Local News

ကျူရှင်ခန်းလေးထဲမှာ အာသာဖြေမိလို့ ဆရာမနဲ့ နှစ်ယောက်ထဲရှိနေချိန် See more

နင်ဘာလို့ အာသာဖြေတာလဲ?

ဒေါသထွက်နေတဲ့မျက်လုံးရဲရဲတောက်နဲ့စိုက်ကြည့်ပြီးမေးတဲ့ဆရာမရဲ့မေးခွန်းကိုကျွန်တော်ဘယ်လိုဖြေရမှာလဲ။

အတန်းဆင်းသွားလို့ ဆရာမရဲ့ကျူရှင်ခန်းလေးထဲမှာကျွန်တော်နဲ့ဆရာမနဲ့နှစ်ယောက်သာရှိတော့သည်။

ဆရာမဆိုသည်မှာလည်းအသက်ကြီးကြီးမဟုတ် ကျွန်တော့်ထက်အလွန်ဆုံးကြီးမှ ငါးနှစ်ခန့်သာဖြစ်မည်။

ဆရာမကတော်တော်ငယ်ပါသေးတယ်။

ပြီးတော့ချောလည်းချောသည်။ အညာသူပီပီအသားညိုစိမ့်စိမ့်နှင့်အတော်ကြည့်ကောင်းသည်။

အရပ်အတန်အသင့်ရှည်၍တောင့်သည်။ အသက်ငယ်သော်လည်းစကားပြောပြတ်သည်။

အခုလည်းကျွန်တော်အာသာဖြေတာကိုသိသွားသောကြောင့်အလွန်အမင်းဒေါသထွက်နေလေသည်။

“မင်းကိုအေးပြီးစာတော်တဲ့ကလေးလို့ထင်ထားတာ အခုလုပ်ပုံကိုကြည့်ဦး အာသာဖြေတာမှန်လားမှားလားပြောစမ်း”

ဆရာမအသံမှာတော်တော်ပင်မာကျောနေသည်။ ဒေါသထွက်သောစိတ်ကြောင့်ဖြစ်မည်ထင်သည်။

ခန္ဓာကိုယ်ကလေးမှာလည်းတဆတ်ဆတ်တုန်နေလေသည်။

“မှား မှားပါတယ်ဆရာမ”

“ကဲပြောစမ်းပါဦး ဘာလို့အာသာဖြေရတာလဲ”

ကျွန်တော်မဖြေနိုင်ပါ။ ဘာဖြေရမလဲမသိပါ။ ဆရာမကျွန်တော့်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။

အမူအရာမှာစောစောကလောက်မခက်ထန်တော့ပဲ ပြေလျော့သွားဟန်တူသည်။

ကျွန်တော့်ကိုစိုက်ကြည့်ပြီး….

“ဒီတစ်ကြိမ်တော့ခွင့်လွှတ်လိုက်မယ် ”

အခုမှရင်ထဲကအလုံးကြီးကျသွားတော့သည်။

“ကျေးဇူးတင်ပါတယ်ဆရာမ နောက်တစ်ခါဒီလိုအမှားမျိုးထပ်မလုပ်တော့ပါဘူးဆရာမ”

ဆရာမက မျက်လုံးရွဲကြီးများနှင့်ကျွန်တော့်ကိုစိုက်ကြည့်နေသည်။

ထို့နောက်ကျွန်တော့်ပုခုံးကိုကိုင်ပြီး

“ကဲပါ မင်းကကလေးဆိုတော့ တစ်ခါတစ်လေတော့မှားမှာပေါ့။ ဒါပေမယ့်သေချာတော့မှတ်ထားနော်၊

ဝါတာလူးစစ်ပွဲမှာစစ်ရှုံးသွားတာဘယ်သူလဲလို့မေးရင် နပိုလီယန်လို့ဖြေရမှာနော် အာသာဖြေရမှာမဟုတ်ဘူး”

ဤသည်မှာကျွန်တော့်သမိုင်းဆရာမလေးမှ အာသာဘုရင်ကြီးနှင့်

နပိုလီယန်ကိုမှားဖြေသောကြောင့်ကျွန်တော့်ကိုဆုံးမနေခြင်းဖြစ်လေတော့သည်။

အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။

Credit

နင္ဘာလို႔ အာသာေျဖတာလဲ?

