Local News

နာရီနဲ့ ချီပြီးကို Mission လုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ငါတို့ စစ်ကိုင်းဖက်က PDF အဖွဲ့အစည်းအတော်များများက ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ။





တော်ဝင်နောင် (MasK.)






Zawgyi

ငါတို့ ဘယ် UN ကိုမှမျှော်စရာမလိုဘူး။ငါတို့နိုင်ငံအတွက် ကယ်တင်ရှင်မလိုဘူး။

အမှန်တရားဖက်က ရဲရဲရပ်တည်ရဲတဲ့ သတ္တိဘဲလိုတယ်။ငါတို့အားနဲ့တင်ဖြစ်တယ်။

ပြည်သူတွေအားနဲ့တင်ဖြစ်တယ်။

နာရီနဲ့ ချီပြီးကို Mission လုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ငါတို့ စစ်ကိုင်းဖက်က PDF အဖွဲ့အစည်းအတော်များများက ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ။

တော်ဝင်နောင် (MasK.)

စစ်ကောင်စီကိုတိုက်ဖို့ လက်နက်ကြီး ကျည်အများအပြား အသင့်ရှိနေကြောင်း ထုတ်ပြ

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေတဲ့ PDF တဖွဲ့ဖြစ်တဲ့ ကျားသစ်နက်အဖွဲ့က စစ်ကောင်စီကို တိုက်ဖို့ လက်နက်ကြီးကျည်တွေ ထုတ်နေဆဲဖြစ်ပြီး လက်ရှိထုတ်ထားပြီးတဲ့ ကျည်တွေနဲ့ တိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ပြောပါတယ်။

 

အခုနှစ် ဖေဖော်ဝါရီလ လောက်ကတည်းက စမ်းသမ်းထုတ်လုပ်နေတဲ့ ၈၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးနဲ့ ကျည်တွေကို တိုက်ပွဲတွေမှာ သုံးခဲ့ပြီးဖြစ်သလို ဆက်ပြီးလည်း ထုတ်နေကြောင်းနဲ့ လက်ရှိမှာလည်း အများအပြားရှိနေတဲ့ အကြောင်းကို စစ်ကောင်စီကို ချပြတာဖြစ်တယ်လို့ ကျားသစ်နက် တာဝန်ခံက ပြောပါတယ်။

” ၈၀ မမ ၆၀ မမ တွေကို စမ်းသပ်ထုတ်လုပ်ပြီးတော့ တိုက်ပွဲတွေမှာလည်း သုံးခဲ့ပြီးပါပြီ၊ အခုလက်ရှိထုတ်လုပ်နေတဲ့အရေအတွက်ကို စစ်ကောင်စီသိအောင်ချပြတဲ့သဘောပါ၊ပြည်သူတွေအနေနဲ့ အခုအချိန်မှာ အားတင်းထားကြပါ၊ ကျနော်တို့ ကြိုးစားပြီး ရတဲ့အလှူငွေထဲကနေ အခုလိုလက်နက်ကြီးတွေကို ထုတ်လုပ်ပြီးတိုက်ပွဲဝင်နေပါတယ်” လို့ ပြောပါတယ်။

ကျားသစ်နက်အဖွဲ့အနေနဲ့ လက်နက်ကြီးကို အဓိကထား ထုတ်လုပ်တဲ့ အဖွဲ့ဖြစ်ပြီး ၈၀ မမကို အများဆုံးထုတ်လုပ်ထားသလို ကျားသစ်နက်အဖွဲ့မှာ လက်နက်မတော်တဆမှုကြောင့် လက်ဖြတ်ရသူ အပါအဝင် ရဲဘော် ၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။