Local News

ရဲဖမ်းခံရတဲ့ ဗိုလ်ကြီးဇင်ယော်…

ရဲနဲ့ စစ်သား ဆိုတာတည့်တာက ခပ်ရှားရှားရယ်

တွေ့တာနဲ့ ချကြတာပဲ။ဟိုးတပ်မတော်နေ့မှာလည်း ချတယ်။ ဟိုနေ့ကလည်း ချကြတယ် တကယ်တမ်းက စစ်သားထက် ရဲတွေရဲ့ ဥပဒေက ပိုပါတယ်။ဗျူဟာတွေမှာတော့ အတူတူပါပဲ။ သို့သော်…

အာဏာရှင်က ဥပဒေဘက်တော်သားတွေကို တပည့်ကြီး (သို့) ညီလေးလုပ်ထားလိုက်ရင် သူဆရာကြီးဖြစ်ပြီပေါ့။ဘာမဆို တပ်အကျတွေသာ တပ်ဆင်ထားတဲ့ ပြည်သူ့ ရဲဘဝမှ မြန်မာနိုင်ငံက ရဲသားကြီးများ ခင်ဗျာ။ကျွန်တော် အရပ်ဝတ်နဲ့ ရဲအဖမ်းခံခဲ့ရဖူးပါတယ်။

ကျွန်တော် ဒုတပ်ရင်းမှူးကားထုတ်ဖို့ကိစ္စနဲ့ ရွှေမြို့ တော်ကြီးကိုအရောက် ဆိုင်ကယ်လေးတစ်စီး ငှားပြီး တံခွန်တိုင်နဲ့ ထုံးဖိုကို ပြေးရတာဗျာ။ပါလာတဲ့ ကားဆရာက မန်းလေးကို မကျွမ်းလို့ ” ဆရာ မပူနဲ့ မန်းလေးကကျွန် တော်ကျွမ်းပါတယ် “ဆိုပြီးဘုရားကြီးကနေ (၇၈) လမ်းပေါ်ကို ကုန်းကျော်ပေါ်ကနေ ခပ်တည်တည်ပဲ ထွက်လာခဲ့တယ်။ကူးနေရင်းနဲ့ ” ဆရာ ဒီလမ်းက ရှင်းတယ်တွေ့တယ်မို့လား ” ကျွန်တော်လူလည်ပါပေါ့။မီးပွိုင့်က မိနေပြီ ။ဟိုဘက်လမ်းမှာကတစ်အုပ်ကြီး ။

ကျွန်တော်တို့က တစ်စီးတည်း ။လက်မောင်းသုံးရစ် ပရုပ်လုံးကြီးက ခပ်တည်တည်နဲ့ သော့ဖြုတ်သွားတယ်။” ဆရာကြီး အသာနေနော် ကျွန်တော်လူလည်ပါ” ။ဒီကောင် ကျွန်တော်တို့ကို တောသားမှတ်ပုံရတယ်။နောက်ကြည့်မှန်၊ ဦးထုပ်၊ ဆိုင်ကယ်လိုင်စင်၊လူလိုင်စင် အကုန်ကွန်ပလိလေ။ခပ်တည်တည်ပဲ ရုံးခန်းထဲ ဝင်လိုက်သွားတယ်။” ခင်ဗျားတို့ one way ကြီး” တဲ့ ဟုတ်လားနော် ။

ဒီတော့မှ ပိုက်ဆံအိတ်လေးဖွင့်ပြီး စိစစ်ရေးကတ်လေးထုတ်ပြီး ဆရာကြီးကို ဘယ်တပ်ကအရာရှိပါ။” ကားလာထုတ်တာ ညီရာ အရင်က ဒီလမ်းရပါတယ်” ဆိုတော့” One way ချိန်းထားတာ ကြာပြီ။ ဗိုလ်ကြီး မရောက်တာကြာလို့နေမယ်” တဲ့။ ” ကျေးဇူးပဲ ” ဆိုပြီး သုတ် ခြေတင်ခဲ့ရတယ်။

အဲဒီညက မှတ်မှတ်ရရ အောင်လ နိုင်တဲ့ည။ပြည်သူ့အစိုးရခေတ် ပြည်နယ်ကြီးတစ်ခုရဲ့ မြို့တော်ကို ယာယီ တာဝန်တစ်ခုနဲ့ လာရင်းမြို့ထဲ ထမင်းစားပြီး တိုင်းရုံးဘက်ကို ဆိုင်ကယ်နဲ့ပေါ့။ကျွန်တော်က ဦးထုပ်ဆောင်းထားတယ် ။နောက်က ဗိုလ်လေးက မပါ။ ညီလေးတစ်ယောက်ကလည်း မဆောင်းထားဘူး။နာရီစင်ရှေ့အရောက်ရှေ့မှာ ဆပ်ပလိုင်းချက် ။

