News

Woodland X Bar ဗုံ-းခြဲခံရ

တောင်ဥက္ကလာပမြို့နယ်ရှိ Woodland X Bar ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ Woodland X Bar ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justic Bringer Force – JBF) ထံမှ သိရသည်။

အာဏာသိမ်းစစ်အုပ်စုကို တိုက်ရိုက်ထောက်ပံ့ ပတ်သက်ပြီး စစ်အာဏာရှင်တော်လှန်ရေးကို အဟန့် အတားပြုခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အတွက် ယနေ့ မေလ ၃၀ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း JBF တာဝန်ရှိသူက ပြောကြားသည်။

“ဖောက်ခွဲမှုက ဘားရှေ့မှာလုပ်လိုက်တာပါ။ တိုက်ခိုက်မှုမှာ ကားတစ်စီးနဲ့ မီးစက်တစ်လုံးတော့ ထိသွားပါ တယ်။ ဝင်ပေါက်နဲ့ကားပါကင်ကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူအထိအခိုက်တော့ မရှိပါ ဘူး။ ဘားဧရိယာအတွင်းက ပစ္စည်းတွေ ပျက်စီးမှု ရှိခဲ့ပါတယ် ” ဟု ဆိုသည်။ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း သိရသည်။

“အဲဒီဆိုင်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တော်တော်နာမည်ကြီးတဲ့ဆိုင်။ ဆိုင်ထဲမှာ ကက်သမင်းတွေ ပေါ်တင်လုပ်ကြတယ်။ နောက်ဆုံးကြားတဲ့သတင်းဆို ပစ္စတိုခါးကြားထိုးပြီးတော့ ပျူစောထီးတို့ ဘာတို့ ဘက်ကနေ ဆိုင်ထဲမှာလျှောက်သွားပြီး လုံခြုံရေးယူထားတာမျိုးတွေရှိတယ်။ စိုင်းစည်တွမ်ခမ်းပိုင်တဲ့ ဆိုင်လို့လည်း သိထားရတယ်။ အေးနေဝင်းတို့လည်း လာလေ့လာထ ရှိတယ်။ အဲ့လိုတွေတော့ ကြားမိတာ ရှိတယ်” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ Bar နှင့် Club များသည် တော်လှန်ရေးနှင့် လူငယ်များ၏အနာဂတ်များကို ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးရန် စနစ်တကျ တည်ဆောက်ထားသည့် ထောင်ချောက်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတတ်နိုင်သည့်နေရာမှ တော်လှန်ရေးကိုပါဝင်အားဖြည့်ပေးကြရန်လည်း JBF တာဝန်ရှိသူက တိုက် တွန်းသည်။
ထို့အပြင် ရန်ကုန်တွင် စစ်ဆင်ရေးလုပ်ဆောင်တော့မည်ဆိုသည့်အကြောင်း လူမှုကွန်ယက်တွင် ကြေညာ ရာမှ

စစ်ကောင်စီတပ်၏ ဖိနှိပ်မှုကြောင့် လက်နက်နှင့်တော်လှန်ရေးရဲဘော်များ ဖမ်းဆီးခံရမှုများရှိနေပြီး ရန်ကုန်တွင်အခြေစိုက်ကာ စစ်ကောင်စီကိုတိုက်ခိုက်မှုများပြုလုပ်နေသည့် ပြောက်ကျားတပ်ဖွဲ့များ အနေဖြင့် သိုသိုဝှက်ဝှက်ဖြင့် ဆောင်ရွက်မည့်ကိစ္စများကို မည်သူမှမသိအောင် လုပ်ဆောင်ကြစေလို ကြောင်းလည်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့(Justic Bringer Force – JBF)တာဝန်ရှိသူက ပြောကြား ထားသည်။

#Mizzima

ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ Woodland X Bar ဗုံးေဖာက္ခြဲတိုက္ခိုက္ခံရ

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ ေဝဇယႏၲာလမ္းေပၚရွိ Woodland X Bar ကို ေဖာက္ခြဲတိုက္ခိုက္ခဲ့ ေၾကာင္း တရားမၽွတမႈယူေဆာင္သူတပ္ဖြဲ႕ (Justic Bringer Force – JBF) ထံမွ သိရသည္။

