Local News

ဒီးမော့ဆိုမှာ ယခုမနက် တိုက်ပွဲပြင်းထန်နေ (ရုပ်သံ)

ဒီးမော့ဆိုမှာ ယခုမနက် တိုက်ပွဲပြင်းထန်နေ (ရုပ်သံ)

ကရင်နီ(ကယားပြည်နယ်) ဒီးမော့ဆိုမြို့တွင်းမှာ ဒီကနေ့ ဇွန်လ၄ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ သတင်းရရှိပါ်တယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလထဲက တိုက်ပွဲတွေပြင်းထန်နေခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ ကလဲ ကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်တော်ယာဥ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ Anti- Drome Jammer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Zawgyi


ကရင်နီ(ကယားပြည်နယ်) ဒီးမော့ဆိုမြို့တွင်းမှာ ဒီကနေ့ ဇွန်လ၄ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ သတင်းရရှိပ်ါတယ်။

