Local News

ကျောင်းမနေရတဲ့ ကလေးတွေအတွက် ဒေါက်တာဇော်ဝေစိုး ကတော့ ရဲရဲကြီး အာမခံချက်ပေးလိုက်ပါပြီ..

ကျောင်းမနေရတဲ့ ကလေးတွေအတွက် ဒေါက်တာဇော်ဝေစိုး ကတော့ ရဲရဲကြီး အာမခံချက်ပေးလိုက်ပါပြီ..

ကျောင်းမနေရဘဲ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ မိဘတွေ မပူဖို့ ဒေါက်တာဇော်ဝေစိုး ပြောဒေါက်တာ ဇော်ဝေစိုး ဒီလိုသာ ကျောင်းတွေ မနေရဘဲ ဖြစ်နေရင်၊ ကလေးတွေအသက်တွေ ကြီးပြီး အရွယ်လွန်ကုန်မှာ စိုးတယ် ဆရာတဲ့။

စိတ် သိပ် မပူပါနဲ့၊သားငယ် သမီးငယ်တို့အတွက် ပညာရေးတွေ ရပ်တန့်နေချိန်မှာ အကောင်းဆုံးပြင်ဆင် ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေ ဖြစ်တဲ့– အင်္ဂလိပ်စာနဲ့ – သင်္ချာ ဒီနှစ်ဘာသာကို သေချာသင်ထားပါ။ကျန်တာတွေအတွက် ဗဟုသုတ ဖြစ်စရာ

စာပေတွေ ဖတ်ခိုင်းပါ။သိပ်မစောင့်ပါနဲ့။ အတန်းပညာ တက်ရဖို့ထက်ကလေးတွေအတွက် စဉ်ဆက်မပြတ် သင်ယူ လေ့လာနိုင်ဖို့က အရေးကြီးပါတယ်။နောက်တစ်ခုကအရည်အချင်းပါ။ အရည်အချင်းကို ဦးစားပေးပါ။ ဆန္ဒမစောပါနဲ့၊သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။

အလွတ်ကျက်တာတွေ အားမပေးပါနဲ့။ စဉ်းစားဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက် တွေးတတ်အောင် သင်ယူခိုင်းပါ။ အရွယ်နဲ့ လေ့လာမှုက မျှတဖို့ လိုပါတယ်။ဥပမာဆိုရရင် အသက် ၁၀ နှစ်ကလေး ဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေရပါမယ်။

ဘာသာစကား – သင်္ချာဉာဏ်ရည်အရေးကြီးပါတယ်။ပြီးတော့ စောစောက ပြောသလိုပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ်ခိုင်းပါ။ တစ်ချိန်မှာဖက်ဒရယ် ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်အချင်းကို ဦးစားပေးမယ့်Standardization စံသတ်မှတ်ချက်

စာမေးပွဲလိုမျိုးတွေ အရွယ်ကို ကြည့်ပြီ စ.စ်တာမျိုး ဖြစ်လာလိမ့်မယ် ။ဥပမာ ကလေးက High school ပြီးတဲ့ အရွယ် ဆိုပါစို့။ ကောလိပ် တက်နိုင်ဖို့အရည်အချင်းပြည့်မီ မမီကို အောင်လက်မှတ် တောင်းပြီး ကြည့်စစ်တာမျိုး မဟုတ်တော့ဘဲ၊College admission tests လိုမျိုး ဝင်ခွင့် စာမေးပွဲတွေ လာပါလိမ့်မယ်။

အစိုးရ ပညာရေးဝန်ကြီးဌာန ဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်း မဟုတ်တော့ဘဲပဲ့ကိုင်ထိန်းရုံ လုပ်မယ့် အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။စာမေးပတေ ရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေက တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊

Awarding body တွေပေါ်မှာမူတည်ပြီး Semester တွေ ကွဲပြားပါလိမ့်မယ်။ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင်ထိန်းချုပ်မှု မရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့အစည်းတွေနဲ့အဆင့်သတ်မှတ်ချက် (ranking) ပေးမယ့် အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။

