Local News

ဓာတ္ဆီ 95 ႏွင့္ 92 ဝယ္မရျဖစ္ေန၍ ညအခ်ိန္အထိ တိုးႀကိတ္ဝယ္ေနရသည့္ ျမင္ကြင္း(႐ုပ္/သံ)

ရန်ကုန်-မန္တလေး မြို့ကြီးများတွင် ဓာတ်ဆီ 95 နှင့် 92 ဝယ်မရဖြစ်နေ၍ ညအချိန်အထိ တိုးကြိတ်ဝယ်နေရ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၄

ရန်ကုန်-မန္တလေး မြို့ကြီးများတွင် ဓာတ်ဆီ 95 နှင့် 92 ဝယ်မရသည်အထိ ဖြစ်နေပြီး ညအချိန်အထိ တိုးကြိတ်ဝယ်နေရကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုကြသည်။

ဓာတ်ဆီ အလုံအလောက်ရှိတယ်သာပြောနေတာ ဘယ်ဆိုင်မှ ဝယ်မရဘူး။ ရတဲ့ဆိုင်မှာလည်း တစ်ခါတန်းစီရင် ၁ နာရီ ၂ နာရီ အနည်းဆုံးပဲ တန်းစီရတာ။ ဒါတောင် လိုချင်သလောက်မရဘူး။ အကန့်အသတ်နဲ့ပဲရတာ။

ဆီဆိုင်ထဲဝင်သွားရင် ဓာတ်ဆီ 95 ရှိလားဆိုရင် လက်ခါပြတယ်။ ဓာတ်ဆီ 92 ရှိလားဆိုရင် လက်ခါပြတယ်။ ဘယ်တော့ရမလဲမေးရင် မသိဘူးပဲ။ မရဘူးဆိုတာ စာကပ်ထားပါလားပြောရင် စာကပ်ထားရင် အရေးယူခံရမှာစိုးတယ်လို့ ပြောတယ်။

ပြောချင်တာက ဆီကန်ထဲမှာ ဆီရှိနေရုံနဲ့မရဘူး ဆီဆိုင်တွေမှာ လိုသလောက် ဝယ်မရဘူး။ ရောင်းလည်း မရောင်းကြဘူး ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့ခံတစ်ဦးကလည်း မန္တလေးရှိ ဆီဆိုင်အများစုတွင် ဓာတ်ဆီ ဝယ်မရဘဲ ရောင်းချသည့်ဆိုင်တွင် ဓာတ်ဆီ တိုးကြိတ်ဝယ်နေရသည်ဟုဆိုသည်။ သတင်းစာရှင်းလင်းပွဲမှာတော့ ဆီအပြည့်ပဲ။ မြေပြင်မှာတော့ တစ်နေ့ တစ်နေ့ ဆီပဲ လိုက်တိုးနေရတယ်။

ဘာအလုပ်မှ မလုပ်ရတော့ဘူး ပြည်သူတွေလည်း ဘဝတွေ အတော်ကို ဆိုးရွားနေတာ ဟု မန္တလေးဒေသခံက ဆိုသည်။ လက်ရှိတွင် ဓာတ်ဆီစျေးနှုန်းမှာ တစ်လီတာလျှင် ၂၂၀၀ နှင့် ၂၃၀၀ ကျပ် ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။ Crd- Khit Thit

Zawgyi

ရန္ကုန္-မႏၲေလး ၿမိဳ႕ႀကီးမ်ားတြင္ ဓာတ္ဆီ 95 ႏွင့္ 92 ဝယ္မရျဖစ္ေန၍ ညအခ်ိန္အထိ တိုးႀကိတ္ဝယ္ေနရ(႐ုပ္/သံ)

ရန္ကုန္၊ ဇြန္ ၄

ရန္ကုန္-မႏၲေလး ၿမိဳ႕ႀကီးမ်ားတြင္ ဓာတ္ဆီ 95 ႏွင့္ 92 ဝယ္မရသည္အထိ ျဖစ္ေနၿပီး ညအခ်ိန္အထိ တိုးႀကိတ္ဝယ္ေနရေၾကာင္း ေဒသ ခံမ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုၾကသည္။

ဓာတ္ဆီ အလုံအေလာက္ရွိတယ္သာေျပာေနတာ ဘယ္ဆိုင္မွ ဝယ္မရဘူး။ ရတဲ့ဆိုင္မွာလည္း တစ္ခါတန္းစီရင္ ၁ နာရီ ၂ နာရီ အနည္းဆုံးပဲ တန္းစီရတာ။ ဒါေတာင္ လိုခ်င္သေလာက္မရဘူး။ အကန႔္အသတ္နဲ႔ပဲရတာ။

ဆီဆိုင္ထဲဝင္သြားရင္ ဓာတ္ဆီ 95 ရွိလားဆိုရင္ လက္ခါျပတယ္။ ဓာတ္ဆီ 92 ရွိလားဆိုရင္ လက္ခါျပတယ္။ ဘယ္ေတာ့ရမလဲေမးရင္ မသိဘူးပဲ။ မရဘူးဆိုတာ စာကပ္ထားပါလားေျပာရင္ စာကပ္ထားရင္ အေရးယူခံရမွာစိုးတယ္လို႔ ေျပာတယ္။

ေျပာခ်င္တာက ဆီကန္ထဲမွာ ဆီရွိေန႐ုံနဲ႔မရဘူး ဆီဆိုင္ေတြမွာ လိုသေလာက္ ဝယ္မရဘူး။ ေရာင္းလည္း မေရာင္းၾကဘူး ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

မႏၲေလးၿမိဳ႕ခံတစ္ဦးကလည္း မႏၲေလးရွိ ဆီဆိုင္အမ်ားစုတြင္ ဓာတ္ဆီ ဝယ္မရဘဲ ေရာင္းခ်သည့္ဆိုင္တြင္ ဓာတ္ဆီ တိုးႀကိတ္ဝယ္ေနရသည္ဟုဆိုသည္။ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆီအျပည့္ပဲ။ ေျမျပင္မွာေတာ့ တစ္ေန႔ တစ္ေန႔ ဆီပဲ လိုက္တိုးေနရတယ္။

ဘာအလုပ္မွ မလုပ္ရေတာ့ဘူး ျပည္သူေတြလည္း ဘဝေတြ အေတာ္ကို ဆိုးရြားေနတာ ဟု မႏၲေလးေဒသခံက ဆိုသည္။ လက္ရွိတြင္ ဓာတ္ဆီေစ်းႏႈန္းမွာ တစ္လီတာလၽွင္ ၂၂၀၀ ႏွင့္ ၂၃၀၀ က်ပ္ ဝန္းက်င္တြင္ရွိေနေၾကာင္း သိရွိရသည္။ Crd- Khit Thit