Local News

စကစ ကျောင်းတွေမှာ သင်ပေးမယ့် ဆရာမ မရှိသဖြင့် တပတ် ၂ ရက်သာ …

ဒီနေ့ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်း ရှေ့ကနေ ၅၀၀ ဖိုး ရလားလို့ မေးလိုက်တဲ့ အသံကြောင့် ရုတ်တရက်ရယ်ချင်သွားတယ်။ ဒီဆီဈေးနဲ့ ၅၀၀ဖိုးဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမယ့်လည်း ဘဝတွေရှိတယ်ဆိုတာ တကယ်ပဲ။

 

မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်၊ လက်ထဲမှာလည်း အနှုတ်လေးတွေ ဆုပ်လို့၊ ပန့်ကိုင်တဲ့ ကောင်မလေးကလည်း အားနာသွား ပုံရတယ်၊ ခုတလော ၅၀၀ ဖိုးမရောင်းပေးသေးလို့ပါ ရှင့်တဲ့၊ ဦးလေးကြီးမှာ ၅၀၀ပဲ ပါပုံရတယ်၊ ဆိုင်ကမရောင်းပေးတော့ ဆီမထည့်ရသေးပဲ မောင်းထွက်သွားရှာတယ်။

ဆိုင်ထိပ်ကျ ခဏရပ်ပြီး လက်ထဲက အနှုတ်လေး တွေကိုသေချာ ရေနေရှာတာ မြင်လိုက်တော့ ရင်ထဲတော်တော် စိတ်မကောင်းဖြစ်သွားတာ၊ အနှုတ်ကလေးတွေ ၁၀၀၀ ပြည့်မလားလို့ ခဏခဏ ရေနေရှာတယ်နဲ့တူတယ်၊ ဆိုင်ထဲကိုလည်း ပြန်လှည့်လှည့်ကြည့်ပြီး တစ်ခုခုပြန်လာပြောရကောင်းနိုးနိုး ချိတုံချိတုံဖြစ်နေပုံရတယ်၊ ကိုယ်မြင်ရသလောက်တော့ ၅၀၀ မကျော်ဘူး ထင်တာပဲ။

သူ အပြန်ပြန် ရေတွက်နေတာကို အစဆုံးမြင်နေရတယ်၊ (ကိုယ်က ၅၀၀၀ ဖိုဆိုတော့ နည်းနည်းကြာတယ်လေ) ကိုယ်ကလည်း အဲ့ဒီလို ဘဝတွေမြင်ရင် မငဲ့ကြည့်ပဲကိုမနေနိုင်တာ၊ တတ်နိုင်သလောက်တော့ ကူကောင်းပါတယ်လေလို့ သူ့အနားသွားမိတယ်။

”ဦးလေး” ကျနော့် ဂရုဏာလေသံကို သူခံစားမိပုံရတယ်၊ အားကိုးတကြီး မော့ကြည့်ရှာတယ်၊ “ပေးပေး အဲ့ အနှုတ်တွေ ကျနော့်ကိုပေး.. ဒီတိုင်း အနှုတ်တွေကိုင်ပြီး သွားမေးရင် ဦးလေးကို ဘယ်သူကမှ အရေးတယူရှိမှာမဟုတ်ဘူး” သူ အားနာနေပုံရတယ်၊ ချက်ချင်းမပေးဘူး၊ ကိုယ် သူ့မျက်ဝန်းတွေကို နားလည်ပါတယ်၊ သူ ပေးရကောင်းနိုးနိုး တစ်ခုခုပြောချင်နိုးနိုး ဝေခွဲမရဖြစ်နေပုံရတယ်၊

