Local News

ဆိုင်ကယ်ကယ်ရီသမား ဆိုင်ကယ်ကို စစ်သားများက သေနတ်ဖြင့် ချိန်ကာ လုယူသွား၊

ရန္ကုန္၊ ေအာင္မဂၤလာ အေဝးေျပးကားဂိတ္ရွိ အငွားဆိုင္ကယ္ ေမာင္းသူမ်ားထံမွ ဆိုင္ကယ္မ်ားကို စစ္သားမ်ားက ေသနတ္ျဖင့္ ခ်ိန္ကာ လုယူသြား၊

ဆိုင္ကယ္ ၁ စီး ၇ ေသာင္းျဖင့္ ျပန္ေရြးခိုင္းေန၊ လွိုင္သာယာတြင္ တပ္စြဲသည့္ ခမရ ၁၀၆ တပ္ရင္းမႉးမွာ အလားတူ လုပ္ရပ္မ်ားျဖင့္ တႏွစ္အတြင္း ခ်မ္းသာလာဟုဆို

ရန္ကုန္၊ ဇြန္ ၃

ရန္ကုန္၊ ေျမာက္ဥကၠလာၿမိဳ႕နယ္၊ ေအာင္မဂၤလာအေဝးေျပး ကားဝန္းတြင္ လုပ္ကိုင္ေနေသာ အငွားဆိုင္ကယ္ေမာင္းႏွင္သူမ်ား၏ ဆိုင္ကယ္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီ တပ္မ ၇၇ လက္ေအာက္ခံ ခမရ ၁၀၆ တပ္ရင္းမွ တပ္ဖြဲ႕မ်ားက ေသနတ္မ်ားခ်ိန္ကာ ယမန္ေန႔ ဇြန္လ ၂ ရက္ ညေနပိုင္းတြင္ သိမ္းယူသြားၿပီး ဆိုင္ကယ္ ၁ စီးလၽွင္ ေငြ ၇၀,၀၀၀ က်ပ္ျဖင့္ ျပန္လည္ ေရြးယူခိုင္းေနေၾကာင္း သတင္းရရွိသည္။

“မေန႔ ညေနပိုင္း ၄ နာရီေလာက္က ေအာင္မဂၤလာ အေဝးေျပးဂိတ္မွာကားဂိတ္မွာ ဆိုင္ကယ္ကယ္ရီ ဆြဲေနတဲ့ ဆိုင္ကယ္ကယ္ရီသမားေလးေတြရဲ့ ဘီးေတြကိုယာဥ္ထိန္းရဲနဲ႔ စစ္ေခြးေတြ ေပါင္းၿပီး ဖမ္းတယ္၊ ေသနတ္နဲ႔ ခ်ိန္ၿပီး ဆိုင္ကယ္ေသာ့ေတာင္း ဆိုင္ကယ္ေတြကို စစ္ကားေပၚ တခါတည္း တင္တာ၊ ျပန္ေရြးခ်င္ရင္ တစ္စီး 7ေသာင္းနဲ႔ ဆိုၿပီး ေအာင္မဂၤလာအေဝးေျပး အေက်ာ္ Terminal ဆီဆိုင္နားမွာ လာေရြးခိုင္းတယ္” ဟု မ်က္ျမင္ေတြ႕ရွိသူ ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ယင္းျဖစ္စဥ္တြင္ ဆိုင္ကယ္အမ်ားအျပားကို စစ္ေကာင္စီတပ္ဖြဲ႕က စစ္ကားေပၚ အဓမၼ တင္ေဆာင္သြားၿပီး ေငြက်ပ္ ၇၀,၀၀၀ ျဖင့္ ၿခိမ္းေျခာက္ကာ လာေရာက္ ေရြးယူခိုင္းေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ လွိုင္သာယာတြင္ တပ္စြဲထားသည့္ တပ္မ ၇၇ လက္ေအာက္ခံ ခမရ ၁၀၆ တပ္ရင္းမွ တပ္ရင္းမႉးသည္ အလားတူ ျပည္သူမ်ားအေပၚ ေသနတ္ၿပ ၿခိမ္းေျခာက္ကာ ေငြညႇစ္သည့္ လုပ္ရပ္ေၾကာင့္ တစ္ႏွစ္အတြင္း ေမာ္ေတာ္ကား ၃ စီး ပိုင္ဆိုင္လာကာ ခ်မ္းသာသြားေၾကာင္း သိရွိရသည္။

“မႏွစ္က ၄ လပိုင္း၊ ၅လပိုင္းတုန္းကလည္း လွိုင္သာယာဘက္မွာ တပ္စြဲထားတဲ့ တပ္မ ၇၇ လက္ေအာက္ခံ ၁၀၆ တပ္ရင္းက တပ္ရင္းမႉးဆို အရင္က ဘာမွ မရွိဘူး၊ ဆိုင္ကယ္စုတ္ေလး တစ္စီးပဲ ရွိတာ။

