Local News

“သားကြီးရေ မင်းဘ၀ကိုပျော်အောင်နေ ဘ၀မှန်ရင် အတက်အကျတို့ရှိမြဲပဲလေ” PDF (ရုပ်သံ)

“သားကြီးရေ မင်းဘ၀ကိုပျော်အောင်နေ ဘ၀မှန်ရင် အတက်အကျတို့ရှိမြဲပဲလေ” PDF (ရုပ်သံ)

အားမငယ်နဲ့ မင်းအနားမှာငါတို့ရှိတယ်ကောင်းတူတူဆိုးတူတူပေါ့ သူငယ်ချင်းတွေသားကြီးရေ စိတ်ပျက်ကာငိုင်မနေပါနဲ့

မနက်ဖြန်တွေ အားလုံးအတွက် အမြဲရှိတယ်မျှဝေမယ် အခိုက်အတန့်တွေကိုလေ သားကြီးတို့အေးဆေး

ကြုံလာအခက်အခဲများ ဖေးလို့ကူ
ရှေ့ဆက်လိုက်ကြမယ် သားကြီးတို့အေးဆေးး
ရင်ဘက်ချင်းအမြဲနီးစပ်မယ် ဘာမှမပူပါနဲ့
သားကြီးတို့ အေးဆေးးး”

ဒီနေ့အတွက် Revolution Song Time အစီအစဉ်မှာ
ကျွန်တော်တို့ ညီနောင်ရဲဘော်တွေ ကိုရေမွန်ရဲ့ “သားကြီးတို့အေးဆေး” သီချင်းကိုပြန် Recovery ဆိုထားတဲ့ သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ရဲ့ စိတ်ဒဏ်ရာတွေကို အခက်အခဲတွေ အားလုံးကို ကျွန်တော်တို့ ရဲဘော်ရဲဘက်အချင်းချင်း ဖေးမ ကူညီကျရင်း ရှေ့ဆက် လျှောက်လှမ်းကြစို့ဗျာ။

တစ်ယောက်ပင်ပန်းတဲ့အခါ အခြားတစ်ယောက်က အပြန်အလှန်ဖေးမပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပူပေါင်းတည်ဆောက်ကြပါစို့ဗျာ။ ပြည်သူများအနေဖြင့်လည်း မိမိတက်စွမ်းသ၍ ငွေအား၊

click အားဖြင့် စည်းစည်းလုံးလုံး ဝိုင်း၀န်းကူညီကြရင်း သာယာလှပတဲ့ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါစို့။

#OurTomorrow #သားကြီးတို့အေးဆေး #ပြည်သူ့ရဲဘော်များ

 




သားကြီးတို့ အေးဆေးးး”




