Local News
ယနေ့ ရန်ကုန်မြို့ ဘားလမ်းမှတ်တိုင်တွင် ပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး ပြောပြလိုက်တဲ့ ပန်ဆယ်လို
ရန်ကုန်မြို့၊ အနော်ရထာလမ်းမပေါ် ဘားလမ်းမှတ်တိုင်အနီးဒီကနေ့ ညနေပိုင်း မေလ ၃၁ ရက်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မှတ်တိုင်ရှိ ခရီးသည် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရသည့်အခြေအနေဖြစ်သည် ဟု မြို့ခံများကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်တွေရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေ
PDFတွေ UGတွေဆို ပြည်သူ့အထောက်အပံ့နဲ့ ရပ်တည်နေတာ။ စစ်ခွေးတွေရှိတဲ့ ပစ်မှတ်နေရာတွေမှာ Mission လုပ်လက်စတောင် ပြည်သူတွေ မလွတ်ရင် လှည့်ပြန်ခဲ့ရတဲ့ ဖျက်သိမ်းခဲ့ရတဲ့ Mission တွေမှ အများကြီး။
မင်းအောင်လှိုင်စစ်တပ်က ပြည်သူကို ရန်သူလို သဘောထားပြီး ရွာတွေ မီးတိုက်၊ လူတွေအရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေတာ မျက်မြင်ပဲ။
ဘားလမ်းမှတ်တိုင်မှာ ဘာတွေရှိလို့ UG တွေက လုပ်ရမှာလဲ။ ဘားလမ်းမှတ်တိုင်မှာ စစ်ခွေးတွေလည်း မရှိဘူး။ ပြည်သူတွေချည်းပဲ။ ပြည်သူကို ရန်သူလို သဘောထားနေတာ ဒီကောင်တွေပဲ ရှိတယ်။
ငပျူတွေကို အရပ်ဝတ်နဲ့ ဒါတွေ လုပ်ခိုင်းမယ်။ တွေ့ရာလူဖမ်းပြီး UGတွေပါဆိုပြီး ဝန်ခံခိုင်းမယ်။ MRTV, MWD က လွှင့်မယ်။ ဒီဇာတ်လမ်းရိုက်ဖို့ ချနင်းခံလိုက်ရတာက ဒဏ်ရာရ ပြည်သူ၉ယောက်။