ဒီအချိန်မှာ ကျောင်းတွေ ရွေးရတာ လည်း တစ်ဖက်က ပိုလွယ်လာသလို မိဘတွေဘက်ကပညာရေးကို စိတ်ကြိုက် ရွေးချယ်ခွင့် သာလာပါလိမ့်မယ်။လောလောဆယ် ကိုယ့်ဘက်ပြင်ဆင် ထားရမှာက အတန်းပညာရေးထက် အရည်ချင်း ပြည့်မီအောင်ပါပဲ။

မိဘကိုယ်တိုင်ကသေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက် ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်း အားကြီးပြီး ကလေးကိုမနိုင်မနင်း တစ်ခုပြီး တစ်ခု၊ တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲသင်ယူနေတာမျိုး မလုပ်မိပါစေနဲ့။

အိုးနဲ့ ဆန် တန်ရုံပဲ ကောင်းပါတယ်၊ မှန်ကန်တဲ့ ပြုစု ပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။အပင် မြန်မြန် ကြီးချင်တာနဲ့ ခဏခဏ အဆက်မပြတ် ရေလောင်းနေလို့မှ မရတာ။

Credit – Original Writer

Zawgyi

ေက်ာင္းမေနရတဲ့ ကေလးေတြအတြက္ ေဒါက္တာေဇာ္ေဝစိုး ကေတာ့ ရဲရဲႀကီး အာမခံခ်က္ေပးလိုက္ပါၿပီ..

ေက်ာင္းမေနရဘဲ ကေလးေတြ အသက္ေတြႀကီးၿပီး အရြယ္လြန္ကုန္မွာ မိဘေတြ မပူဖို႔ ေဒါက္တာေဇာ္ေဝစိုး ေျပာေဒါက္တာ ေဇာ္ေဝစိုး ဒီလိုသာ ေက်ာင္းေတြ မေနရဘဲ ျဖစ္ေနရင္၊ ကေလးေတြအသက္ေတြ ႀကီးၿပီး အရြယ္လြန္ကုန္မွာ စိုးတယ္ ဆရာတဲ့။

စိတ္ သိပ္ မပူပါနဲ႔၊သားငယ္ သမီးငယ္တို႔အတြက္ ပညာေရးေတြ ရပ္တန႔္ေနခ်ိန္မွာ အေကာင္းဆုံးျပင္ဆင္ ထားသင့္တာကေတာ့ မရွိမျဖစ္ core subjects ေတြ ျဖစ္တဲ့– အဂၤလိပ္စာနဲ႔ – သခၤ်ာ ဒီႏွစ္ဘာသာကို ေသခ်ာသင္ထားပါ။က်န္တာေတြအတြက္ ဗဟုသုတ ျဖစ္စရာ

စာေပေတြ ဖတ္ခိုင္းပါ။သိပ္မေစာင့္ပါနဲ႔။ အတန္းပညာ တက္ရဖို႔ထက္ကေလးေတြအတြက္ စဥ္ဆက္မျပတ္ သင္ယူ ေလ့လာနိုင္ဖို႔က အေရးႀကီးပါတယ္။ေနာက္တစ္ခုကအရည္အခ်င္းပါ။ အရည္အခ်င္းကို ဦးစားေပးပါ။ ဆႏၵမေစာပါနဲ႔၊သင္ခန္းစာၿပီးဖို႔ အဓိကမထားပါနဲ႔။

အလြတ္က်က္တာေတြ အားမေပးပါနဲ႔။ စဥ္းစားဉာဏ္ကို ဦးစားေပးပါ၊ ျဖန႔္ထြက္ ေတြးတတ္ေအာင္ သင္ယူခိုင္းပါ။ အရြယ္နဲ႔ ေလ့လာမႈက မၽွတဖို႔ လိုပါတယ္။ဥပမာဆိုရရင္ အသက္ ၁၀ ႏွစ္ကေလး ဆိုရင္ ၁၀ ႏွစ္နဲ႔ ညီတဲ့ Level အဆင့္ ရွိေနရပါမယ္။

