Local News

ကံဖျားရွာသားများကို စကစတပ်ဖွဲ့က ပြေးခိုင်းပြီး အမဲလိုက်သလို ပ.စ်သ.တ်

ကံဖျားရွာ အရပ်သားများကို စကစတပ်ဖွဲ့က ပြေးခိုင်းပြီး အမဲလိုက်သလို ပစ်သတ်တာကြောင့် ၄ဦးသေဆုံး၊ ရွာသူ/သား အများစုကို ဖမ်းဆီးထားကာ တောရကျောင်းနှင့် လူနေတဲများကိုမီးရှို့

■ မြင်းမူမြို့နယ် ကံဖျားရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာပြီး မီးရှို့ကာ အရပ်သားများကို ပစ်သတ်မှုများပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁:၃၀နာရီအချိန်က ထီးဆောင်းရွာမှ ကန်ဖျားရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး ကံဖျားရွာတောထဲက တဲများကိုမီးရှို့ဖျက်ဆီးကြပါတယ်။

ကံဖျားရွာသားများရဲ့ ဆိုင်ကယ်ကို တွေ့ရှိပြီး သော့တောင်းရာ သော့တောင်းမရတာကြောင့် ဆိုင်ကယ်တွေကို ကန်ကြောက်ပြီးလှဲပါတယ်။ ဆိုင်ကယ်တစီးမှ လက်လုပ်သေနတ်တွေ့ရှိပြီး အနီးရှိကလေးများကို သေနတ်နဲ့လှည့်ချိန်ပြီး ပိုင်ရှင်ဘယ်သူလဲခြိမ်းခြောက်မေးမြန်းစဉ် ကလေးမိခင်မှ သူပိုင်ဆိုင်ကြောင်းပြောကြားတာကြောင့် လင်ယောက်ျားဖြစ်သူဘယ်မှာလဲမေးမြန်းရှာဖွေရာ လင့်စင်ပေါ်ကတွေ့ရှိပြီး ကန်ချပါတယ်။

အရပ်သားလက်နဲ့မဲ့လူငယ်များကိုပါ မင်းတို့လွတ်အောင်ပြေးဆိုပြီး အမဲလိုက်သလို ပစ်ခတ်ကြတာကြောင့် ရွာသား ၄ ဦး သေဆုံးတယ်လို့ကနဦးကြားသိရပါတယ်။

ကံဖျားရွာစာသင်ကျောင်းနှင့် ဘူန်းကြီးကျောင်းထဲမှာ လူတော်တော်များများကိုဖမ်းထားပြီး မိန်းကလေးအများစုဖြစ်တယ်လို့ လွတ်မြောက်လာသူထံကသိရပါတယ်။

ကန်ဖျားရွာတောကျောင်း မြတ်စောညီနောင် ဘုရား အာရုံခံတန်ဆောင်း ၊ တောရကျောင်းနှင့် ဘုရားပတ်လည်တောတဲများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကမီးရှို့ခဲ့ကြပါတယ်။ စေတီသာမီးမလောင်ပဲကျန်ခဲ့တယ်လို့ သတင်းရပါတယ်။

# မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး

ကံဖ်ားရြာ အရပ္သားမ်ားကို စကစတပ္ဖြဲ႕က ေျပးခိုင္းၿပီး အမဲလိုက္သလို ပစ္သတ္တာေၾကာင့္ ၄ဦးေသဆုံး၊ ရြာသူ/သား အမ်ားစုကို ဖမ္းဆီးထားကာ ေတာရေက်ာင္းႏွင့္ လူေနတဲမ်ားကိုမီးရွို႔

■ ျမင္းမူၿမိဳ႕နယ္ ကံဖ်ားရြာကို စစ္ေကာင္စီတပ္ဖြဲ႕ ဝင္ေရာက္လာၿပီး မီးရွို႔ကာ အရပ္သားမ်ားကို ပစ္သတ္မႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ ေန႔လယ္ ၁:၃၀နာရီအခ်ိန္က ထီးေဆာင္းရြာမွ ကန္ဖ်ားရြာဘက္ကို စစ္ေကာင္စီတပ္ဖြဲ႕ အင္အား ၈၀ ဝန္းက်င္နဲ႔ ဝင္ေရာက္လာၿပီး ကံဖ်ားရြာေတာထဲက တဲမ်ားကိုမီးရွို႔ဖ်က္ဆီးၾကပါတယ္။

ကံဖ်ားရြာသားမ်ားရဲ့ ဆိုင္ကယ္ကို ေတြ႕ရွိၿပီး ေသာ့ေတာင္းရာ ေသာ့ေတာင္းမရတာေၾကာင့္ ဆိုင္ကယ္ေတြကို ကန္ေၾကာက္ၿပီးလွဲပါတယ္။ ဆိုင္ကယ္တစီးမွ လက္လုပ္ေသနတ္ေတြ႕ရွိၿပီး အနီးရွိကေလးမ်ားကို ေသနတ္နဲ႔လွည့္ခ်ိန္ၿပီး ပိုင္ရွင္ဘယ္သူလဲၿခိမ္းေျခာက္ေမးျမန္းစဥ္ ကေလးမိခင္မွ သူပိုင္ဆိုင္ေၾကာင္းေျပာၾကားတာေၾကာင့္ လင္ေယာက္်ားျဖစ္သူဘယ္မွာလဲေမးျမန္းရွာေဖြရာ လင့္စင္ေပၚကေတြ႕ရွိၿပီး ကန္ခ်ပါတယ္။

အရပ္သားလက္နဲ႔မဲ့လူငယ္မ်ားကိုပါ မင္းတို႔လြတ္ေအာင္ေျပးဆိုၿပီး အမဲလိုက္သလို ပစ္ခတ္ၾကတာေၾကာင့္ ရြာသား ၄ ဦး ေသဆုံးတယ္လို႔ကနဦးၾကားသိရပါတယ္။

ကံဖ်ားရြာစာသင္ေက်ာင္းႏွင့္ ဘူန္းႀကီးေက်ာင္းထဲမွာ လူေတာ္ေတာ္မ်ားမ်ားကိုဖမ္းထားၿပီး မိန္းကေလးအမ်ားစုျဖစ္တယ္လို႔ လြတ္ေျမာက္လာသူထံကသိရပါတယ္။

ကန္ဖ်ားရြာေတာေက်ာင္း ျမတ္ေစာညီေနာင္ ဘုရား အာ႐ုံခံတန္ေဆာင္း ၊ ေတာရေက်ာင္းႏွင့္ ဘုရားပတ္လည္ေတာတဲမ်ားကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ကမီးရွို႔ခဲ့ၾကပါတယ္။ ေစတီသာမီးမေလာင္ပဲက်န္ခဲ့တယ္လို႔ သတင္းရပါတယ္။

# ျမင္းမူၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရး