Local News

နေ့ခင်းကြောင်တောင် သိန်းတထောင်ကျော် အနုကြမ်းစီးခံရ

နေ့ခင်းကြောင်တောင် သိန်းတထောင်ကျော် အနုကြမ်းစီးခံရ

ဇွန် ၊၆-၂၀၂၂

SP( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၃ လမ်းမှာရှိတဲ့ လူနေအိမ်တလုံးမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က အနုကြမ်းစီးခံရပြီး ငွေကျပ် သိန်း ၁ ထောင်ကျော် ပါသွားတယ်လို့ ရတနာပုံရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” မနက်အစောပိုင်း ၈ ခွဲ ၉ ဝန်းကျင်မှာဖြစ်တာပါ ၊ အသက် ၇၀ နီးပါး အဘွားကြီးနဲ့ အသက် ၂ နှစ်အရွယ် မြေအဘွား ၂ ယောက်ထဲရှိတဲ့အချိန် အနုကြမ်းဝင်စီးသွားတာ “လို့ အနီးဝန်းကျင်ရှိ လူတွေကပြောပါတယ်။

အဲ့ဒီ အနုကြမ်းစီးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ရတနာပုံ ၃ လမ်း ဒေါ်ခင်ဌေးရဲ့ နေအိမ်မှာ ဖြစ်တာပါ ၊

ပိုက်ဆံ ငွေကျပ် သိန်း ၁၇၅၀ ၊ ရွှေ ၁၀ သားတုံး ၁ တုံးနဲ့ ဖုန်း ၁ လုံးပါသွားတယ် ၊ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ညကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာနားက အောင်တေဇ စက်သုံးဆီ အရောင်းဆိုင်မှာ အလားတူ လုယက် ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

ေန႔ခင္းေၾကာင္ေတာင္ သိန္းတေထာင္ေက်ာ္ အႏုၾကမ္းစီးခံရ

ဇြန္ ၊၆-၂၀၂၂

SP( VOM)
စစ္ကိုင္းတိုင္း ၊ မုံရြာၿမိဳ႕ ၊ ရတနာပုံရပ္ကြက္ ၊ အမွတ္ ၃ လမ္းမွာရွိတဲ့ လူေနအိမ္တလုံးမွာ ဒီကေန႔မနက္ ၉ နာရီဝန္းက်င္က အႏုၾကမ္းစီးခံရၿပီး ေငြက်ပ္ သိန္း ၁ ေထာင္ေက်ာ္ ပါသြားတယ္လို႔ ရတနာပုံရပ္ကြက္ေနသူေတြဆီက သိရပါတယ္။

” မနက္အေစာပိုင္း ၈ ခြဲ ၉ ဝန္းက်င္မွာျဖစ္တာပါ ၊ အသက္ ၇၀ နီးပါး အဘြားႀကီးနဲ႔ အသက္ ၂ ႏွစ္အရြယ္ ေျမအဘြား ၂ ေယာက္ထဲရွိတဲ့အခ်ိန္ အႏုၾကမ္းဝင္စီးသြားတာ “လို႔ အနီးဝန္းက်င္ရွိ လူေတြကေျပာပါတယ္။

အဲ့ဒီ အႏုၾကမ္းစီးတဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မုံရြာခရိုင္ရဲတပ္ဖြဲ႕႐ုံး တာဝန္ရွိသူတဦးက ” ရတနာပုံ ၃ လမ္း ေဒၚခင္ေဌးရဲ့ ေနအိမ္မွာ ျဖစ္တာပါ ၊

ပိုက္ဆံ ေငြက်ပ္ သိန္း ၁၇၅၀ ၊ ေရႊ ၁၀ သားတုံး ၁ တုံးနဲ႔ ဖုန္း ၁ လုံးပါသြားတယ္ ၊ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနပါတယ္” လို႔ ေျပာပါတယ္။

ဒါ့အျပင္ မေန႔ညကလည္း စစ္ကိုင္းတိုင္း ၊ ေရႊဘိုခရိုင္ ၊ ဝက္လက္ ၿမိဳ႕နယ္ ၊ စိုင္နိုင္ေလးေက်းရြာနားက ေအာင္ေတဇ စက္သုံးဆီ အေရာင္းဆိုင္မွာ အလားတူ လုယက္ ဓားျပတိုက္ခံရတဲ့ျဖစ္စဥ္ ျဖစ္ခဲ့ပါေသးတယ္။