ေဒါသထြက္ေနတဲ့မ်က္လုံးရဲရဲေတာက္နဲ႔စိုက္ၾကည့္ၿပီးေမးတဲ့ဆရာမရဲ့ေမးခြန္းကိုကၽြန္ေတာ္ဘယ္လိုေျဖရမွာလဲ။

အတန္းဆင္းသြားလို႔ ဆရာမရဲ့က်ဴရွင္ခန္းေလးထဲမွာကၽြန္ေတာ္နဲ႔ဆရာမနဲ႔ႏွစ္ေယာက္သာရွိေတာ့သည္။

ဆရာမဆိုသည္မွာလည္းအသက္ႀကီးႀကီးမဟုတ္ ကၽြန္ေတာ့္ထက္အလြန္ဆုံးႀကီးမွ ငါးႏွစ္ခန႔္သာျဖစ္မည္။

ဆရာမကေတာ္ေတာ္ငယ္ပါေသးတယ္။

ၿပီးေတာ့ေခ်ာလည္းေခ်ာသည္။ အညာသူပီပီအသားညိဳစိမ့္စိမ့္ႏွင့္အေတာ္ၾကည့္ေကာင္းသည္။

အရပ္အတန္အသင့္ရွည္၍ေတာင့္သည္။ အသက္ငယ္ေသာ္လည္းစကားေျပာျပတ္သည္။

အခုလည္းကၽြန္ေတာ္အာသာေျဖတာကိုသိသြားေသာေၾကာင့္အလြန္အမင္းေဒါသထြက္ေနေလသည္။

“မင္းကိုေအးၿပီးစာေတာ္တဲ့ကေလးလို႔ထင္ထားတာ အခုလုပ္ပုံကိုၾကည့္ဦး အာသာေျဖတာမွန္လားမွားလားေျပာစမ္း”

ဆရာမအသံမွာေတာ္ေတာ္ပင္မာေက်ာေနသည္။ ေဒါသထြက္ေသာစိတ္ေၾကာင့္ျဖစ္မည္ထင္သည္။

ခႏၶာကိုယ္ကေလးမွာလည္းတဆတ္ဆတ္တုန္ေနေလသည္။

“မွား မွားပါတယ္ဆရာမ”

“ကဲေျပာစမ္းပါဦး ဘာလို႔အာသာေျဖရတာလဲ”

ကၽြန္ေတာ္မေျဖနိုင္ပါ။ ဘာေျဖရမလဲမသိပါ။ ဆရာမကၽြန္ေတာ့္ကိုၾကည့္ၿပီးသက္ျပင္းခ်လိုက္သည္။

အမူအရာမွာေစာေစာကေလာက္မခက္ထန္ေတာ့ပဲ ေျပေလ်ာ့သြားဟန္တူသည္။

ကၽြန္ေတာ့္ကိုစိုက္ၾကည့္ၿပီး….

“ဒီတစ္ႀကိမ္ေတာ့ခြင့္လႊတ္လိုက္မယ္ ”

အခုမွရင္ထဲကအလုံးႀကီးက်သြားေတာ့သည္။

“ေက်းဇူးတင္ပါတယ္ဆရာမ ေနာက္တစ္ခါဒီလိုအမွားမ်ိဳးထပ္မလုပ္ေတာ့ပါဘူးဆရာမ”

ဆရာမက မ်က္လုံးရြဲႀကီးမ်ားႏွင့္ကၽြန္ေတာ့္ကိုစိုက္ၾကည့္ေနသည္။

ထို႔ေနာက္ကၽြန္ေတာ့္ပုခုံးကိုကိုင္ၿပီး

“ကဲပါ မင္းကကေလးဆိုေတာ့ တစ္ခါတစ္ေလေတာ့မွားမွာေပါ့။ ဒါေပမယ့္ေသခ်ာေတာ့မွတ္ထားေနာ္၊

ဝါတာလူးစစ္ပြဲမွာစစ္ရႈံးသြားတာဘယ္သူလဲလို႔ေမးရင္ နပိုလီယန္လို႔ေျဖရမွာေနာ္ အာသာေျဖရမွာမဟုတ္ဘူး”

ဤသည္မွာကၽြန္ေတာ့္သမိုင္းဆရာမေလးမွ အာသာဘုရင္ႀကီးႏွင့္

နပိုလီယန္ကိုမွားေျဖေသာေၾကာင့္ကၽြန္ေတာ့္ကိုဆုံးမေနျခင္းျဖစ္ေလေတာ့သည္။

အားလုံးရယ္ေမာေပ်ာ္ရႊင္နိုင္ၾကပါေစ။

Credit