ဟိုညီလေးကို ကြည့်လိုက်တော့ ဦးထုပ်ကို ဇွပ်ကနဲဆောင်းလိုက်ကရော။စစ်သားလက်လောက်ကတော့ သနားတယ်။ရဲသားလေးလက်ကပိုမြန်တယ်။နှစ်စီးစလုံး သော့ဖြုတ်သွားပြီ။ နောက်က ဗိုလ်လေးက” ခွေးသား ဒါစစ်ဗိုလ်ကွ” ဆိုပြီး အော်လိုက်လို့ မနည်းတားလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်ခါ အဖမ်းခံရပါတယ်။ဖမ်းနေတာကလည်း ရဲဗိုလ်မလေး နှစ်ပွင့်နဲ့ နှစ်ယောက်။

ကျွန်တော် သနားသွားတယ်။ယောက်ျားရင့်မ စစ်ဗိုလ်ကြီးက သွားဖြဲရင် ဘယ်လိုဖြစ်မလဲနော် ကျွန်တော်သာ တစ်ခုခု ပြောလိုက်မိရင် ပွဲဖြစ်ပြီ ။ လိုင်းပေါ်တန်းရောက်မှာလေ။

လိုင်းပေါ်ရောက်ရင် ဥပေါ်ခဲကျလည်းဥကွဲ၊ ခဲပေါ်ဥကျလည်းဥပဲကွဲတဲ့။ဘတ်ဘတ်တို့ကိုကြောက်ရတယ်လေ။ ဘာလို့ မြို့ထဲသွားစားရတာလဲ?? ” တပ်နယ်ဈေးထမင်းက စားမှမကောင်းတာ အဘရယ်” ဆိုပြီးလည်းပြောမဖြစ်ပြန်။

ဒီလိုနဲ့ ရဲဗိုလ်မလေးဆီက ပြေစာနှစ်ရွက် ရခဲ့လိုက်ပါတယ်။ပြေစာမှာ ဖုန်းနံပါတ်လေးရေးထားပြီး ။ ” ဗိုလ်ကြီးရယ် စိတ်မရှိပါနဲ့ စီမံချက်နဲ့ဖမ်းတာမို့ပါ တာဝန်အရမို့ပါ “တဲ့ အလေးတောင်ပြုလိုက်သေးတယ်။ ကျွန်တော်လည်း ပြန်အလေးပြုရင်း “ဆက်လုပ်ညီမ၊ဆက်လုပ်ညီမ ကောင်းတယ်ဆို ” ပြောခဲ့လိုက်ရသေးတယ်။ဘေးကလူအုပ်ကြီးကတော့” စစ်သားရဲဖမ်းတာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်ကွာ” တဲ့ ။

ဒီလိုနဲ့ နီးရာတည်းခိုခန်းမှာ ခဏ ကျောဆန့်ကြရပါတယ်။ ကျောဆန့်ရင်း ပြဿနာက ကျနော်ယူနီဖောင်းနဲ့ ရှူးဖိနပ်ကြီးနဲ့မိုလို့ ညှပ်ဖိနပ် တစ်ရံလေး ကပျာကသီဆင်းဝယ်။ နှစ်နာရီလောက်ကြာတော့ ဖုန်းနံပါတ်ကို ဆက်လိုက်ပါတယ်။ ” ညီမရေ ကိုယ်အဖမ်းခံရတဲ့ ဗိုလ်ကြီးပါ ” ဆိုတော့ ” ဗိုလ်ကြီးရေ ဗိုလ်ကြီးတို့ဆိုင်ကယ်တွေ သယ်သွားပြီ။

ပြေစာလေးနဲ့ သွားထုတ်ပါ “တဲ့။ ဒီလိုနဲ့ သွားထုတ်ခဲ့ရပါလေရောလား။ ဒဏ်ကြေးတော့မဆောင်ခဲ့ရပါဘူး။ဒါပေမဲ့ တိုင်းရုံးပြန်မသွားတော့ဘဲ ညဘက် အောင်လပွဲကို ဘီယာ ထိုင်မြုံ့ရင်းကြည့်ခဲ့လိုက်တယ်။မတန်ပါဘူး တစ်ချီတည်းနဲ့ သိပ်လိုက်တဲ့ပွဲ

ဒါက ရယ်စရာပြောပြတာပါ။တော်လှန်ရေးအောင်တဲ့နေ့ကျရင် မအလနဲ့ အပေါင်းအပါတစ်စုကို ပြည်သူ့ရဲတွေနဲ့ ဝိုင်းဖမ်းကြရအုံးမယ်။ပြည်သူ့စစ်သားတွေကိုတော့ အနီးစည်းလုံခြုံရေးခေါ်ရမှာပေါ့ ။လိုက်ချင်ရင်ပြော ကျွန်တော် စာရင်းလိုက်ကောက်နေတယ် ခင်ဗျ။