Local News
မန္တလေးမှာ ပိုက်ဆံနဲ့ဖုန်းလုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသူကို ကားနဲ့ဝုန်းပြီးဖမ်း
မန္တလေးမှာ ပိုက်ဆံနဲ့ဖုန်းလုပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူကို ကားနဲ့တိုက်ဖမ်း
ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်က မန္တလေး မြရည်နန္ဒအိမ်ရာအနီးမှာ လူငယ်တစ်ဦးထံကနေ ပိုက်ဆံနဲ့ဖုန်းလုပြီး
ဆိုင်ကယ်မောင်းပြေးသွားတဲ့သူကို လူမှုကူညီရေးကားနဲ့ တိုက်ပြီးဖမ်းပေးခဲ့ရတယ်လို့ မြရည်နန္ဒာလူမှုကူညီရေးအသင်းက ထုတ်ပြန်အသိပေးထားပါတယ်။
ယာဉ်တိုက်မှုအတွက်သွားရောက်ချိန် လုယက်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးလာတာကိုတွေ့ရတဲ့အတွက် ကားနဲ့တိုက်ပြီးဖမ်းပေးလိုက်တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် လူမှုကူညီရေးအသင်းကားရဲ့အရှေ့ခြမ်းပျက်ဆီးသွားပါတယ်။ ဒါအပြင် လုယက်သူကိုဖမ်းမိချိန်မှာ ဝင်ရောက်ရိုက်နှက်တာတွေရှိလို့
လုယက်သူကိုကာကွယ်ပေးရင်း လူမှုကူညီရေးအသင်းဥက္ကဋ္ဌပါ ဒဏ်ရာရသွားတယ်လို့ မြရည်နန္ဒာလူမှုကူညီရေးအသင်းက ဆိုထားပါတယ်။
လုယက်သူမှာဓားပါလာတာကြောင့် ပြည်သူတွေအနေနဲ့လည်း သတိထားကြဖို့ သတိပေးထားပါသေးတယ်။
မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လုယက်မှု ၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။ လုယက်မှုတစ်မှုမှာတော့ လုယက္သူက ဓားနဲ့ထိုးသွားလို့ ဆိုင်ကယ်ပိုင်ရှင် လူငယ်တစ်ဦး ဓားဒဏ်ရာနဲ့သေဆုံးခဲ့ရပါတယ်။ Crd- People Spring