပာမွ အမွန္ ကိုယ္လုပ္မွ အဟုတ္ထင္ၾကတာလား။ လူဆိုတာ ေသမ်ိဳးကြ ဘယ္သူမွ ဒီသခၤ်ိဳင္းက ေျပးမလြတ္ဘူး။ မွတ္ထား။”

မိုးကုတ္ေက်ာ္ေက်ာ္စိုး ေသးျခင္းတရားႏွင္ သခၤ်ိဳင္း

Credit PhoeAye24News