ကျနော်လည်း သူအနေရခက်မှာဆိုးတာနဲ့ ဆတ်ခနဲ သူ့လက်ထဲက အနှုတ်လေးတွေဆွဲယူပြီး အိတ်ထဲကနေ ငါးရာတန် အသစ်ချပ်ချွတ်တစ်ရွက် ထုတ်ပေးလိုက် တယ်၊ “ရော့ ဦးလေး ကျနော် အနှုတ်လဲ ပေးလိုက်မယ်၊ ဦးလေးလည်း ခဏခဏ ထုတ်မရေရတော့ဘူးပေါ့ ကိုင်ရလည်း လွယ်တယ်လေ၊ ခွင့်ပြုဦးနော် ဦးလေး”

နှုတ်ဆက်ပြီး ကျနော် မောင်းထွက်လာခဲ့လိုက် တယ်။ လှည့်မကြည့်လည်း သူ အံ့ဩဝမ်းသာပြီး ကျန်ခဲ့မယ် ဆိုတာသိပါတယ်။ ကျနော်လည်းပီတိကိုစား အားရှိရတာပါပဲ၊ ပီတိဖြစ်ရပုံများ ဒီလောက်နဲ့ မပြီးဘူးဗျာ၊ တကယ်ပါ

လမ်းမှာ အမောပြေ ဘီယာဆိုင် ခဏဝင်ထိုင်တော့ သူ့ အနှုတ်လေးတွေ ထုတ်ရေမိတော့မှ လားလား ၉၅၀ တောင်ဗျာ စေတနာ လက်ငင်း အကျိုးပေးတယ်ဆိုတာ တကယ်ပါပဲ။

နောက်ထပ်၂၅၀ပဲစိုက်ရပြီး တိုက်ဂါးတစ်ခွက်ဖိုး ပိုထွက်လာတယ်လေ။ စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာ လက်တွေ့ပဲ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ဒီေန႔ဆီဆိုင္မွာ ဆီထည့္ဖို႔ေစာင့္ေနတုန္း ေရွ႕ကေန ၅၀၀ ဖိုး ရလားလို႔ ေမးလိုက္တဲ့ အသံေၾကာင့္ ႐ုတ္တရက္ရယ္ခ်င္သြားတယ္။ ဒီဆီေဈးနဲ႔ ၅၀၀ဖိုးဆိုတာ စဥ္းစားၾကည့္ပါ။ ဒါေပမယ့္လည္း ဘဝေတြရွိတယ္ဆိုတာ တကယ္ပဲ။

ေမာ့ၾကည့္လိုက္ေတာ့ ဦးေလးႀကီးတစ္ေယာက္၊ လက္ထဲမွာလည္း အႏႈတ္ေလးေတြ ဆုပ္လို႔၊ ပန႔္ကိုင္တဲ့ ေကာင္မေလးကလည္း အားနာသြား ပုံရတယ္၊ ခုတေလာ ၅၀၀ ဖိုးမေရာင္းေပးေသးလို႔ပါ ရွင့္တဲ့၊ ဦးေလးႀကီးမွာ ၅၀၀ပဲ ပါပုံရတယ္၊ ဆိုင္ကမေရာင္းေပးေတာ့ ဆီမထည့္ရေသးပဲ ေမာင္းထြက္သြားရွာတယ္။

ဆိုင္ထိပ္က် ခဏရပ္ၿပီး လက္ထဲက အႏႈတ္ေလး ေတြကိုေသခ်ာ ေရေနရွာတာ ျမင္လိုက္ေတာ့ ရင္ထဲေတာ္ေတာ္ စိတ္မေကာင္းျဖစ္သြားတာ၊ အႏႈတ္ကေလးေတြ ၁၀၀၀ ျပည့္မလားလို႔ ခဏခဏ ေရေနရွာတယ္နဲ႔တူတယ္၊ ဆိုင္ထဲကိုလည္း ျပန္လွည့္လွည့္ၾကည့္ၿပီး တစ္ခုခုျပန္လာေျပာရေကာင္းနိုးနိုး ခ်ိတုံခ်ိတုံျဖစ္ေနပုံရတယ္၊ ကိုယ္ျမင္ရသေလာက္ေတာ့ ၅၀၀ မေက်ာ္ဘူး ထင္တာပဲ။