အာဏာသိမ္းစစ္အုပ္စုကို တိုက္ရိုက္ေထာက္ပံ့ ပတ္သက္ၿပီး စစ္အာဏာရွင္ေတာ္လွန္ေရးကို အဟန႔္ အတားျပဳျခင္း၊ မူးယစ္ေဆးဝါး ျဖန႔္ျဖဴးသုံးစြဲျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိသည့္အတြက္ ယေန႔ ေမလ ၃၀ ရက္ေန႔၊ နံနက္ ၅ နာရီဝန္းက်င္အခ်ိန္တြင္ ကာကြယ္ေရးတပ္ဖြဲ႕က ဗုံးေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ ေၾကာင္း JBF တာဝန္ရွိသူက ေျပာၾကားသည္။

“ေဖာက္ခြဲမႈက ဘားေရွ႕မွာလုပ္လိုက္တာပါ။ တိုက္ခိုက္မႈမွာ ကားတစ္စီးနဲ႔ မီးစက္တစ္လုံးေတာ့ ထိသြားပါ တယ္။ ဝင္ေပါက္နဲ႔ကားပါကင္ၾကားမွာ ေဖာက္ခြဲတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ လူအထိအခိုက္ေတာ့ မရွိပါ ဘူး။ ဘားဧရိယာအတြင္းက ပစၥည္းေတြ ပ်က္စီးမႈ ရွိခဲ့ပါတယ္ ” ဟု ဆိုသည္။ေဖာက္ခြဲတိုက္ခိုက္မႈအတြင္း ကာကြယ္ေရးတပ္ဖြဲ႕ဘက္မွ အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာနိုင္ခဲ့ ေၾကာင္းလည္း သိရသည္။

“အဲဒီဆိုင္က မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္နာမည္ႀကီးတဲ့ဆိုင္။ ဆိုင္ထဲမွာ ကက္သမင္းေတြ ေပၚတင္လုပ္ၾကတယ္။ ေနာက္ဆုံးၾကားတဲ့သတင္းဆို ပစၥတိုခါးၾကားထိုးၿပီးေတာ့ ပ်ဴေစာထီးတို႔ ဘာတို႔ ဘက္ကေန ဆိုင္ထဲမွာေလၽွာက္သြားၿပီး လုံျခဳံေရးယူထားတာမ်ိဳးေတြရွိတယ္။ စိုင္းစည္တြမ္ခမ္းပိုင္တဲ့ ဆိုင္လို႔လည္း သိထားရတယ္။ ေအးေနဝင္းတို႔လည္း လာေလ့လာထ ရွိတယ္။ အဲ့လိုေတြေတာ့ ၾကားမိတာ ရွိတယ္” ဟု ရန္ကုန္ၿမိဳ႕ေန လူငယ္တစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕အတြင္းရွိ Bar ႏွင့္ Club မ်ားသည္ ေတာ္လွန္ေရးႏွင့္ လူငယ္မ်ား၏အနာဂတ္မ်ားကို ရည္ရြယ္ ခ်က္ရွိရွိ ဖ်က္ဆီးရန္ စနစ္တက် တည္ေဆာက္ထားသည့္ ေထာင္ေခ်ာက္ျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ မိမိတတ္နိုင္သည့္ေနရာမွ ေတာ္လွန္ေရးကိုပါဝင္အားျဖည့္ေပးၾကရန္လည္း JBF တာဝန္ရွိသူက တိုက္ တြန္းသည္။
ထို႔အျပင္ ရန္ကုန္တြင္ စစ္ဆင္ေရးလုပ္ေဆာင္ေတာ့မည္ဆိုသည့္အေၾကာင္း လူမႈကြန္ယက္တြင္ ေၾကညာ ရာမွ

စစ္ေကာင္စီတပ္၏ ဖိႏွိပ္မႈေၾကာင့္ လက္နက္ႏွင့္ေတာ္လွန္ေရးရဲေဘာ္မ်ား ဖမ္းဆီးခံရမႈမ်ားရွိေနၿပီး ရန္ကုန္တြင္အေျခစိုက္ကာ စစ္ေကာင္စီကိုတိုက္ခိုက္မႈမ်ားျပဳလုပ္ေနသည့္ ေျပာက္က်ားတပ္ဖြဲ႕မ်ား အေနျဖင့္ သိုသိုဝွက္ဝွက္ျဖင့္ ေဆာင္ရြက္မည့္ကိစၥမ်ားကို မည္သူမွမသိေအာင္ လုပ္ေဆာင္ၾကေစလို ေၾကာင္းလည္း တရားမၽွတမႈယူေဆာင္သူတပ္ဖြဲ႕(Justic Bringer Force – JBF)တာဝန္ရွိသူက ေျပာၾကား ထားသည္။

#Mizzima