Local News

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေး

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က လစာများ လိမ်လည်ထုတ်စား

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ထွက်ပြေးသူ အရာရှိနှင့်စစ်သည်များ၏ လစာများကို ထုတ်စားနေကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောမှ ဒုအရာခံဗိုလ် အောင်ကိုမျိုး၊ တပ်ကြပ်ကြီး ရန် ငြိမ်းခန့် ၊ တပ်ကြပ်ကြီး အောင်ကျော်ကျော်ဦး၊ အခတပ်ကြပ်ကြီး ဝေယံလင်း၊ တပ်ကြပ်ကြီး ဝင်းထိုက်အောင်၊ တပ်ကြပ်မင်းမောင်မောင်၊ ဒုတပ်ကြပ်ကြပ် ၀ဏ္ဏကျော်တို့ ယမန်နှစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ခွင့်မဲ့ပျက်ကွက်နေကြောင်း၊

ယခု အဆိုပါ‌ စစ်သည်နှင့်အရာရှိများကို တပ်ပြေးတချို့ကို သတ် မှတ်၍ တချို့ကို ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်ပြီး ဆက်လက် ရှာဖွေနေကြောင်း၊ လစာများကိုမူ ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ဆက်လက်ထုတ် ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရေငုပ်သင်္ဘော စစ်ရေယာဥ် မင်းရဲသိင်္ခသူရဲ့ တပ်ပြေးတွေ စစ်ရေယာဥ်မှုး က သောက်စားပြီး တပ်ပြေးလစာတွေ လိမ်ယူနေတာ။ သူနဲ့အတူတူသောက်စားနေကြ အရာရှိတွေ ဆို သင်္ဘောကို လာစရာတောင်မလိုဘူးဆိုပြီး လွတ် လွတ် လပ်လပ်နေခိုင်းတယ်။ ကျန်တဲ့သူ စစ်သည်တွေကို အလုပ်ခိုင်းတယ်။

စစ်ရေယာဥ်မှုးက ဗိုလ်မှုးသက် နောင် DSA စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်းပါ။ သူနဲ့အတူတူ သောက်စားပြီး ဘောမရင် ဘာအလုပ်မှမခိုင်းဘူး။ သ င်္ဘော အကြောင်းလည်းဘာမှမသိဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယရေတပ်မှ အသုံးပြုပြီးသား ရေငုပ် သင်္ဘော အဟောင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရေတပ်သင်္ဘောအဖြစ် စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရေငုပ်သင်္ဘော မင်းရဲသိင်္ခ။

ေရငုပ္သေဘၤာ မင္းရဲသိခၤသူမွ စစ္သည္ႏွင့္အရာရွိ ၇ ဦး ထြက္ေျပးၿပီး ေရယာဥ္မႉး ဗိုလ္မႉးသက္ေနာင္က လစာမ်ား လိမ္လည္ထုတ္စား

ရန္ကုန္၊ ဇြန္ ၃

အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ေရငုပ္သေဘၤာ မင္းရဲသိခၤသူမွ စစ္သည္ႏွင့္အရာရွိ ၇ ဦး ထြက္ေျပးၿပီး ေရယာဥ္မႉး ဗိုလ္မႉးသက္ေနာင္က ထြက္ေျပးသူ အရာရွိႏွင့္စစ္သည္မ်ား၏ လစာမ်ားကို ထုတ္စားေနေၾကာင္း တပ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

မင္းရဲသိခၤသူ ေရငုပ္သေဘၤာမွ ဒုအရာခံဗိုလ္ ေအာင္ကိုမ်ိဳး၊ တပ္ၾကပ္ႀကီး ရန္ ၿငိမ္းခန႔္ ၊ တပ္ၾကပ္ႀကီး ေအာင္ေက်ာ္ေက်ာ္ဦး၊ အခတပ္ၾကပ္ႀကီး ေဝယံလင္း၊ တပ္ၾကပ္ႀကီး ဝင္းထိုက္ေအာင္၊ တပ္ၾကပ္မင္းေမာင္ေမာင္၊ ဒုတပ္ၾကပ္ၾကပ္ ၀ဏၰေက်ာ္တို႔ ယမန္ႏွစ္ ၂၀၂၁ ခုႏွစ္ အာဏာသိမ္းၿပီးေနာက္ ခြင့္မဲ့ပ်က္ကြက္ေနေၾကာင္း၊

ယခု အဆိုပါ‌ စစ္သည္ႏွင့္အရာရွိမ်ားကို တပ္ေျပးတခ်ိဳ႕ကို သတ္ မွတ္၍ တခ်ိဳ႕ကို ခြင့္မဲ့ပ်က္ကြက္ဟု သတ္မွတ္ၿပီး ဆက္လက္ ရွာေဖြေနေၾကာင္း၊ လစာမ်ားကိုမူ ေရယာဥ္မႉး ဗိုလ္မႉးသက္ေနာင္က ဆက္လက္ထုတ္ ယူေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

“ေရငုပ္သေဘၤာ စစ္ေရယာဥ္ မင္းရဲသိခၤသူရဲ့ တပ္ေျပးေတြ စစ္ေရယာဥ္မႈး က ေသာက္စားၿပီး တပ္ေျပးလစာေတြ လိမ္ယူေနတာ။ သူနဲ႔အတူတူေသာက္စားေနၾက အရာရွိေတြ ဆို သေဘၤာကို လာစရာေတာင္မလိုဘူးဆိုၿပီး လြတ္ လြတ္ လပ္လပ္ေနခိုင္းတယ္။ က်န္တဲ့သူ စစ္သည္ေတြကို အလုပ္ခိုင္းတယ္။

စစ္ေရယာဥ္မႈးက ဗိုလ္မႈးသက္ ေနာင္ DSA စစ္တကၠသိုလ္ အပတ္စဥ္ ၄၄ ဆင္းပါ။ သူနဲ႔အတူတူ ေသာက္စားၿပီး ေဘာမရင္ ဘာအလုပ္မွမခိုင္းဘူး။ သ ေဘၤာ အေၾကာင္းလည္းဘာမွမသိဘူး” ဟု တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

ေရငုပ္သေဘၤာ မင္းရဲသိခၤသူသည္ အိႏၵိယေရတပ္မွ အသုံးျပဳၿပီးသား ေရငုပ္ သေဘၤာ အေဟာင္းျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ ေရတပ္သေဘၤာအျဖစ္ စာရင္းသြင္းခဲ့ျခင္းျဖစ္သည္။

ဓာတ္ပုံ- ေရငုပ္သေဘၤာ မင္းရဲသိခၤ။