Local News

ဆးဝါး မလုံလောက်မှုကြောင့် PDF ရဲဘော်တစ်ဦး ငှက်ဖျားဖြစ်ပြီး တောထဲမှာ အသက်ဆုံးရှုံး

ေဆးဝါး မလုံေလာက္မႈေၾကာင့္ ေက်ာက္မဲ PDF ရဲ့ ရဲေဘာ္တစ္ဦး ငွက္ဖ်ားျဖစ္ၿပီး ေတာထဲမွာ အသက္ဆုံးရႈံး

ေရႊဖီေျမ၊ ေမလ ၂၉ ရက္၊ ေက်ာက္မဲ

ရွမ္းေျမာက္ ေက်ာက္မဲ PDF ရဲ့ ရဲေဘာ္တစ္ဦးဟာ ငွက္ဖ်ားျဖစ္ရာကေန ေဆးဝါး မလုံေလာက္တာေၾကာင့္ ေမလ ၂၇ ရက္က အသက္ဆုံးရႈံးသြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ရဲေဘာ္ဟာ ကိုတိုးေခၚ ေက်ာ္ေက်ာ္ထက္ (၂၈ ႏွစ္)ျဖစ္ၿပီး ေတာတြင္းတစ္ေနရာမွာ ေႏြဦးေတာ္လွန္ေရးအတြက္ အသက္ဆုံးရႈံးသြားတာပဲ ျဖစ္ပါတယ္။

အဖြဲ႕ဝင္တစ္ဦးက “အစက သူရိုးရိုးပဲ ဖ်ားတယ္လို႔ထင္တာ။ အဲဒီမတိုင္ခင္မွာ က်ေနာ္တို႔ အစည္းအေဝး ရွိတယ္။ သူမတက္နိုင္ဘူး။ အဲေလာက္ထိေတာင္ ဖ်ားတယ္။ သူဖ်ားတာက သက္သာလိုက္ ျပန္ဖ်ားလိုက္ အဲလိုပဲ ျဖစ္ေနတာ။

သူ႔ကိုေကၽြးတဲ့ အစားအစာေတြလည္း ျပန္အန္ထြက္တယ္။ ေဆးမႉးကေနၿပီးေတာ့ အဖ်ားတိုင္းတဲ့ဟာနဲ႔ စစ္ၾကည့္လိုက္မွပဲ ငွက္ဖ်ား ရွိတယ္ဆိုတာ သိလိုက္ရတယ္” လို႔ ေျပာပါတယ္။

လမ္းပန္းဆက္သြယ္ေရး အခက္အခဲေၾကာင့္ ေဆး႐ုံအမွီ မပို႔နိုင္တဲ့အတြက္ အသက္ဆုံးရႈံးလိုက္ရၿပီး လက္ရွိ ေက်ာက္မဲ PDF ရဲ့ စခန္းအတြက္ ေဆးဝါးပစၥည္း လိုအပ္မႈေတြ ရွိေနတယ္လို႔ သိရပါတယ္။

“ေဆးဝါး မေလာက္တာလည္းျဖစ္တယ္။ ေနာက္တစ္ခုက လမ္းအေျခအေန အခက္အခဲေၾကာင့္ အခ်ိန္အၾကာႀကီးမွ ေဆးဝါးေတြက ေရာက္လာနိုင္တာ။ တစ္ခ်ိဳ႕ ဖ်ားနာတဲ့လူရွိရင္လည္း ရွိတဲ့ေဆးနဲ႔ ကုသေနရတယ္” ဆိုၿပီး ၎က ဆက္ေျပာပါတယ္။

ေက်ာက္မဲ PDF အေနနဲ႔ က်ဆုံးသြားတဲ့ ရဲေဘာ္ကို ေလးစားဂါရဝျပဳေၾကာင္းနဲ႔ က်န္ရစ္ခဲ့တဲ့ မိသားစုနဲ႔အတူ ထပ္တူထပ္မၽွ ဝမ္းနည္းေၾကကြဲေၾကာင္း ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။ Crd-ေရႊဖီေျမ

ဆေးဝါး မလုံလောက်မှုကြောင့် ကျောက်မဲ PDF ရဲ့ ရဲဘော်တစ်ဦး ငှက်ဖျားဖြစ်ပြီး တောထဲမှာ အသက်ဆုံးရှုံး

ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲ PDF ရဲ့ ရဲဘော်တစ်ဦးဟာ ငှက်ဖျားဖြစ်ရာကနေ ဆေးဝါး မလုံလောက်တာကြောင့် မေလ ၂၇ ရက်က အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရဲဘော်ဟာ ကိုတိုးခေါ် ကျော်ကျော်ထက် (၂၈ နှစ်)ဖြစ်ပြီး တောတွင်းတစ်နေရာမှာ နွေဦးတော်လှန်ရေးအတွက် အသက်ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။

အဖွဲ့ဝင်တစ်ဦးက “အစက သူရိုးရိုးပဲ ဖျားတယ်လို့ထင်တာ။ အဲဒီမတိုင်ခင်မှာ ကျနော်တို့ အစည်းအဝေး ရှိတယ်။ သူမတက်နိုင်ဘူး။ အဲလောက်ထိတောင် ဖျားတယ်။ သူဖျားတာက သက်သာလိုက် ပြန်ဖျားလိုက် အဲလိုပဲ ဖြစ်နေတာ။

သူ့ကိုကျွေးတဲ့ အစားအစာတွေလည်း ပြန်အန်ထွက်တယ်။ ဆေးမှူးကနေပြီးတော့ အဖျားတိုင်းတဲ့ဟာနဲ့ စစ်ကြည့်လိုက်မှပဲ ငှက်ဖျား ရှိတယ်ဆိုတာ သိလိုက်ရတယ်” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးရုံအမှီ မပို့နိုင်တဲ့အတွက် အသက်ဆုံးရှုံးလိုက်ရပြီး လက်ရှိ ကျောက်မဲ PDF ရဲ့ စခန်းအတွက် ဆေးဝါးပစ္စည်း လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဆေးဝါး မလောက်တာလည်းဖြစ်တယ်။ နောက်တစ်ခုက လမ်းအခြေအနေ အခက်အခဲကြောင့် အချိန်အကြာကြီးမှ ဆေးဝါးတွေက ရောက်လာနိုင်တာ။ တစ်ချို့ ဖျားနာတဲ့လူရှိရင်လည်း ရှိတဲ့ဆေးနဲ့ ကုသနေရတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ကျောက်မဲ PDF အနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်ကို လေးစားဂါရဝပြုကြောင်းနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ Crd-ရွှေဖီမြေ