Local News

နမ့္စန္ ေလာင္းကစားပြဲေတာ္မွာ လာေရာက္ေဖ်ာ္ေျဖခဲ့တဲ့ နီနီခင္ေဇာ္ရဲ့ သီဆိုမႈ (႐ုပ္/သံ)

နမ့်စန်မှာ စစ်တပ် လက်‌အောက်ခံ ပြည်သူ့စစ် လောင်းကစားဝိုင်း ဖွင့်လှစ်နေ၊ အဆိုတော်အချို့ လာရောက်ဖျော်ဖြေ

ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ နမ့်စန်

ရှမ်းတောင် နမ့်စန်မြို့နယ်ထဲ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ ဖွင့်လှစ်ထားတဲ့ လောင်းကစားပွဲမှာ အဆိုတော်အချို့ လာရောက် ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်က နီနီခင်ဇော်၊ စိုးပြည့်သဇင်၊ ဟန်ထွန်း၊ ဝေလ၊ သာဒီးလူနဲ့ ဝန တို့ လာရောက်ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

မြို့ခံတစ်ဦးက လောင်းကစားပွဲက စတာကြာပြီ။ ဒီနှစ်မှ လုပ်နေတာတော့ မဟုတ်ဘူး။ မနှစ်ကတည်းက ကျေးရွာတွေမှာ ၁ လ၊ ၃ လကြာတဲ့အထိ လောင်းကစားပွဲတွေ ဖွင့်ထားတယ်။

ပွဲက တစ်နေရာပြီးတစ်နေရာဖွင့်တယ်။ မြို့ထဲမှာဆိုရင် အဆိုတော် လာမယ်ဆိုတာ ကြော်ငြာစာတွေ ကပ်ထားတာတွေ့တယ်။ မနေ့ညဆိုရင် ဟန်ထွန်းတို့လာဖျော်ဖြေတယ်။ သူတို့က ၃ ရက်ပဲလာဖျော်ဖြေပေးခဲ့တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

လောင်းကစားပွဲဟာ နမ့်စန် ရှုခင်းသာမှာ မေလ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လာမယ့် ဇွန်လ ၆ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီးတော့ လာမယ့် ဇွန်လ ၈ ရက်မှာလည်း မဟာဂျာစစ်ကွင်းမှာ လောင်းကစားဝိုင်းတွေ ထပ်မံ ဖွင့်လှစ် သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့၂၀၂၁ ခုနှစ် တပေါင်းပွဲကစပြီး လက်ရှိအချိန်ထိ လောင်းကစားပွဲကို မြို့အပါအဝင် ကျေးရွာပိုင်းမှာလည်း ဆက်တိုက် ဖွင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်စန်မြို့နယ်ဟာ မကျန်းနဲ့ နားယိုင်းပြည်သူ့စစ်တွေ လှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး အခုလို လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတာကြောင့် အရွယ်မရောက်သေးတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေ ပျက်စီးသွားတယ်လို့ ၎င်းက ဆိုပါတယ်

လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် လူငယ်တွေ အလုပ်လက်မဲ့ဖြစ်တဲ့အပြင် လောင်းကစားကြောင့် သူခိုး၊ ဓားပြ သားကောင်ဖြစ်လာတဲ့ လူငယ်တွေ အများအပြား ရှိနေတယ်လို့လည်း ပြောပါတယ်။ Credit- ရွှေဖီမြေ

နမ့္စန္မွာ စစ္တပ္ လက္‌ေအာက္ခံ ျပည္သူ႔စစ္ ေလာင္းကစားဝိုင္း ဖြင့္လွစ္ေန၊ အဆိုေတာ္အခ်ိဳ႕ လာေရာက္ေဖ်ာ္ေျဖ