လွိုင္သာယာဘက္မွာ တပ္စြဲထားၿပီး ဆိုင္ကယ္ေတြ အသက္ကုန္ဖမ္းၿပီးေငြေတြညစ္တာ၊ အခုဆို အဲ့တပ္ရင္းမႉးကကိုယ္ပိုင္ကား ၃၊ ၄ စီးနဲ႔ ျဖစ္ေနၿပီ၊ ျပည္သူ႔ေတြရဲ့ မ်က္ရည္ေတြကိုသူတို႔မို႔လို႔ လုပ္ရက္တယ္” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ဆက္သြယ္ေျပာဆိုသည္။

Zawgyi

ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ရှိ အငှားဆိုင်ကယ် မောင်းသူများထံမှ ဆိုင်ကယ်များကို စစ်သားများက သေနတ်ဖြင့် ချိန်ကာ လုယူသွား၊

ဆိုင်ကယ် ၁ စီး ၇ သောင်းဖြင့် ပြန်ရွေးခိုင်းနေ၊ လှိုင်သာယာတွင် တပ်စွဲသည့် ခမရ ၁၀၆ တပ်ရင်းမှူးမှာ အလားတူ လုပ်ရပ်များဖြင့် တနှစ်အတွင်း ချမ်းသာလာဟုဆို

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝန်းတွင် လုပ်ကိုင်နေသော အငှားဆိုင်ကယ်မောင်းနှင်သူများ၏ ဆိုင်ကယ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းမှ တပ်ဖွဲ့များက သေနတ်များချိန်ကာ ယမန်နေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် သိမ်းယူသွားပြီး ဆိုင်ကယ် ၁ စီးလျှင် ငွေ ၇၀,၀၀၀ ကျပ်ဖြင့် ပြန်လည် ရွေးယူခိုင်းနေကြောင်း သတင်းရရှိသည်။

“မနေ့ ညနေပိုင်း ၄ နာရီလောက်က အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာကားဂိတ်မှာ ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ဆိုင်ကယ်ကယ်ရီသမားလေးတွေရဲ့ ဘီးတွေကိုယာဉ်ထိန်းရဲနဲ့ စစ်ခွေးတွေ ပေါင်းပြီး ဖမ်းတယ်၊ သေနတ်နဲ့ ချိန်ပြီး ဆိုင်ကယ်သော့တောင်း ဆိုင်ကယ်တွေကို စစ်ကားပေါ် တခါတည်း တင်တာ၊ ပြန်ရွေးချင်ရင် တစ်စီး 7သောင်းနဲ့ ဆိုပြီး အောင်မင်္ဂလာအဝေးပြေး အကျော် Terminal ဆီဆိုင်နားမှာ လာရွေးခိုင်းတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယင်းဖြစ်စဉ်တွင် ဆိုင်ကယ်အများအပြားကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကားပေါ် အဓမ္မ တင်ဆောင်သွားပြီး ငွေကျပ် ၇၀,၀၀၀ ဖြင့် ခြိမ်းခြောက်ကာ လာရောက် ရွေးယူခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာတွင် တပ်စွဲထားသည့် တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းမှ တပ်ရင်းမှူးသည် အလားတူ ပြည်သူများအပေါ် သေနတ်ပြ ခြိမ်းခြောက်ကာ ငွေညှစ်သည့် လုပ်ရပ်ကြောင့် တစ်နှစ်အတွင်း မော်တော်ကား ၃ စီး ပိုင်ဆိုင်လာကာ ချမ်းသာသွားကြောင်း သိရှိရသည်။

“မနှစ်က ၄ လပိုင်း၊ ၅လပိုင်းတုန်းကလည်း လှိုင်သာယာဘက်မှာ တပ်စွဲထားတဲ့ တပ်မ ၇၇ လက်အောက်ခံ ၁၀၆ တပ်ရင်းက တပ်ရင်းမှူးဆို အရင်က ဘာမှ မရှိဘူး၊ ဆိုင်ကယ်စုတ်လေး တစ်စီးပဲ ရှိတာ။

လှိုင်သာယာဘက်မှာ တပ်စွဲထားပြီး ဆိုင်ကယ်တွေ အသက်ကုန်ဖမ်းပြီးငွေတွေညစ်တာ၊ အခုဆို အဲ့တပ်ရင်းမှူးကကိုယ်ပိုင်ကား ၃၊ ၄ စီးနဲ့ ဖြစ်နေပြီ၊ ပြည်သူ့တွေရဲ့ မျက်ရည်တွေကိုသူတို့မို့လို့ လုပ်ရက်တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဆက်သွယ်ပြောဆိုသည်။