သူ အျပန္ျပန္ ေရတြက္ေနတာကို အစဆုံးျမင္ေနရတယ္၊ (ကိုယ္က ၅၀၀၀ ဖိုဆိုေတာ့ နည္းနည္းၾကာတယ္ေလ) ကိုယ္ကလည္း အဲ့ဒီလို ဘဝေတြျမင္ရင္ မငဲ့ၾကည့္ပဲကိုမေနနိုင္တာ၊ တတ္နိုင္သေလာက္ေတာ့ ကူေကာင္းပါတယ္ေလလို႔ သူ႔အနားသြားမိတယ္။

”ဦးေလး” က်ေနာ့္ ဂ႐ုဏာေလသံကို သူခံစားမိပုံရတယ္၊ အားကိုးတႀကီး ေမာ့ၾကည့္ရွာတယ္၊ “ေပးေပး အဲ့ အႏႈတ္ေတြ က်ေနာ့္ကိုေပး.. ဒီတိုင္း အႏႈတ္ေတြကိုင္ၿပီး သြားေမးရင္ ဦးေလးကို ဘယ္သူကမွ အေရးတယူရွိမွာမဟုတ္ဘူး” သူ အားနာေနပုံရတယ္၊ ခ်က္ခ်င္းမေပးဘူး၊ ကိုယ္ သူ႔မ်က္ဝန္းေတြကို နားလည္ပါတယ္၊ သူ ေပးရေကာင္းနိုးနိုး တစ္ခုခုေျပာခ်င္နိုးနိုး ေဝခြဲမရျဖစ္ေနပုံရတယ္၊

က်ေနာ္လည္း သူအေနရခက္မွာဆိုးတာနဲ႔ ဆတ္ခနဲ သူ႔လက္ထဲက အႏႈတ္ေလးေတြဆြဲယူၿပီး အိတ္ထဲကေန ငါးရာတန္ အသစ္ခ်ပ္ခၽြတ္တစ္ရြက္ ထုတ္ေပးလိုက္ တယ္၊ “ေရာ့ ဦးေလး က်ေနာ္ အႏႈတ္လဲ ေပးလိုက္မယ္၊ ဦးေလးလည္း ခဏခဏ ထုတ္မေရရေတာ့ဘူးေပါ့ ကိုင္ရလည္း လြယ္တယ္ေလ၊ ခြင့္ျပဳဦးေနာ္ ဦးေလး”

ႏႈတ္ဆက္ၿပီး က်ေနာ္ ေမာင္းထြက္လာခဲ့လိုက္ တယ္။ လွည့္မၾကည့္လည္း သူ အံ့ဩဝမ္းသာၿပီး က်န္ခဲ့မယ္ ဆိုတာသိပါတယ္။ က်ေနာ္လည္းပီတိကိုစား အားရွိရတာပါပဲ၊ ပီတိျဖစ္ရပုံမ်ား ဒီေလာက္နဲ႔ မၿပီးဘူးဗ်ာ၊ တကယ္ပါ။

လမ္းမွာ အေမာေၿပ ဘီယာဆိုင္ ခဏဝင္ထိုင္ေတာ့ သူ႔ အႏႈတ္ေလးေတြ ထုတ္ေရမိေတာ့မွ လားလား ၉၅၀ ေတာင္ဗ်ာ ေစတနာ လက္ငင္း အက်ိဳးေပးတယ္ဆိုတာ တကယ္ပါပဲ။

ေနာက္ထပ္၂၅၀ပဲစိုက္ရၿပီး တိုက္ဂါးတစ္ခြက္ဖိုး ပိုထြက္လာတယ္ေလ။ စိတ္ထားေကာင္းရင္ ကံေကာင္းတယ္ဆိုတာ လက္ေတြ႕ပဲ။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)