ေရႊဖီေျမ၊ ေမလ ၂၉ ရက္၊ နမ့္စန္

ရွမ္းေတာင္ နမ့္စန္ၿမိဳ႕နယ္ထဲ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္ေတြ ဖြင့္လွစ္ထားတဲ့ ေလာင္းကစားပြဲမွာ အဆိုေတာ္အခ်ိဳ႕ လာေရာက္ ေဖ်ာ္ေျဖခဲ့တယ္လို႔ သိရပါတယ္။

ေမလ ၂၇ ရက္က နီနီခင္ေဇာ္၊ စိုးျပည့္သဇင္၊ ဟန္ထြန္း၊ ေဝလ၊ သာဒီးလူနဲ႔ ဝန တို႔ လာေရာက္ေဖ်ာ္ေျဖခဲ့တာပဲ ျဖစ္ပါတယ္။

ၿမိဳ႕ခံတစ္ဦးက ေလာင္းကစားပြဲက စတာၾကာၿပီ။ ဒီႏွစ္မွ လုပ္ေနတာေတာ့ မဟုတ္ဘူး။ မႏွစ္ကတည္းက ေက်းရြာေတြမွာ ၁ လ၊ ၃ လၾကာတဲ့အထိ ေလာင္းကစားပြဲေတြ ဖြင့္ထားတယ္။

ပြဲက တစ္ေနရာၿပီးတစ္ေနရာဖြင့္တယ္။ ၿမိဳ႕ထဲမွာဆိုရင္ အဆိုေတာ္ လာမယ္ဆိုတာ ေၾကာ္ျငာစာေတြ ကပ္ထားတာေတြ႕တယ္။ မေန႔ညဆိုရင္ ဟန္ထြန္းတို႔လာေဖ်ာ္ေျဖတယ္။ သူတို႔က ၃ ရက္ပဲလာေဖ်ာ္ေျဖေပးခဲ့တယ္လို႔ ေရႊဖီေျမကို ေျပာပါတယ္။

ေလာင္းကစားပြဲဟာ နမ့္စန္ ရႈခင္းသာမွာ ေမလ ၅ ရက္က စတင္ဖြင့္လွစ္ခဲ့ၿပီး လာမယ့္ ဇြန္လ ၆ ရက္မွာ ၿပီးဆုံးမွာျဖစ္ၿပီးေတာ့ လာမယ့္ ဇြန္လ ၈ ရက္မွာလည္း မဟာဂ်ာစစ္ကြင္းမွာ ေလာင္းကစားဝိုင္းေတြ ထပ္မံ ဖြင့္လွစ္ သြားမယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့၂၀၂၁ ခုႏွစ္ တေပါင္းပြဲကစၿပီး လက္ရွိအခ်ိန္ထိ ေလာင္းကစားပြဲကို ၿမိဳ႕အပါအဝင္ ေက်းရြာပိုင္းမွာလည္း ဆက္တိုက္ ဖြင့္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

နမ့္စန္ၿမိဳ႕နယ္ဟာ မက်န္းနဲ႔ နားယိုင္းျပည္သူ႔စစ္ေတြ လႈပ္ရွားတဲ့ နယ္ေျမျဖစ္ၿပီး အခုလို ေလာင္းကစားဝိုင္းေတြ ဖြင့္လွစ္ေနတာေၾကာင့္ အရြယ္မေရာက္ေသးတဲ့ လူငယ္နဲ႔ လူလတ္ပိုင္းေတြ ပ်က္စီးသြားတယ္လို႔ ၎က ဆိုပါတယ္

လက္ရွိ နိုင္ငံေရး အေျခအေနေၾကာင့္ လူငယ္ေတြ အလုပ္လက္မဲ့ျဖစ္တဲ့အျပင္ ေလာင္းကစားေၾကာင့္ သူခိုး၊ ဓားၿပ သားေကာင္ျဖစ္လာတဲ့ လူငယ္ေတြ အမ်ားအျပား ရွိေနတယ္လို႔လည္း ေျပာပါတယ္။ Credit- ေရႊဖီေျမ