Local News

ျပည္တြင္းဆီေဈးႏႈန္းက်ဆင္းေရး လုပ္ေဆာင္ခဲ့ေသာ YP ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ အဂတိမႈျဖင့္ ဖမ္းဆီးခံရ

စက်သုံးဆီလုပ်ငန်းရှင် ဦးဇင်မင်းအောင် အဂတိမှုဖြင့် ဖမ်းဆီးခံရ

ဧရာဝတီ၊ မေ ၂၇၊ ၂၀၂၂

စက်သုံးဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်း အပါအဝင် ဟိုတယ်နှင့်စားသောက်ကုန်လုပ်ငန်းများကိုပါ လုပ်ကိုင်နေသော ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဇင်မင်းအောင် (ခ) သားကြီး (YP) ကို စစ်ကောင်စီက မေ ၂၆ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အဂတိကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း

ဒုမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း ယမန်နေ့က အသီးသီး အမှုဖွင့်လိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကျဆင်းရေး လုပ်ဆောင်ခဲ့သော Yangon Petrol (YP) စက်သုံးဆီလုပ်ငန်းအတွက်

မြေနေရာငှားရမ်းမှုများကို ကာလပေါက်ဈေးနှုန်းနှင့် နည်းပါးသောနှုန်းထားဖြင့် ရောင်းချခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် YP ကုမ္ပဏီတွင် ရှယ်ယာအများဆုံး ထည့်ဝင်ထားသည့် ဦးဇင်မင်းအောင်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေသော ဧရာဝတီသတင်းရင်းမြစ်က ဆိုသည်။

YP လုပ်တုန်းကလည်း မြေနေရာရတဲ့ကိစ္စတွေနဲ့ အကြိတ်အနယ်နဲ့ အတိုက်အခိုက် တော်တော်လေး များခဲ့ကြတာ။ အခု သူ ထိန်းသိမ်းခံထားရတော့ ကျန်တဲ့ဒါရိုက်တာအဖွဲ့ဝင်လုပ်ငန်းရှင်တွေလည်း မျက်ခုံးလှုပ်နေကြတယ် ဟု ဆိုသည်။

Yangon Petrol စက်သုံးဆီကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားကြသူများသည် မြန်မာနိုင်ငံ၌ အောင်မြင်နေသော စက်သုံးဆီလုပ်ငန်းအုပ်စုဖြစ်သည့် PT Power စက်သုံးဆီလုပ်ငန်းစုကို တည်ထောင်ထားကြသူများ ဖြစ်သည်။

စက္သုံးဆီလုပ္ငန္းရွင္ ဦးဇင္မင္းေအာင္ အဂတိမႈျဖင့္ ဖမ္းဆီးခံရ

ဧရာဝတီ၊ ေမ ၂၇၊ ၂၀၂၂

စက္သုံးဆီ တင္သြင္းေရာင္းခ်ျခင္းလုပ္ငန္း အပါအဝင္ ဟိုတယ္ႏွင့္စားေသာက္ကုန္လုပ္ငန္းမ်ားကိုပါ လုပ္ကိုင္ေနေသာ ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ တဦးျဖစ္သူ ဦးဇင္မင္းေအာင္ (ခ) သားႀကီး (YP) ကို စစ္ေကာင္စီက ေမ ၂၆ ရက္တြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ ဖမ္းဆီးလိုက္ေၾကာင္း ဧရာဝတီသတင္းရင္းျမစ္မ်ားက ေျပာသည္။

စစ္ေကာင္စီ လက္ေအာက္ခံ အဂတိေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးတို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရလည္းေကာင္း

ဒုၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးစိုးလြင္၊ အတြင္းေရးမႉးေဟာင္း ေဒၚလွိုင္ေမာ္ဦး၊ တြဲဖက္အတြင္းေရးမႉးေဟာင္း ဦးသန္းႏွင့္ ကုမၸဏီ ဒါရိုက္တာအဖြဲ႕ဝင္ ဦးဇင္မင္းေအာင္တို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/၆၃ အရလည္းေကာင္း ယမန္ေန႔က အသီးသီး အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ လက္ထက္တြင္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဦးေဆာင္၍ ျပည္တြင္းစက္သုံးဆီ ေဈးႏႈန္းက်ဆင္းေရး လုပ္ေဆာင္ခဲ့ေသာ Yangon Petrol (YP) စက္သုံးဆီလုပ္ငန္းအတြက္

ေျမေနရာငွားရမ္းမႈမ်ားကို ကာလေပါက္ေဈးႏႈန္းႏွင့္ နည္းပါးေသာႏႈန္းထားျဖင့္ ေရာင္းခ်ခဲ့သည္ဆိုေသာ စြပ္စြဲခ်က္မ်ားျဖင့္ YP ကုမၸဏီတြင္ ရွယ္ယာအမ်ားဆုံး ထည့္ဝင္ထားသည့္ ဦးဇင္မင္းေအာင္ကို ဖမ္းဆီးထိန္းသိမ္းထားျခင္း ျဖစ္ေၾကာင္း စက္သုံးဆီလုပ္ငန္းလုပ္ကိုင္ေနေသာ ဧရာဝတီသတင္းရင္းျမစ္က ဆိုသည္။

YP လုပ္တုန္းကလည္း ေျမေနရာရတဲ့ကိစၥေတြနဲ႔ အႀကိတ္အနယ္နဲ႔ အတိုက္အခိုက္ ေတာ္ေတာ္ေလး မ်ားခဲ့ၾကတာ။ အခု သူ ထိန္းသိမ္းခံထားရေတာ့ က်န္တဲ့ဒါရိုက္တာအဖြဲ႕ဝင္လုပ္ငန္းရွင္ေတြလည္း မ်က္ခုံးလႈပ္ေနၾကတယ္ ဟု ဆိုသည္။

Yangon Petrol စက္သုံးဆီကုမၸဏီတြင္ ရွယ္ယာထည့္ဝင္ထားၾကသူမ်ားသည္ ျမန္မာနိုင္ငံ၌ ေအာင္ျမင္ေနေသာ စက္သုံးဆီလုပ္ငန္းအုပ္စုျဖစ္သည့္ PT Power စက္သုံးဆီလုပ္ငန္းစုကို တည္ေထာင္ထားၾကသူမ်ား ျဖစ္သည္။