ဘာသာစကား – သခၤ်ာဉာဏ္ရည္အေရးႀကီးပါတယ္။ၿပီးေတာ့ ေစာေစာက ေျပာသလိုျပင္ပ ဗဟုသုတ စာေပစုံ ဖတ္မွတ္ခိုင္းပါ။ တစ္ခ်ိန္မွာဖက္ဒရယ္ ပညာေရး ျဖစ္လာရင္ အတန္းပညာထက္ အရည္အခ်င္းကို ဦးစားေပးမယ့္Standardization စံသတ္မွတ္ခ်က္

စာေမးပြဲလိုမ်ိဳးေတြ အရြယ္ကို ၾကည့္ၿပီ စ.စ္တာမ်ိဳး ျဖစ္လာလိမ့္မယ္ ။ဥပမာ ကေလးက High school ၿပီးတဲ့ အရြယ္ ဆိုပါစို႔။ ေကာလိပ္ တက္နိုင္ဖို႔အရည္အခ်င္းျပည့္မီ မမီကို ေအာင္လက္မွတ္ ေတာင္းၿပီး ၾကည့္စစ္တာမ်ိဳး မဟုတ္ေတာ့ဘဲ၊College admission tests လိုမ်ိဳး ဝင္ခြင့္ စာေမးပြဲေတြ လာပါလိမ့္မယ္။

အစိုးရ ပညာေရးဝန္ႀကီးဌာန ဆိုတာက ေအာင္လက္မွတ္ေပးတဲ့ အဖြဲ႕အစည္း မဟုတ္ေတာ့ဘဲပဲ့ကိုင္ထိန္း႐ုံ လုပ္မယ့္ အဖြဲ႕အစည္းအေနနဲ႔ပဲ ရွိေတာ့မွာပါ။စာေမးပေတ ရာသီေတြ Intake ေက်ာင္းဖြင့္ခ်ိန္ေတြက တစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္ မတူနိုင္သလို၊

Awarding body ေတြေပၚမွာမူတည္ၿပီး Semester ေတြ ကြဲျပားပါလိမ့္မယ္။ေက်ာင္းေတြက ယခင္လို ဗဟိုခ်ဳပ္ကိုင္ထိန္းခ်ဳပ္မႈ မရွိေတာ့ဘဲ အရည္အခ်င္းစစ္၊ စံခ်ိန္မီ မမီ စစ္ေဆးမယ့္ အဖြဲ႕အစည္းေတြနဲ႔အဆင့္သတ္မွတ္ခ်က္ (ranking) ေပးမယ့္ အဖြဲ႕ေတြ ေပၚလာပါလိမ့္မယ္။

ဒီအခ်ိန္မွာ ေက်ာင္းေတြ ေရြးရတာ လည္း တစ္ဖက္က ပိုလြယ္လာသလို မိဘေတြဘက္ကပညာေရးကို စိတ္ႀကိဳက္ ေရြးခ်ယ္ခြင့္ သာလာပါလိမ့္မယ္။ေလာေလာဆယ္ ကိုယ့္ဘက္ျပင္ဆင္ ထားရမွာက အတန္းပညာေရးထက္ အရည္ခ်င္း ျပည့္မီေအာင္ပါပဲ။

မိဘကိုယ္တိုင္ကေသခ်ာစူးစမ္းၿပီး ကေလးကို အဆင့္လိုက္ ျပင္ဆင္နိုင္ေအာင္ စီစဥ္သင့္ပါတယ္။တစ္ခုပဲ အႀကံေပးခ်င္တာက စိတ္ေလာၿပီး တတ္ခ်င္လြန္း အားႀကီးၿပီး ကေလးကိုမနိုင္မနင္း တစ္ခုၿပီး တစ္ခု၊ တစ္ခ်ိန္ၿပီး တစ္ခ်ိန္၊ အနားမေပးဘဲသင္ယူေနတာမ်ိဳး မလုပ္မိပါေစနဲ႔။

အိုးနဲ႔ ဆန္ တန္႐ုံပဲ ေကာင္းပါတယ္၊ မွန္ကန္တဲ့ ျပဳစု ပ်ိဳးေထာင္မႈမ်ိဳးက အေရးႀကီးပါတယ္။အပင္ ျမန္ျမန္ ႀကီးခ်င္တာနဲ႔ ခဏခဏ အဆက္မျပတ္ ေရေလာင္းေနလို႔မွ မရတာ။

Credit – Original Writer